Monday, February 24, 2020

မြစ်ကြီးနားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမရှိစေရေး ဆန္ဒထုတ်ဖော်


Image may contain: 2 people, people standing, child and outdoor
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုအနီး ဆွမ်ပရာဘွမ်လမ်းမကြီးမှာ ဖေဖော်ဝါရီ (၂၄)ရက် မနက်(၈)နာရီခန့်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုမရှိစေရေး ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။ 
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုအတွက်ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒထုတ်ဖော်ပွဲဦးဆောင်သူ ဒေါ်ထူးကဆိုပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “မြန်မာနိုင်ငံ အတွင်းသို့ ကိုရိုနာဗိုင်းရပ်စ် ဝင်ရောက်ကူးစက် မှုမပြန့်ပွားရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားကျန်းမာရေး ကာကွယ်စောင့်ရှောက်နိုင်ရေး၊ ကမ္ဘာနှင့်အဝန်းထိန်း ချုပ်၍ မရသေးသော တရုတ်နိုင်ငံ၌ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဝင်ရောက်မှုမရှိစေရေး၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ဆက်စပ်နေသော နယ်စပ် ဂိတ်ပေါက်တွင် မော်တော်ယာဉ်နှင့် လူအဝင်/အထွက်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ တင်းကျပ်စွာ စိစစ်ပေးရန် တိုက်တွန်းရေး၊ မြန်မာနိုင်ငံ၏ ပြည်သူလူထုအသက် အန္တရာယ်ကင်းရေး၊ ကျန်းမာရေးနှင့် အများ လုံခြုံမှု အလေးထားရေးအတွက် တရုတ်နိုင်ငံသားများနှင့်တရုတ် ကားများဝင်ရောက်မှု ခေတ္တဆိုင်းငံ့ပိတ်ဆို့ တားဆီးရေး၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသမှုထက်ပို၍ ထိရောက် သည်၊ ပြည်သူလူထု လုံခြုံမှုကာကွယ် ပေးရေးမှာ လက်ရှိအစိုးရ၏ တာဝန်ဖြစ်သည်” စတဲ့ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ် ဖော်ပွဲကို ဒေသခံပြည်သူအများအပြားတက်ရောက်ခဲ့ပါတယ်။ 
Image may contain: one or more people, people standing, tree, child and outdoor
Image may contain: 1 person, standing, tree, shoes and outdoor
Image may contain: 1 person, standing, outdoor and text
Image may contain: 1 person, outdoor
သတင်း- မိုဃ်းကျ(မြစ်ကြီးနား)

1 comment:

  1. If you're looking to lose pounds then you need to try this brand new custom keto plan.

    To produce this service, licensed nutritionists, fitness couches, and chefs have united to develop keto meal plans that are productive, suitable, economically-efficient, and satisfying.

    Since their first launch in 2019, hundreds of people have already completely transformed their body and health with the benefits a smart keto plan can give.

    Speaking of benefits; in this link, you'll discover eight scientifically-confirmed ones given by the keto plan.

    ReplyDelete

My Blog List