Monday, February 24, 2020

တိုင်းရင်းသားများအနေဖြင့် အယူလွဲနေမှုများကို အချန်ယူပြုပြင်ပြီး ရခိုင်ကို ဘိုးတော်ဘုရား မသိမ်းခဲ့ပါက အာရကန်နစ္စတန် ဖြစ်နေပြီဟု မင်းကင်းအမတ် ဦးမောင်မြင့် ပြောကြား


Image may contain: 3 people, people on stage
ရခိုင်ပြည်နယ်ကို ဘိုးတော်ဘုရားဦးဝိုင်းက မသိမ်းယူခဲ့ပါက အာရကန်နစ္စတန် (အစ္စလမ်နိုင်ငံ) ဖြစ်နေပြီဟုမင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော့မှူးမြို့နယ် စကားဝိုင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ရခိုင်က တန်ခိုးကြီးဘုန်းကြီးတစ်ပါးက ပြောတယ်။ နာမည်တော့ ဘွဲ့တော့ ကျနော်မပြောတော့ဘူး။ ငါတို့ AAတွေ၊ ငါတို့ ရခိုင်သားတွေကို ချနင်းနေကြပြီတဲ့။ မဟာမြတ်မုနိကြီး ပြန်ပေးဖို့ဆိုတာလည်းမ ဖြစ်နိုင်ဘူး။ ကျနော် အလွတ်သဘော ကျနော်ပြောပြမယ်။ အဲဒီကာလတုန်းက ဘိုးတော်ဘုရား ဦးဝိုင်းပေါ့။ ဘိုးတော်ဘုရားက ရခိုင်ကို မသိမ်းခဲ့ရင် ကျနော်တို့ လက်အောက် ရောက်ချင်မှ ရောက်လိမ့်မယ်။ ဒါပေမယ့် မသိမ်းခဲ့ဘူးလို့ ခင်ဗျားတို့ စိတ်ကူးကြည့်စမ်း၊ ရခိုင်ပြည်က ဘယ်လိုဖြစ်နေမလဲလို့ ။ ခင်ဗျားတို့စဉ်းစားကြည့်။ ရခိုင်ပြည်ဆိုပြီး ကျန်နေပါဦးမလား။ အာရကန်နစ္စတန်ဆိုပြီးဖြစ်ကောင်း ဖြစ်သွားနိုင်တယ်" ဟု ဦးမောင်မြင့်က ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားများသည် အယူလွဲနေပြီး အမှန်ရောက်ရှိစေရန် အချိန်ယူ ပြုပြင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများတွင် အငုံစိတ်ဖြစ်နေသည်ကို ထောက်လှမ်းရေးက မထောက် လှမ်းနိုင်၍ နောက်ဆုံးပိတ်တွင် AA ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ကိုယ့်တိုင်းရင်းသားတွေ သူတို့ အယူလွဲနေတာကို မှန်အောင်တော့ အချိန်ယူပြီးပြုပြင်ရမယ်။ ဒါပေမယ့် ဒီဟာသည်ချက်ချင်းပေါ်ပေါက်လာတာမဟုတ်ဘူး။ သူတို့စိတ်ထဲမှာ အငုံစိတ်တွေက ဒါတွေကို လှုံ့ဆော်တယ်။ ကျနော်တို့ဆီက ထောက်လှမ်းရေးတွေက ကောင်းကောင်း မထောက် လှမ်းနိုင်ဘူး။ အဲဒီအချိန်မှာ နောက်ဆုံးပိတ်တော့ AA ဆိုပြီး ပေါ်လာတယ်။ အခုကျတော့ အနာပေါ်မှာ အနာထပ်ဖြစ်တယ်။ ကျက်နေတဲ့အနာပေါ်မှ အနာထပ်ဖြစ်တယ်။ ဘယ်လိုမှ အကင်းမသေနိုင်တော့ဘူး။ အင်မတန်လည်း ဝမ်းနည်းစရာကောင်းတယ်" ဟု ဦးမောင်မြင့်က ပြောဆိုသည်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအေးမြင့်ကြူတို့ တက်ရောက်ပြီး ကော့မှူးမြို့နယ်တွင် စကားဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Source - May Yu News
<zawgyi>
တိုင်းရင်းသားများအနေဖြင့် အယူလွဲနေမှုများကို အချန်ယူပြုပြင်ပြီး ရခိုင်ကို ဘိုးတော်ဘုရား မသိမ်းခဲ့ပါက အာရကန်နစ္စတန် ဖြစ်နေပြီဟု မင်းကင်းအမတ် ဦးမောင်မြင့် ပြောကြား
Monday , February 24 , 2020

ရခိုင်ပြည်နယ်ကို ဘိုးတော်ဘုရားဦးဝိုင်းက မသိမ်းယူခဲ့ပါက အာရကန်နစ္စတန် (အစ္စလမ်နိုင်ငံ) ဖြစ်နေပြီဟုမင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ကျင်းပပြုလုပ်သော ကော့မှူးမြို့နယ် စကားဝိုင်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ရခိုင်က တန်ခိုးကြီးဘုန်းကြီးတစ်ပါးက ပြောတယ်။ နာမည်တော့ ဘွဲ့တော့ ကျနော်မပြောတော့ဘူး။ ငါတို့ AAတွေ၊ ငါတို့ ရခိုင်သားတွေကို ချနင်းနေကြပြီတဲ့။ မဟာမြတ်မုနိကြီး ပြန်ပေးဖို့ဆိုတာလည်းမ ဖြစ်နိုင်ဘူး။ ကျနော် အလွတ်သဘော ကျနော်ပြောပြမယ်။ အဲဒီကာလတုန်းက ဘိုးတော်ဘုရား ဦးဝိုင်းပေါ့။ ဘိုးတော်ဘုရားက ရခိုင်ကို မသိမ်းခဲ့ရင် ကျနော်တို့ လက်အောက် ရောက်ချင်မှ ရောက်လိမ့်မယ်။ ဒါပေမယ့် မသိမ်းခဲ့ဘူးလို့ ခင်ဗျားတို့ စိတ်ကူးကြည့်စမ်း၊ ရခိုင်ပြည်က ဘယ်လိုဖြစ်နေမလဲလို့ ။ ခင်ဗျားတို့စဉ်းစားကြည့်။ ရခိုင်ပြည်ဆိုပြီး ကျန်နေပါဦးမလား။ အာရကန်နစ္စတန်ဆိုပြီးဖြစ်ကောင်း ဖြစ်သွားနိုင်တယ်" ဟု ဦးမောင်မြင့်က ဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားများသည် အယူလွဲနေပြီး အမှန်ရောက်ရှိစေရန် အချိန်ယူ ပြုပြင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများတွင် အငုံစိတ်ဖြစ်နေသည်ကို ထောက်လှမ်းရေးက မထောက် လှမ်းနိုင်၍ နောက်ဆုံးပိတ်တွင် AA ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

"ကိုယ့်တိုင်းရင်းသားတွေ သူတို့ အယူလွဲနေတာကို မှန်အောင်တော့ အချိန်ယူပြီးပြုပြင်ရမယ်။ ဒါပေမယ့် ဒီဟာသည်ချက်ချင်းပေါ်ပေါက်လာတာမဟုတ်ဘူး။ သူတို့စိတ်ထဲမှာ အငုံစိတ်တွေက ဒါတွေကို လှုံ့ဆော်တယ်။ ကျနော်တို့ဆီက ထောက်လှမ်းရေးတွေက ကောင်းကောင်း မထောက် လှမ်းနိုင်ဘူး။ အဲဒီအချိန်မှာ နောက်ဆုံးပိတ်တော့ AA ဆိုပြီး ပေါ်လာတယ်။ အခုကျတော့ အနာပေါ်မှာ အနာထပ်ဖြစ်တယ်။ ကျက်နေတဲ့အနာပေါ်မှ အနာထပ်ဖြစ်တယ်။ ဘယ်လိုမှ အကင်းမသေနိုင်တော့ဘူး။ အင်မတန်လည်း ဝမ်းနည်းစရာကောင်းတယ်" ဟု ဦးမောင်မြင့်က ပြောဆိုသည်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၊ ဒေါ်ခင်ဝိုင်းကြည်၊ ဦးအေးမြင့်ကြူတို့ တက်ရောက်ပြီး ကော့မှူးမြို့နယ်တွင် စကားဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Source - May Yu News

No comments:

Post a Comment

My Blog List