Monday, February 24, 2020

COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၇၀၊ ကူးစက်သူ ၇၈၉၉၉ ယောက် ရှိလာ

Image may contain: one or more people
COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂၄၇၀ ရှိလာပြီး ကူးစက်သူ ၇၈၉၉၉ ယောက် ရှိလာပြီလို့ worldometer ဝက်ဘ်ဆိုက်ရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်ကတော့ တစ်ရက်အတွင်းမှာ သေဆုံးသူ ၉၇ ယောက် ရှိခဲ့တယ်လို့ ဒီမနက် အစောပိုင်းမျာ ထုတ်ပြန်ထားပါတယ်။ ကူးစက်သူအရေအတွက်ဟာလည်း တစ်ရက်အတွင်းမှာ ၆၄၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ အစောပိုင်း ကူးစက်/သေဆုံး စာရင်းနဲ့ ယှဉ်ရင် တော်တော်လေး ကျဆင်းလာတာကို တွေ့ရမှာပါ။
ပြည်မကြီးမှာ ကူးစက်/သေဆုံးနှုန်း ကျဆင်းလာနေပေမယ့် ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတချို့မှာ ကူးစက်နှုန်း ရုတ်တရက် မြင့်မားလာတာကို တွေ့မြင်နေရပါတယ်။
ဂျပန်မှာ စောင့်ကြပ်ကြည့်ရှုထားခဲ့တဲ့ Diamomd Princess သင်္ဘောပေါ်က ခရီးသည်တစ်ဦး ထပ်မံ သေဆုံးသွားခဲ့သလို ကူးစက်သူလည်း ၅၇ ယောက် တိုးလာပါတယ်။
တောင်ကိုရီးယားမှာတော့ သေဆုံးသူ လေးဦး ထပ်တိုးလာတာကြောင့် စုစု ပေါင်းသေဆုံးသူ ခြောက်ဦးဖြစ်သွားသလို ကူးစက်သူလည်း ၁၆၆ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ၆၀၂ ယောက် ရှိသွားပါပြီ။
အီတလီမှာလည်း သေဆုံးသူ တစ်ယောက်တိုးလာတာကြောင့် စုစုပေါင်း သုံးယောက်ဖြစ်သွားသလို ကူးစက်သူလည်း ၇၈ ယောက် တိုးလာတာကြောင့် စုစုပေါင်းကူးစက်သူ ၁၅၇ ယောက် ရှိသွားပါပြီ။
အီရန်မှာလည်း သေဆုံး နှစ်ယောက် တိုးလာ တာကြောင့် ရှစ်ယောက် သေဆုံးသွားပြီဖြစ်သလို ကူးစက်သူလည်း ၁၄ ယောက် တိုးလာတာကြောင့် ၄၃ ယောက် ရှိသွား ပြီဖြစ်ပါတယ်။
Source: worldometer/AFP

No comments:

Post a Comment

My Blog List