Friday, February 28, 2020

သရုပ်ဆောင် မိုးအောင်ရင်၏ ဖခင်ကို နောက်တိုးတရားခံအဖြစ် လျှောက်ထားမှု တရားရုံး ပယ်ချ


Image may contain: 1 person, sunglasses, closeup and outdoor
သရုပ်ဆောင် မိုးအောင်ရင်ရဲ့ ဖခင် ဦးအောင်ရင်ကိုနောက်တိုးတရားခံအနေနဲ့ လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။ ဖေဖော်ဝါရီ(၂၈)ရက်က ရန်ကင်းမြို့နယ်တရားရုံးမှာ တရားလို မခင်မြတ်နိုးရဲ့ လျှောက်ထားမှု အပေါ် ခိုင်လှုံမှုမရှိဘူးလို့ဆိုပြီး တရားရုံး ကပယ်ချလိုက်တာပါ။ ဒါ့အပြင် စွပ်စွဲခံဘက်က မိုးအောင်ရင်ကို တရားရှင် လွှတ်ပေးဖို့ လျှောက်ထားချက်ကိုလည်း ပယ်ချကြောင်း ကြားဖြတ်အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီကနေ့ ရှစ်ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုဘက်က တင်ပြထားတဲ့ တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို မတ်(၁၃)ရက်ကို ချိန်းဆိုခဲ့ပါတယ်။ ရုံးချိန်းကို ကျပ်သိန်း(၁၀၀)နဲ့ အာမခံရရှိထားတဲ့ သရုပ်ဆောင် မိုးအောင်ရင် လာရောက်ခဲ့သလို တရားလို မခင်မြတ်နိုး လည်းလာရောက်ခဲ့တာပါ။
သရုပ်ဆောင်မိုးအောင်ရင်က လက်ထပ်မယ်ပြောပြီး ကာမလိမ်လည်ရယူခဲ့တယ်လို့ဆိုကာ ရည်စားဟောင်းဖြစ်သူ မခင်မြတ်နိုးက (၂၀၁၉)ခုနှစ် နိုဝင်ဘာ(၂၂)ရက်က ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုပုဒ်မ ၄၁၇ နဲ့ တရားလိုပြုလုပ်ပြီး ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီအမှုကို ရက်ပေါင်း (၁၈၀)အတွင်း အပြီးစစ်ဆေးမယ်လို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။
Image may contain: 3 people, text that says 'one NEWS'
Image may contain: 2 people, camera and outdoor
Image may contain: tree, sky, plant and outdoor, text that says 'မြို့နယ်တရားရုံး ရန်ကင်းမြို့နယ် one NEWS'
သတင်း- ဝေယံထက်ဝင်း

1 comment:

  1. Did you know there is a 12 word phrase you can say to your crush... that will induce deep feelings of love and impulsive attractiveness to you deep within his heart?

    Because deep inside these 12 words is a "secret signal" that triggers a man's instinct to love, please and guard you with all his heart...

    12 Words Who Fuel A Man's Love Instinct

    This instinct is so built-in to a man's genetics that it will make him try better than before to do his best at looking after your relationship.

    In fact, triggering this all-powerful instinct is so important to achieving the best possible relationship with your man that the instance you send your man a "Secret Signal"...

    ...You'll immediately notice him expose his heart and soul for you in such a way he never experienced before and he will perceive you as the only woman in the world who has ever truly attracted him.

    ReplyDelete

My Blog List