Monday, February 24, 2020

အမေရိကန်သမ္မတဖြစ်လာပါက မြောက်ကိုရီးယားခေါင်းဆောင်နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟု Bernie Sanders ပြော

Image may contain: 1 person, eyeglasses
အခုနှစ်ကျင်းပမယ့်အမေရိကန်ရွေးကောက်ပွဲမှာ အောင်နိုင်ပြီး သမ္မတအဖြစ် အရွေးခံရမယ်ဆိုရင် သူ့အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဒီမိုကရက်တစ်ပါတီဝင် ဆီးနိတ်အမတ် Bernie Sanders က ပြောကြားလိုက်ကြောင်း အခုလ(၂၄)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။
CNN သတင်းဌာက ထုတ်လွှင့်ခဲ့တဲ့ မိနစ် ၆၀ အင်တာဗျူးအစီအစဉ်မှာ Sanders က အခုလိုပြောကြားလိုက်တာပါ။သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ တွေ့ဆုံခဲ့တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း၊ဒါဟာ အောင်မြင်မှုရလဒ်တစ်ခုကို သံခင်တမန်ခင်းနဲ့ ဆောင်ရွက်လို့ရနိုင်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်းလည်း Sanders က ပြောပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ ကျူးကျော်မှုပြုလုပ်လာခဲ့ရင် ဘယ်လိုကိုင်တွယ်ဆောင်ရွက်မှာပါလဲလို့ မေးမြန်းခဲ့ရာမှာတော့ ဒီလိုကျူးကျော်မှုဖြစ်လာမယ်ဆိုရင် အမေရိကန်အနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ Sanders က ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

source : CNN

1 comment:

  1. According to Stanford Medical, It's indeed the ONLY reason women in this country live 10 years longer and weigh 19 kilos less than we do.

    (And actually, it has totally NOTHING to do with genetics or some secret exercise and really, EVERYTHING about "how" they eat.)

    P.S, I said "HOW", and not "what"...

    TAP this link to reveal if this little quiz can help you unlock your true weight loss possibilities

    ReplyDelete

My Blog List