Monday, February 24, 2020

ရခိုင်တွင် သတင်းအမှောင်ချခြင်း ချက်ချင်းရပ်ပေးရန် သမဂ္ဂများတောင်းဆို


Image may contain: 6 people, people standing and outdoor
ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက် သတင်းအမှောင်ချခြင်း ချက်ချင်းရပ်ပေးရန်၊ မူလတန်းကျောင်း ပေါ် လက်နက်ကြီး ကျခြင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ချက်ချင်းပေးရန် နှင့် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများ လွတ်လပ်စွာ သတင်း ရယူနိုင်ရေးတို့ကို တောင်းဆိုသည့် လှုပ်ရှားမှုအား ကျောင်းသားသမဂ္ဂများ ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၃ ရက်က ကမာရွတ်မြို့နယ် ဆင်ရေတွင်း ကားမှတ်တိုင်တွင် ပြုလုပ်ခဲ့သည်။
'ဒီနေ့ လုပ်ရတာက ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲကိစ္စကို အဲဒီမှာ သူတို့ကို သတင်းအမှောင်ချထားတဲ့ ကိစ္စက အဓိက ဖြစ်ပါတယ်။ အင်တာနက်ပိတ်ပြီးတော့ သတင်းအမှောင်ချထားတဲ့အပေါ် မှာ အဓိကထားတောင်းဆိုတာပါ။ နောက်တစ်ချက်ကတော့ စာသင်ကျောင်းအပေါ် လက်နက်ကြီးကျတဲ့ကိစ္စပေါ့။ အဲဒီလိုမျိုးပဲ လက်နက်ကြီးမကျပေမယ့် အရပ်သားပြည်သူတွေ သေဆုံးရတဲ့ကိစ္စတွေလည်း ရှိတယ်။ သံသယနဲ့ ဖမ်းဆီးပြီးတော့ ဆုံးပါးသွားတဲ့သူတွေလည်းရှိပါတယ်။ အဲဒီကိစ္စအပြင် အဲဒီဘက်မှာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် အဲဒီသုံးချက်ကို တောင်းဆိုတာဖြစ်ပါတယ်'ဟု ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးတာဝန်ခံ ကိုနောင်ထက်အောင်က ပြောဆိုသည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားသမဂ္ဂများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဆင်ရေတွင်းကားမှတ်တိုင်မှ လှည်းတန်းစင်တာအထိ ကြွေးကြော်သံ တောင်းဆိုချက် သုံးချက်ကို ရွတ်ဆိုကာ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အအုံများသည် တပ်စွဲရန် နေရာမဟုတ်၊ တိုင်းရင်းသားများကို ဖိနှိပ်နေသော အမျိုးသားရင်ကြားစေ့ရေး အလိုမရှိ၊ သံသယဖြင့် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ဖြင့် ရေးသားထားသော ဗီနိုင်းများကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆန္ဒပြရခြင်း အကြောင်းကိုလည်း ဟောပြောခဲ့ကြောင်း သိရသည်။

'အင်တာနက်လိုင်းတွေ ဖျက်ပြီးတော့မှ အကျိုးဆက်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာတယ်။ ဘာဖြစ်နေလဲဆိုတာကို မသိနိုင်ဘူးဖြစ်လာတယ်။ ကျွန်တော်တို့ အဓိကတောင်းဆိုချင်တာက ကျွန်တော်တို့ ကျောင်းသားထုအနေနဲ့ ကျွန်တော်တို့ နိုင်ငံကို ကူညီတဲ့အနေနဲ့ နိုင်ငံတော်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်းတဲ့အချိန်မှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာကို ထောက်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်လိုင်းဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မီဒီယာတွေကို သွားခွင့်၊ လာခွင့်ပြုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြဿနာကိုဖြေရှင်းဖို့ ကျွန်တော်တို့ ဒါကို အဓိကတောင်းဆိုတာ ဖြစ်ပါတယ်။ ကျောင်းသားထုအနေနဲ့ မိမိတို့ရဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ဒီရပိုင်ခွင့်ကို အသုံးပြုပြီးတော့ အစိုးရရဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကူညီဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ အဲဒီလိုကူညီဖို့ ကြိုးစားတဲ့အတွက်ကြောင့် အခုလိုမျိုး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယျ'ဟု ရက်ခိုငျကြောငျးသားမြားသမဂ်ဂ(တက္ကသိုလ်များ- ရန်ကုန်)မှ အခြေခံမူ တာဝန်ခံ ကိုကျော်လင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ပြည်သူများမှာ အဘက်ဘက်မှ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ လွန်ခဲ့သော ရက်များအတွင်းက လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်း၊ လူသားချင်းစာနာမှု အကူအညီများအား ပိတ်ပင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့သည်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ယင်းကဲ့သို့ လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ၊ ရက္ခိုင် ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၊ ရခိုင်ကျောင်းသားများသမဂ္ဂ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ)တို့မှ ကျောင်းသား၊ ကျောင်းသူများပါဝင်ကြောင်း သိရသည်။

သတင်း - အိဟေမာ
ဓာတ်ပုံ - Min Thu
(Zawgyi Version)
ရခိုင်တွင် သတင်းအမှောင်ချခြင်း ချက်ချင်းရပ်ပေးရန် သမဂ္ဂများတောင်းဆို

ရခိုင်ပြည်နယ်တွင် အင်တာနက် ဖြတ်တောက် သတင်းအမှောင်ချခြင်း ချက်ချင်းရပ်ပေးရန်၊ မူလတန်းကျောင်း ပေါ် လက်နက်ကြီး ကျခြင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ချက်ချင်းပေးရန် နှင့် ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပ မီဒီယာများ လွတ်လပ်စွာ သတင်း ရယူနိုင်ရေးတို့ကို တောင်းဆိုသည့် လှုပ်ရှားမှုအား ကျောင်းသားသမဂ္ဂများ ပူးပေါင်းကာ ဖေဖော်ဝါရီ ၂၃ ရက်က ကမာရွတ်မြို့နယ် ဆင်ရေတွင်း ကားမှတ်တိုင်တွင် ပြုလုပ်ခဲ့သည်။

'ဒီနေ့ လုပ်ရတာက ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲကိစ္စကို အဲဒီမှာ သူတို့ကို သတင်းအမှောင်ချထားတဲ့ ကိစ္စက အဓိက ဖြစ်ပါတယ်။ အင်တာနက်ပိတ်ပြီးတော့ သတင်းအမှောင်ချထားတဲ့အပေါ် မှာ အဓိကထားတောင်းဆိုတာပါ။ နောက်တစ်ချက်ကတော့ စာသင်ကျောင်းအပေါ် လက်နက်ကြီးကျတဲ့ကိစ္စပေါ့။ အဲဒီလိုမျိုးပဲ လက်နက်ကြီးမကျပေမယ့် အရပ်သားပြည်သူတွေ သေဆုံးရတဲ့ကိစ္စတွေလည်း ရှိတယ်။ သံသယနဲ့ ဖမ်းဆီးပြီးတော့ ဆုံးပါးသွားတဲ့သူတွေလည်းရှိပါတယ်။ အဲဒီကိစ္စအပြင် အဲဒီဘက်မှာ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားပိုင်ခွင့် အဲဒီသုံးချက်ကို တောင်းဆိုတာဖြစ်ပါတယ်'ဟု ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးတာဝန်ခံ ကိုနောင်ထက်အောင်က ပြောဆိုသည်။

ယင်းလှုပ်ရှားမှုကို ကျောင်းသားသမဂ္ဂများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီးဆင်ရေတွင်းကားမှတ်တိုင်မှ လှည်းတန်းစင်တာအထိ ကြွေးကြော်သံ တောင်းဆိုချက် သုံးချက်ကို ရွတ်ဆိုကာ စာသင်ကျောင်းများနှင့် သာသနိက အဆောက်အအုံများသည် တပ်စွဲရန် နေရာမဟုတ်၊ တိုင်းရင်းသားများကို ဖိနှိပ်နေသော အမျိုးသားရင်ကြားစေ့ရေး အလိုမရှိ၊ သံသယဖြင့် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ဖြင့် ရေးသားထားသော ဗီနိုင်းများကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ပြီး ဆန္ဒပြရခြင်း အကြောင်းကိုလည်း ဟောပြောခဲ့ကြောင်း သိရသည်။

'အင်တာနက်လိုင်းတွေ ဖျက်ပြီးတော့မှ အကျိုးဆက်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုေတွ ဖြစ်လာတယ်။ ဘာဖြစ်နေလဲဆိုတာကို မသိနိုင်ဘူးဖြစ်လာတယ်။ ကျွန်တော်တို့ အဓိကတောင်းဆိုချင်တာက ကျွန်တော်တို့ ကျောင်းသားထုအနေနဲ့ ကျွန်တော်တို့ နိုင်ငံကို ကူညီတဲ့အနေနဲ့ နိုင်ငံတော်ရဲ့ပြဿနာ အရပ်ရပ်ကို ဖြေရှင်းတဲ့အချိန်မှာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာကို ထောက်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်လိုင်းဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်းဖို့၊ လူ့အခွင့်အရေးကို၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ပြဿနာတွေကို ဖြေရှင်းဖို့၊ မီဒီယာတွေကို သွားခွင့်၊ လာခွင့်ပြုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြဿနာကိုဖြေရှင်းဖို့ ကျွန်တော်တို့ ဒါကို အဓိကတောင်းဆိုတာ ဖြစ်ပါတယ်။ ကျောင်းသားထုအနေနဲ့ မိမိတို့ရဲ့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ဒီရပိုင်ခွင့်ကို အသုံးပြုပြီးတော့ အစိုးရရဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကူညီဖို့ကြိုးစားခြင်းဖြစ်ပါတယ်။ အဲဒီလိုကူညီဖို့ ကြိုးစားတဲ့အတွက်ကြောင့် အခုလိုမျိုး ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်'ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ- ရန်ကုန်)မှ အခြေခံမူ တာဝန်ခံ ကိုကျော်လင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ပြည်သူများမှာ အဘက်ဘက်မှ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ လွန်ခဲ့သော ရက်များအတွင်းက လက်နက်ကြီးကျည် ကျရောက်မှုကြောင့် မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်း၊ လူသားချင်းစာနာမှု အကူအညီများအား ပိတ်ပင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းတို့သည်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် ယင်းကဲ့သို့ လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရခိုင်ပြည် ကျောင်းသားသမဂ္ဂ၊ ရက္ခိုင် ကျောင်းသားများသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)၊ ရခိုင်ကျောင်းသားများသမဂ္ဂ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသ)တို့မှ ကျောင်းသား၊ ကျောင်းသူများပါဝင်ကြောင်း သိရသည်။

သတင်း - အိဟေမာ
ဓာတ္ပုံ - Min Thu

1 comment:

  1. According to Stanford Medical, It's in fact the ONLY reason this country's women get to live 10 years longer and weigh on average 19 KG less than us.

    (And realistically, it has NOTHING to do with genetics or some secret diet and really, EVERYTHING about "how" they eat.)

    P.S, What I said is "HOW", not "WHAT"...

    TAP this link to reveal if this brief test can help you decipher your true weight loss possibilities

    ReplyDelete

My Blog List