Friday, February 28, 2020

အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရားသို့ အဓမ္မခိုင်းစေမှုနှင့် စပ်လျဉ်းပြီး မည်သူ မဆိုတိုင်ကြားနိုင်

Image may contain: 5 people, people sitting and indoor
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှု ယန္တရားသို့ အဓမ္မခိုင်းစေမှုနှင့်စပ်လျဉ်းပြီး မည်သူ မဆိုတိုင်ကြားနိုင်ပြီး၊တိုင်ကြား သူနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်ဖြေရှင်းပေးရန် အမျိုးသားကော် မတီဝင်ဝန်ကြီးဌာနများကို ညှိနှိုင်း အကြောင်းကြားထားပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO တို့ ပူးပေါင်း၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရားကို လက်တွေ့ အကောင်အထည် ဖော်ရာ၌ တိုင်ကြားမည့်အမှုများကို ထိရောက်စွာကိုင် တွယ်ဖြေရှင်း နိုင်ရေး ဆိုင်ရာ အထောက်အကူပြုနိုင်ရေး နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောဆိုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုပပျောက်ရေးအတွက် ILO နှင့်ပူးပေါင်းပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာန အစီအစဉ် Decent Work Country Programme - DWCP (2018-2021) အကောင် အထည်ဖော်ရေး နားလည်မှုစာချွန်လွှာကို ILO နှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ် များက လက်မှတ်ရေးထိုးခဲ့သည်။ DWCP လုပ်ငန်းစဉ်အရ အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်း စီမံချက် (၂၀၁၉ - ၂၀၂၁)ကို ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ် ၁ ဖြစ် သည့် “အဓမ္မခိုင်းစေခြင်းဆိုင်ရာ အမျိုးသား အဆင့် တိုင်ကြားမှုယန္တရားထူထောင်ခြင်း” (National Complaints Mechanism - NCM) ထူထောင်ရေးကို အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း။ NCM အကောင် အထည် ဖော်ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၇၂/၂၀၁၉)ဖြင့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီကို ဝန်ကြီးဌာန (၁၆) ခုနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့မှ ကိုယ်စားလှယ်များနှင့် ဖွဲ့ စည်း၍ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်တွင် လုပ်ငန်းများစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

တိုင်ကြားမှုယန္တရားတွင် တိုင်ကြားသူက အမျိုးသား ကော်မတီကို တိုက်ရိုက်ဖြစ်စေ၊ လွှတ်တော်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၊ ILO အပါအဝင် အခြားအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တဆင့်ဖြစ်စေ စိတ်ချလုံခြုံစွာ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြား လာသည့် အမှုများကို အမျိုးသားကော်မတီ၏ ရုံးအဖွဲ့က မှတ်တမ်းတင်ခြင်း၊ အဓမ္မခိုင်းစေမှု တွင် အကျုံး ဝင်ခြင်း ရှိ/မရှိ၊ အမှုအမျိုးအစားခွဲခြား၍ အကျုံးဝင်သည့် အမှုအမျိုး အစားအလိုက် ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များထံ အမှုတွဲလွှဲပြောင်းပေးပို့၍ ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဌာနများမှ ဖြေရှင်းပြီးစီးမှုများကို သက်ဆိုင်သူထံ တိုက်ရိုက်ပြန်ကြားရန် နှင့် ဖြေရှင်းဆောင်ရွက်ထားရှိမှုများကို အမျိုးသားကော်မတီသို့ ပြန်လည်တင်ပြစေပြီး စနစ် တကျ မှတ်တမ်းတင်ထားရှိကာ အမျိုးသားကော်မတီ၏ အတည်ပြုချက်ဖြင့် သတင်း ထုတ်ပြန်ပြီး နိုင်ငံတကာအသိုက်အဝန်းသို့ အသိပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်ကြားလာ သူများနှင့် အဓမ္မကျူးလွန်ခံရသူများကို လက်တုန့်ပြန်မှု မရှိစေရေး၊ တိုင်ကြား သူနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်ဖြေရှင်းပေးရန် အမျိုးသားကော် မတီဝင်ဝန်ကြီးဌာနများကို ညှိနှိုင်း အကြောင်းကြားထားပြီးဖြစ်၍ ဝန်ကြီးဌာနများမှ အလေးထား ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့သည်။

The Ladies News
အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုတိုင်ကြားမှုယန္တရားသို့ အဓမ္မခိုင်းစေမှုနှင့် စပ်လျဉ်းပြီး မည်သူ မဆိုတိုင်ကြားနိုင်
--- --- ---
တိုင်ကြား သူနှင့် ပတ်သက်သည့် အချက်အလက်များကို လျှို့ဝှက်ဖြေရှင်းပေးရန် အမျိုးသားကော် မတီဝင် ဝန်ကြီးဌာနများကို ညှိနှိုင်းအကြောင်းကြား ထားပြီးဖြစ်

1 comment:

  1. This is how my buddy Wesley Virgin's autobiography launches in this shocking and controversial VIDEO.

    You see, Wesley was in the army-and soon after leaving-he revealed hidden, "mind control" tactics that the government and others used to get everything they want.

    As it turns out, these are the exact same methods lots of famous people (especially those who "come out of nothing") and elite business people used to become wealthy and successful.

    You probably know that you use only 10% of your brain.

    That's mostly because most of your BRAINPOWER is UNCONSCIOUS.

    Perhaps that thought has even occurred INSIDE your very own head... as it did in my good friend Wesley Virgin's head about 7 years back, while driving a non-registered, garbage bucket of a vehicle without a license and on his debit card.

    "I'm very fed up with living paycheck to paycheck! When will I become successful?"

    You've taken part in those questions, ain't it so?

    Your own success story is waiting to be written. You just need to take a leap of faith in YOURSELF.

    CLICK HERE To Find Out How To Become A MILLIONAIRE

    ReplyDelete

My Blog List