Thursday, February 27, 2020

ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်ရန် တင်သွင်းသည့်အတွက် ပြည်သူများ အံ့သြနေကြသည်ဟု ဆို


Image may contain: 2 people, people sitting, table and indoor

နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်ရန် တင်သွင်း ထားသည့်အတွက် ပြည်သူများ အံ့သြနေကြသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောကြားသည်။



ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ၊ ပုဒ်မခွဲများကို ဆွေးနွေးရာ၌ ထည့်သွင်း ဆွေးနွေးသွားခြင်းဖြစ်သည်။

ဦးသောင်းအေး `နိုင်ငံမှာ နိုင်ငံသားတွေရဲ့အမျိုးသား အကျိုးစီးပွားအတွက် တကယ်အရေးပါတဲ့ ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်တယ်ဆိုတာကို ပြည်သူများ အံ့သြနေကြပါတယ်` ဟု ဆိုသည်။

၅၉ (စ) ပြဌာန်းထားခြင်းသည် လူပုဂ္ဂိုလ်တစ်ဦး သမ္မတဖြစ်ခွင့်ကို ပိတ်ပင်လိုသည့်အတွက် ထည့်သွင်းထားခြင်း မဟုတ်ကြောင်းနှင့် ပုဒ်မ ၅၈ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံး၌ နိုင်ငံသား အားလုံး၏ အထွဋ်အထိပ်နေရာတွင် ရှိသည်ဟု ဖေါ်ပြထားကြောင်း ၎င်းကပြောကြားသည်။

`သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကြီးဟာလည်း အင်မတန် ကြီးမားလေးနက်ပါတယ်။ ဒီဥပဒေပုဒ်မကို ပယ်ဖျက်လိုက်မယ်ဆိုရင် နိုင်ငံတော်ရဲ့ အထွဋ်အထိပ် နေရာမှာရှိတဲ့ သမ္မတဟာ တစ်နည်းနည်းနဲ့ တိုင်းတစ်ပါးရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ ရိုသေသူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ သြဇာလွှမ်းမိုခံရသူ အဖြစ် ရောက်ရှိသွားနိုင်တာ သတိပြုရမှာဖြစ်ပါတယ်` ဟု ဦးသောင်းအေးက ပြောကြားသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄-၁ (က) တွင်လည်း အလားတူ ပြဌာန်းချက်မျိုးဖြင့် ကိုယ့်ပြည်တွင်းရေးကို တိုင်းတစ်ပါးက ဝင်ရောက်စွက်ဖက်ခြင်း မပြုအောင်၊ အချုပ်အခြာအာဏာ မဆုံးရှုံးသွားအောင် ကာကွယ်ခဲ့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ဆက်လက်၍ ဦးသောင်းအေး က `ဒါကြောင့် ပုဂ္ဂိုလ်ရေး အစွဲအလန်းကြောင့် ကိုယ့်နိုင်ငံ တိုင်းတစ်ပါးအောက် အရောက်မခံကြဖို့နဲ့ နိုင်ငံတော်သမ္မတရဲ့ ကြီးမြတ်တဲ့ ဂုဏ်ကို လုံးဝဥသုဉ် ယုံကြည်ပြီးတော့ သံသယမပွားစေဖို့ ပြဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ခြင်းလုံးဝမပြုဘဲ မူလအတိုင်းသာထားရန် အဆိုပြုအပ်ပါတယ်` ဟု ပြောကြားသည်။

ဦးသောင်းအေးနည်းတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကလည်း ပုဒ်မ ၅၉ (စ) ကို
ပယ်ဖျက်ခြင်း မပြုဘဲ မူလပြဌာန်းချက်အတိုင်းသာ ထားရှိရန် ဆွေးနွေးခဲ့သည်။

NLD မှ ဦးဆောင်သော ၄၅ ဦး ကော်မတီ၏ လွှတ်တော်သို့ တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေ မူကြမ်းထဲတွင် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန် တင်သွင်းထားသည်။

အောင်ရဲနောင်
The Ladies News
ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်ရန် တင်သွင်းသည့်အတွက် ပြည်သူများ အံ့သြနေကြသည်ဟု ဆို
--- --- ---
နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်ရန် တင်သွင်း ထားသည့်အတွက် ပြည်သူများ အံ့သြနေကြသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြောကြားသည်။

ယနေ့ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ၊ ပုဒ်မခွဲများကို ဆွေးနွေးရာ၌ ထည့်သွင်း ဆွေးနွေးသွားခြင်းဖြစ်သည်။

ဦးသောင်းအေး `နိုင်ငံမှာ နိုင်ငံသားတွေရဲ့အမျိုးသား အကျိုးစီးပွားအတွက် တကယ်အရေးပါတဲ့ ပုဒ်မ ၅၉ (စ) ကို လုံးဝပယ်ဖျက်တယ်ဆိုတာကို ပြည်သူများ အံ့သြနေကြပါတယ်` ဟု ဆိုသည်။

၅၉ (စ) ပြဌာန်းထားခြင်းသည် လူပုဂ္ဂိုလ်တစ်ဦး သမ္မတဖြစ်ခွင့်ကို ပိတ်ပင်လိုသည့်အတွက် ထည့်သွင်းထားခြင်း မဟုတ်ကြောင်းနှင့် ပုဒ်မ ၅၈ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်းလုံး၌ နိုင်ငံသား အားလုံး၏ အထွဋ်အထိပ်နေရာတွင် ရှိသည်ဟု ဖေါ်ပြထားကြောင်း ၄င်းကပြောကြားသည်။

`သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကြီးဟာလည်း အင်မတန် ကြီးမားလေးနက်ပါတယ်။ ဒီဥပဒေပုဒ်မကို ပယ်ဖျက်လိုက်မယ်ဆိုရင် နိုင်ငံတော်ရဲ့ အထွဋ်အထိပ် နေရာမှာရှိတဲ့ သမ္မတဟာ တစ်နည်းနည်းနဲ့ တိုင်းတစ်ပါးရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်သူ၊ ရိုသေသူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ သြဇာလွှမ်းမိုခံရသူ အဖြစ် ရောက်ရှိသွားနိုင်တာ သတိပြုရမှာဖြစ်ပါတယ်` ဟု ဦးသောင်းအေးက ပြောကြားသည်။

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄-၁ (က) တွင်လည်း အလားတူ ပြဌာန်းချက်မျိုးဖြင့် ကိုယ့်ပြည်တွင်းရေးကို တိုင်းတစ်ပါးက ဝင်ရောက်စွက်ဖက်ခြင်း မပြုအောင်၊ အချုပ်အခြာအာဏာ မဆုံးရှုံးသွားအောင် ကာကွယ်ခဲ့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ဆက်လက်၍ ဦးသောင်းအေး က `ဒါကြောင့် ပုဂ္ဂိုလ်ရေး အစွဲအလန်းကြောင့် ကိုယ့်နိုင်ငံ တိုင်းတစ်ပါးအောက် အရောက်မခံကြဖို့နဲ့ နိုင်ငံတော်သမ္မတရဲ့ ကြီးမြတ်တဲ့ ဂုဏ်ကို လုံးဝဥသုဉ် ယုံကြည်ပြီးတော့ သံသယမပွားစေဖို့ ပြဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ခြင်းလုံးဝမပြုဘဲ မူလအတိုင်းသာထားရန် အဆိုပြုအပ်ပါတယ်` ဟု ပြောကြားသည်။

ဦးသောင်းအေးနည်းတူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကလည်း ပုဒ်မ ၅၉ (စ) ကို
ပယ်ဖျက်ခြင်း မပြုဘဲ မူလပြဌာန်းချက်အတိုင်းသာ ထားရှိရန် ဆွေးနွေးခဲ့သည်။

NLD မှ ဦးဆောင်သော ၄၅ ဦး ကော်မတီ၏ လွှတ်တော်သို့ တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေ မူကြမ်းထဲတွင် ပုဒ်မ ၅၉ (စ) ကို ပယ်ဖျက်ရန် တင်သွင်းထားသည်။

အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List