Thursday, February 27, 2020

ကားကြုံလိုက်ပါလာသည့် ကျောင်းဆရာမ(၁)ဦး လုယက်ခံရမှု ကျူးလွန်သူ၂ဦးအား ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

Image may contain: 1 person, standing
ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေပိုင်းက မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းပေါ် ဖြစ်ပွားခဲ့သော ကားကြုံလိုက်ပါလာသည့် ကျောင်းဆရာမ(၁)ဦး လုယက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူလင်မယား၂ဦးကို ရဲက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီဟု သိရသည်။

ဝက်ချုပ်ကုန်း အခြေခံပညာမူလတန်းကျောင်းမှ ဆရာမ----- သည် ထိုနေ့က စာသင်ပြီး ကျောက်ပန်းတောင်းမြို့ရှိနေ အိမ်သို့ပြန်ရန်အတွက် ဆရာမတစ်ဦးနှင့်အတူ ကားတစ်စီးပေါ် လမ်းကြုံလိုက်စီးခဲ့ရာမှ တဆင့် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်မှုသည် အတူလိုက်ပါလာသည့် ဆရာမ ဆင်းပြီးမှ ရိုက်နှက်ခံခဲ့ရပြီး ကိုယ်ပေါ်ပါ ရွှေနှင့် အိတ်ထဲပါ ငွေများလုယူခံခဲ့ရခြင်းဖြစ်ကာ လူယူပြီးနောက် သတိမေ့နေသည့်ဆရာမကို လမ်းဘေးတွင် ပစ်ချသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲက အမှုဖွင့်အရေးယူကာ တရားစွဲဆိုနိုင်ရေးဆောင်ရွက်နေကြောင်းသိရသည်။
No photo description available.
No photo description available.
Image may contain: 3 people, text
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List