Monday, December 23, 2019

Other Account တွေကို စာရင်းစစ်ချုပ်နဲ့ စစ်ဆေးပြီး ယခုဘဏ္ဍာနှစ်ထဲ အပြီးရှင်းလင်းကာ ပိတ်ပစ်ဖို့ အစိုးရစီမံ နိုင်ငံတော်ငွေကြေးများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း တစ်ခုတည်းနဲ့ပဲ ထားရှိဆောင်ရွက်သွားမယ်

No photo description available.

Other Account လို့ခေါ်တဲ့ UFA-OA(သီးခြားထားရှိထားတဲ့ ပြည်ထောင်စုရန်ပုံငွေစာရင်းတစ်ခု) တွေကို စာရင်းစစ်ချုပ်နဲ့ စစ်ဆေးပြီး ယခုဘဏ္ဍာနှစ်ထဲ အပြီးရှင်းလင်းကာ ပိတ်ပစ်ဖို့ အစိုးရက စီမံထားတယ်လို့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများရဲ့ ငွေကြေးစီမဲခန့်ခွဲမှုအစီအစဉ်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ ဒါကိုလုပ်ဆောင်မယ်လို့ ဆုံးဖြတ်အတည်ပြုပြီး အခုအသေးစိတ်အစီအမံတွေထွက်ရှိလာတာဖြစ်ပါတယ်။
ထွက်ရှိလာတဲ့အစီအမံတွေကတော့ လုပ်ငန်းစဉ် ၅ရပ်နဲ့ ဖြစ်တယ်လို့သိရပါတယ်။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများရဲ့ ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်အကုန်လုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း UFA-SEE Acount တစ်ခုတည်းနဲ့ ဆောင်ရွက်ရာမှာ နံပါတ်၁က အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကစပြီး နိုင်ငံပိုင်ငွေကြေးအားလုံးကို အကောင့်တစ်ခုထဲနဲ့ပဲဆောင်ရွက်မယ်။နံပါတ်၂က ရငွေတွေအကုန်လုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း UFA-SEE Acountထဲပေးသွင်းရမယ်၊အသုံးစရိတ်တွေကိုလည်း ပြည်ထောင်စုရသုံးမှန်းခြေငွေစာရင်းခွင့်ပြုလျာထားငွေဘောင်နဲ့ UFA-SEEAcountထဲက ကျခံသုံးစွဲရမယ်။နံပါတ်၃က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေအားလုံးဟာ အမြတ်ငွေအပေါ်မှာ ဝင်ငွေခွန်ပေးဆောင်ရမယ်။ကျန်တဲ့အမြတ်ငွေတွေကို နိုင်ငံတော်ထဲထည့်ဝင်ရမယ်။နံပါတ်၄က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်ကို ထည့်ဝင်ရမယ့်ထည့်ဝင်ငွေတွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ၃လပတ်တစ်ကြိမ်နှုန်းနဲ့ ၄ကြိမ်ထည့်ဝင်ရမယ်။နံပါတ်၅ အချက်ကတော့ ၃၀-၉-၂၀၁၉ ရက်နေ့အထိ Other Account လို့ခေါ်တဲ့ UFA-OA လက်ကျန်မှာ ပါနေတဲ့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနဲ့ ဆက်စပ်တဲ့ ကြွေးမြီ၊အပ်ငွေ၊ယာယီစာရင်း(ဘက်ဂျပ်မဟုတ်) စတာတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးအတည်ပြုချက်နဲ့ တစ်ခုထဲထားရှိတော့မယ့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်း UFA-SEE Acount ထဲပြောင်းရွှေ့တာတွေ၊other account လက်ကျန်အားလုံးကို ရှင်းလင်းပိတ်သိမ်းတာတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံမှာ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းပေါင်း ၃၂ ခုရှိရာမှာ OA ဖွင့်လှစ်ထားတဲ့ အဖွဲ့အစည်းပေါင်း ၂ဝ ရှိတယ်လို့ သိရပါတယ်။
ပြင်ပ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေက Other Account တွေကို ပိတ်ပစ်ဖို့ တောင်းဆိုနေကြတာတွေ ရှိနေကြပါတယ်။
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း Other Account တွေကို ပိတ်ပစ်ဖို့ တောင်းဆိုမေးခွန်းမေးတာတွေ ရှိခဲ့ကြပါတယ်။
အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူတွေကတော့ Other Account ဆိုတာ နိုင်ငံတော်ပိုင်ဖြစ်ပြီး တစ်ဦးတစ်ယောက်ရဲ့ သဘောထား နဲ့ လုပ်ဆောင်လို့ မရဘဲ အဆင့်ဆင့် စစ်ဆေးမှုတွေ နဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ လွှတ်တော်ထဲပြောဆိုဖြေရှင်းထားတာတွေ ရှိခဲ့ပါတယ်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List