Monday, December 23, 2019

ကချင်တိုက်ပွဲရှောင်ပြည်သူများအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ(၅)သန်း ထောက်ပံ့မည်

Image may contain: 3 people, people standing

ကချင်ပြည်နယ်က တိုက်ပွဲရှောင် ပြည်သူ (၃၀၀၀) ကျော်အတွက် ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက အမေရိကန်ဒေါ်လာ (၅)သန်းထောက်ပံ့သွားမှာဖြစ်တယ်လို့ အဲဒီဖောင်ဒေရှင်းဥက္ကဋ္ဌ Mr.YoheiSasakawa (ယိုဟီစာစာကာဝါ)က ပြောပါတယ်။ 
မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းတော်ရုံးချုပ်မှာ ဒီဇင်ဘာ(၂၁)ရက်က ပြုလုပ်တဲ့ တိုက်ပွဲရှောင်ပြည်သူတွေ ပြန်လည်နေရာချထားရေးနဲ့ ရေရှည်စီမံကိန်း ဆောင်ရွက်ရေးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်၊။

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးက အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲရှောင်ပြည်သူတွေ အလုပ်အကိုင်အခွင့်အရေးရရှိရေးနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက်ဂျပန်အစိုးရက နီပွန်ဖောင်ဒေးရှင်းနဲ့ပူးပေါင်းကူညီဆောင်ရွက်နေတဲ့ကိစ္စတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ထောက်ပံ့ရေးတာ၀န်ခံ၊ ဘာသာရေးဆရာတွေနဲ့ တိုက်ပွဲရှောင်ပြည်သူတွေရဲ့ စခန်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
နီပွန်ဖောင်ဒေးရှင်းဟာ ကရင်ပြည်နယ်မှာရှိတဲ့ KNUဒေသမှာလည်း လူဦးရေ(၃၀၀၀)အတွက် ဆေးရုံ၊ ဆေးခန်းတွေအပြင် အခြားလိုအပ်ချက်တွေကိုလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Image may contain: 2 people, people standing and text
Image may contain: 2 people, suit
Image may contain: 3 people, people standing and suit
Image may contain: 8 people, people sitting
Image may contain: 15 people, people smiling, people standing
သတင်း- မိုဃ်းကျ(မြစ်ကြီးနား)
One News Myanmar

No comments:

Post a Comment

My Blog List