Monday, December 23, 2019

လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ် နှစ် (၃၀) အမိန့်ချ

Image may contain: 5 people, people standing
မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု မှ ကျူးလွန်သူတစ်ဦးအား ဒီဇင်ဘာလ ၂၃ ရက်နေ့က ထောင်ဒဏ် နှစ် (၃၀) အားကျခံရန် မန္တလေးခရိုင်တရားရုံး၌ အမိန့်ချခဲ့သည်။

ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က အသတ်ခံရခြင်းဖြစ်ပြီး ကျူးလွန်သူ (၃) ဦးရှိသည့်အနက် တစ်ဦးဖြစ်သည့် နေထက်ရှိုင်းကို ၂၀၁၉ ခုနှစ် မတ်လထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။
လုယက်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ် နှင့် လူသတ်မှုအတွက် အလုပ်နှင့် ထောင်ဒဏ် အနှစ် (၂၀) တို့ကို သီးခြားကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်တရားသူကြီး ဦးကျော်ကျော်ဦးက ပြောသည်။
ကနဦးထွက်ဆိုချက်တွင် ကျူးလွန်သူ (၄) ဦး ဖြစ်သော်လည်း ဖမ်းဆီးရမိသည့် နေထက်ရှိုင်း အနေဖြင့် ကျူးလွန်သူမှာ (၃) ဦးသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိသည့် ကျူးလွန်သူ (၂) ဦးအား တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ထားကြောင်းသိရသည် ။
အမိန့်ချသည့်နေ့တွင် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ နှင့် ကျောင်းသား ကျောင်းသူ အယောက် (၅၀) ကျော် လာရောက်ဝန်းရံခဲ့ကြသည်။
ကိုစိုးမိုးဟိန်းသည် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါ ဟုပြောဆို၍ ပိုက်ဆံအိပ်လုယူရင်း ၎င်းတို့အထဲမှ အမည်မသိတစ်ဦး က ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည်ဟု ကနဦး ထွက်ဆိုချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၎င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည်။
ထို့နောက် အင်းအတွင်း၌ ၎င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
Unicode
လုယက်အသတ်ခံရသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားအမှု ကျူးလွန်သူတစ်ဦးအား ထောင်ဒဏ် နှစ် (၃၀) အမိန့်ချ
ဒီဇင်ဘာ ၂၃
နိုင်လင်းဦး

No comments:

Post a Comment

My Blog List