Monday, December 23, 2019

မိတ်ဆွေသစ် အကြံပြုရန် ဖုန်းနံပါတ် အသုံးပြုသည့်စနစ် ဖေ့စ်ဘွတ်ခ် ရပ်ဆိုင်းမည်

ဓာတ်ပုံ - အီးပီအေ
မိတ်ဆွေသစ်များ အကြံပြုဖော်ပြရန်အတွက် သုံးစွဲသူ၏ ဖုန်းနံပါတ်ကို အသုံးပြုသည့်စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ကြေညာသည်။
သုံးစွဲသူ၏ ဖုန်းထဲတွင် မှတ်ထားသော ဖုန်းနံပါတ်များထဲတွင် ပါဝင်နေသူများကို ဦးစားပေး ဖော်ပြသည့်စနစ်သည် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ကျိုးပေါက်မည့်အန္တရာယ်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ထိုစနစ်ရပ်ဆိုင်းမည်ဟု ဖေ့စ်ဘွတ်ခ်က ကြေညာခဲ့ခြင်းဖြစ်သည်။ ဖုန်းနံပါတ် အသုံးပြုသည့်စနစ်ကြောင့် သုံးစွဲသူများသည် အကောင့်ဝင်ရန် လုံခြုံရေးနှစ်ထပ် အသုံးပြုနိုင်သည့် အကျိုးကိုမူ ခံစားရသည်။
အကောင့်သို့ ဝင်လိုက်လျှင် ပထမတစ်ဆင့်တွင် မိမိ အကောင့်နှင့် ပတ်စ်ဝါ့ဒ်ကို ထည့်သွင်းရမည်ဖြစ်ပြီး ထိုတစ်ဆင့်ပြီးလျှင်ပင် ဖေ့စ်ဘွတ်ခ်က မိမိဖုန်းသို့ လုံခြုံရေးနံပါတ် ပေးပို့မည်ဖြစ်ကာ ထိုနံပါတ်ကို ရိုက်ထည့်ပါမှ မိမိဖေ့စ်ဘွတ်ခ်သို့ ဝင်နိုင်မည်ဖြစ်သည်။ ဟက်ကာများအနေဖြင့် ပထမအဆင့်ကို ဖောက်နိုင်လျှင်ပင် ဒုတိယအဆင့်ဖြစ်သော သုံးစွဲသူ ဖုန်းနံပါတ်သို့ ပေးပို့သည့် လုံခြုံရေးနံပါတ်ကို သိရန် ခက်ခဲသဖြင့် အကောင့်များ ပိုမိုလုံခြုံမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ပြောသည်။
သို့သော် ဖေ့စ်ဘွတ်ခ်သည် သုံးစွဲသူ၏ ဖုန်းနံပါတ်ကို အကောင့် လုံခြုံရေးအတွက်သာမက ကြော်ငြာများ ပစ်မှတ်ထား ပြသရန်လည်း အသုံးပြုခဲ့ကြောင်း အမေရိကန်လွှတ်တော် ကြားနာမှုတွင် ဝန်ခံခဲ့ပြီး ၂၀၂၀ ပြည့်နှစ်က စတင်ကာ ထိုစနစ်ရပ်ဆိုင်းရေး ကတိပြုခဲ့သည်။
ဖုန်းနံပါတ်ကို အသုံးပြုသည့် နှစ်ထပ်လုံခြုံရေးစနစ်သည် ကောင်းမွန်သော်လည်း ဖုန်းနံပါတ်ကို အသုံးချပြီး သုံးစွဲသူများကို ကြော်ငြာများ ပစ်မှတ်ထားဖော်ပြခြင်းသည် ယုံကြည်မှုကို အလွဲအသုံးချရာရောက်ကြောင်း ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် လှုပ်ရှားသူများက ဝေဖန်ထောက်ပြသည်။
ဖုန်းနံပါတ်ကို အသုံးချကာ ပစ်မှတ်ထား ကြော်ငြာသည့်စနစ်မျိုးကို ၂၀၁၉ ဇွန်လကတည်းက ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ကြေညာသည်။ ဖုန်းနံပါတ် အသုံးပြုကာ မိတ်ဆွေသစ် အကြံပြုသည့်စနစ်ကို ကမ္ဘောဒီးယား၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ လစ်ဗျားနှင့် ပါကစ္စတန်တို့တွင် လာမည့်ရက်ပိုင်းမှ စတင်ကာ ရပ်ဆိုင်းမည်ဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် ၂၀၂၀ ပြည့်နှနှစ်အတွင်း ရပ်ဆိုင်းနိုင်ရန် စီစဉ်ထားကြောင်း ဖေ့စ်ဘွတ်ခ်က ပြောသည်။ 

No comments:

Post a Comment

My Blog List