Monday, December 23, 2019

ပြည်သူ့ရှေ့ဆောင်ပါတီကို အင်အားကြီးပါတီများအား ယှဉ်ပြိုင်ရန်မဟုတ်ဘဲ ပြည်သူလူထုအတွက် ရွေးချယ်စရာပါတီတစ်ခုအဖြစ် တည်ထောင်ခြင်းဖြစ်ဟုဆို

Image may contain: 1 person, smiling, standing and closeup
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် အင်အားကြီး ပါတီကြီးများအား ယှဉ်ပြိုင်ရန်မဟုတ်ဘဲ အသစ်ရွေးချယ်မည့် ပြည်သူများအတွက် ရွေးချယ်စရာ ပါတီတစ်ခုအဖြစ် တည်ထောင်ခြင်းဖြစ်ကြောင်း ပါတီဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။

'ကျွန်မတို့က အင်အားကြီးပါတီနဲ့ တည့်တည့်ပြိုင်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထု ၅၄ သန်းမှာ မဲပေးပိုင်ခွင့်ရှိသူက သန်း ၃၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ အနီရဲ့ အမာခံပရိသတ်လည်းရှိပြီးသားပဲ။ အစိမ်းရဲ့ အမာခံပရိသတ်ကလည်းရှိပြီးသားပဲ။ အနီလည်း မဟုတ်ဘူး။ အစိမ်းလည်း မဟုတ်ဘူးဆိုတဲ့လူတွေက တခြားပါတီအသစ်တွေ ရွေးချယ်တဲ့အချိန်မှာ ကျွန်မတို့ ပါတီကလည်း ရွေးချယ်စရာ ပါတီတစ်ခုအနေနဲ့ ထွက်တာဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP) ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေ ရုံးခွဲသစ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအနေအထားအရ NLD ပါတီ၏ အမာခံပရိသတ်ရှိသလို ပြည်ခိုင် ဖြိုးပါတီ၏ အမာခံပရိသတ်များလည်းရှိ ကြောင်း၊ သို့သော်လည်း ကြားနေပြည်သူ လူထုများစွာလည်း ရှိနေသည့်အတွက် ရည်ရွယ်တည်ထောင်ခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။
'အနီလည်း မကြိုက်တော့ဘူး။ အစိမ်းလည်း မကြိုက်တော့ဘူး။ တခြား ရွေးချယ်စရာ ပါတီလိုချင်တယ်ဆိုတဲ့ ကြားနေပြည်သူလူထုတွေရှိပါတယ်။ အဲဒီအတွက်ကို ကျွန်မတို့က အဓိကထားပြီး ရည်ရွယ်ပြီးတော့မှ ပါတီထောင်တာ ဖြစ်ပါတယ်။ အဲဒါကျတော့ ပါတီထောင်တဲ့အချိန်မှာတော့ ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့ ပါတီထောင်ပြီဆိုတာနဲ့ ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ နောက်စိတ်တူကိုယ်တူရှိတဲ့သူတွေ စုပေါင်းအင်အားနဲ့ ကျွန်မတို့ လုပ်ကြဖို့ လိုပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင်ပါတီတည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ပြည်လုံး၏ ဘုံသဘောတူညီချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးတွင် ထဲထဲဝင်ဝင်ပါချင်သူများ၊ အရည်အချင်းရှိသူများ၊ နိုင်ငံ့အကျိုးကိုလိုလားသူများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ လူမှန်နေရာမှန်ပါဝင်နိုင်စေရန် ပါတီတည်ထောင်ရခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ရှေ့သို့တက်ဆိုသည့် စကားရပ်နှင့်အညီ ပြည်သူများနှင့် လက်တွဲကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားရန် စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး၊ နိုင်ငံတော်အစိုးရ၊ တရားစီရင်ရေး၊ လုံခြုံရေး စသည့် ပါတီ၏ အခြေခံမူဝါဒများကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှမှု၊ ကွဲပြားစုံလင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစတဲ့ စံတန်ဖိုးငါးရပ်ကို ဦးထိပ်ထား၍ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် စံတန်ဖိုးငါးရပ်ကို ဦးထိပ်တိုးတက်မှုများရရှိအောင် ကွဲပြားစုံလင်သည့် လူထုလူတန်းစားအလွှာပေါင်းစုံနှင့် လက်တွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်မောင်ထွန်းကပြောဆိုသည်။
'ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ကြဖို့ စိတ်သဘောထားချင်း တိုက်ဆိုင်ပြီးတော့ စိတ်တူကိုယ်တူရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီသစ်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် တိုင်းပြည်တည်ဆောက်ရေးတွင် အရည်အချင်းရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် နိုင်ငံသားများ လူမှန်နေရာမှန် ပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် မျှော်မှန်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သူများတွင် နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အတွေ့အကြုံရင့်ကျက်သည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၊ နိုင်ငံတကာအဆင့်မြင့် ပညာများကို သင်ကြားသင်ယူခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်ပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ်ရှိသည့် လူငယ်များ၊ တိုးတက်သည့် အမြင်ရှိသော အမျိုးသမီးများ၊ တိုင်းရင်းသားများ စုပေါင်းပါဝင်ပြီး ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်မောင်ထွန်းက ပြောဆိုသည်။
'နောင်ပါတီမှာ ပါဝင်လာမယ့် လူတွေကလည်း အခုလိုကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေအပြင် တောင်သူလယ်သမား၊ အလုပ်သမား လူထုလူတန်းစားအသီးသီးက ပုဂ္ဂိုလ်တွေကို ဆက်လက်ပြီးတော့ စည်းရုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။ ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ၂၃ ရက်က ပါတီ တည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်စာရင်းကိုလည်း ပြီးခဲ့သည့် အပတ်က ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း
(Unicode Version)
 ပြည်သူ့ရှေ့ဆောင်ပါတီကို အင်အားကြီးပါတီများအား ယှဉ်ပြိုင်ရန်မဟုတ်ဘဲ ပြည်သူလူထုအတွက် ရွေးချယ်စရာပါတီတစ်ခုအဖြစ် တည်ထောင်ခြင်းဖြစ်ဟုဆို
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် အင်အားကြီး ပါတီကြီးများအား ယှဉ်ပြိုင်ရန်မဟုတ်ဘဲ အသစ်ရွေးချယ်မည့် ပြည်သူများအတွက် ရွေးချယ်စရာ ပါတီတစ်ခုအဖြစ် တည်ထောင်ခြင်းဖြစ်ကြောင်း ပါတီဦးဆောင်သူ တစ်ဦးဖြစ်သည့် ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။
'ကျွန်မတို့က အင်အားကြီးပါတီနဲ့ တည့်တည့်ပြိုင်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထု ၅၄ သန်းမှာ မဲပေးပိုင်ခွင့်ရှိသူက သန်း ၃၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ အနီရဲ့ အမာခံပရိသတ်လည်းရှိပြီးသားပဲ။ အစိမ်းရဲ့ အမာခံပရိသတ်ကလည်းရှိပြီးသားပဲ။ အနီလည်း မဟုတ်ဘူး။ အစိမ်းလည်း မဟုတ်ဘူးဆိုတဲ့လူတွေက တခြားပါတီအသစ်တွေ ရွေးချယ်တဲ့အချိန်မှာ ကျွန်မတို့ ပါတီကလည်း ရွေးချယ်စရာ ပါတီတစ်ခုအနေနဲ့ ထွက်တာဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP) ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ပြည်ထောင်စုနယ်မြေ ရုံးခွဲသစ်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအနေအထားအရ NLD ပါတီ၏ အမာခံပရိသတ်ရှိသလို ပြည်ခိုင် ဖြိုးပါတီ၏ အမာခံပရိသတ်များလည်းရှိ ကြောင်း၊ သို့သော်လည်း ကြားနေပြည်သူ လူထုများစွာလည်း ရှိနေသည့်အတွက် ရည်ရွယ်တည်ထောင်ခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်သက်သက်ခိုင်က ပြောကြားသည်။
'အနီလည်း မကြိုက်တော့ဘူး။ အစိမ်းလည်း မကြိုက်တော့ဘူး။ တခြား ရွေးချယ်စရာ ပါတီလိုချင်တယ်ဆိုတဲ့ ကြားနေပြည်သူလူထုတွေရှိပါတယ်။ အဲဒီအတွက်ကို ကျွန်မတို့က အဓိကထားပြီး ရည်ရွယ်ပြီးတော့မှ ပါတီထောင်တာ ဖြစ်ပါတယ်။ အဲဒါကျတော့ ပါတီထောင်တဲ့အချိန်မှာတော့ ဘယ်ပါတီပဲဖြစ်ဖြစ်ပေါ့ ပါတီထောင်ပြီဆိုတာနဲ့ ကြိုးစားအားထုတ်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ နောက်စိတ်တူကိုယ်တူရှိတဲ့သူတွေ စုပေါင်းအင်အားနဲ့ ကျွန်မတို့ လုပ်ကြဖို့ လိုပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင်ပါတီတည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တစ်ပြည်လုံး၏ ဘုံသဘောတူညီချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးတွင် ထဲထဲဝင်ဝင်ပါချင်သူများ၊ အရည်အချင်းရှိသူများ၊ နိုင်ငံ့အကျိုးကိုလိုလားသူများ၊ နိုင်ငံရေးစိတ်ဝင်စားသူများ လူမှန်နေရာမှန်ပါဝင်နိုင်စေရန် ပါတီတည်ထောင်ရခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပူးပေါင်းဆောင်ရွက်ရှေ့သို့တက်ဆိုသည့် စကားရပ်နှင့်အညီ ပြည်သူများနှင့် လက်တွဲကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားရန် စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး၊ နိုင်ငံတော်အစိုးရ၊ တရားစီရင်ရေး၊ လုံခြုံရေး စသည့် ပါတီ၏ အခြေခံမူဝါဒများကို ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှမှု၊ ကွဲပြားစုံလင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစတဲ့ စံတန်ဖိုးငါးရပ်ကို ဦးထိပ်ထား၍ နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် စံတန်ဖိုးငါးရပ်ကို ဦးထိပ်တိုးတက်မှုများရရှိအောင် ကွဲပြားစုံလင်သည့် လူထုလူတန်းစားအလွှာပေါင်းစုံနှင့် လက်တွဲတည်ဆောက်သွားမည်ဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဦးမြင့်မောင်ထွန်းကပြောဆိုသည်။
'ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကတည်းက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်ကြဖို့ စိတ်သဘောထားချင်း တိုက်ဆိုင်ပြီးတော့ စိတ်တူကိုယ်တူရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပါတီသစ်တစ်ခု တည်ထောင်ဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် တိုင်းပြည်တည်ဆောက်ရေးတွင် အရည်အချင်းရှိပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသည့် နိုင်ငံသားများ လူမှန်နေရာမှန် ပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းသာယာ၀ပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် မျှော်မှန်းပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သူများတွင် နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အတွေ့အကြုံရင့်ကျက်သည့် နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၊ နိုင်ငံတကာအဆင့်မြင့် ပညာများကို သင်ကြားသင်ယူခဲ့ပြီး မြန်မာနိုင်ငံတွင် ပြန်လည်ပြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ်ရှိသည့် လူငယ်များ၊ တိုးတက်သည့် အမြင်ရှိသော အမျိုးသမီးများ၊ တိုင်းရင်းသားများ စုပေါင်းပါဝင်ပြီး ပါတီကို ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်မောင်ထွန်းက ပြောဆိုသည်။
'နောင်ပါတီမှာ ပါဝင်လာမယ့် လူတွေကလည်း အခုလိုကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေအပြင် တောင်သူလယ်သမား၊ အလုပ်သမား လူထုလူတန်းစားအသီးသီးက ပုဂ္ဂိုလ်တွေကို ဆက်လက်ပြီးတော့ စည်းရုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။ ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ၂၃ ရက်က ပါတီ တည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်စာရင်းကိုလည်း ပြီးခဲ့သည့် အပတ်က ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List