Monday, December 23, 2019

အမ်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ မိုင်းများနှင့် ဆက်စပ်ပစ်္စည်းများ စစ်ဆေးတွေ့ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထား

No photo description available.Image may contain: drink

အမ်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ မိုင်းများနှင့် ဆက်စပ်ပစ်္စည်းများ စစ်ဆေးတွေ့ရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် အမ်း-စစ်တွေကားလမ်း ဘေးအရောက်၌ လမ်း၏ညာဘက် ၄ ပေခန့် အကွာရှိ ချုံစပ်မှ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထား သည့် ရီမုမိုင်း တစ်လုံး တွေ့ရှိသဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန်္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်း လင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့နယ်၊ (၃၁) ဘုံကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၀ ရက် ည ၆ နာရီခွဲတွင် မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဖားဝပ်ချောင်းကျေးရွာနေသူ များဖြစ်သည့် ဦးဦးကျော်နိုင် (ဘ) ဦးကျော်သောင်းရွှေနှင့် ဦးခင်မောင်လှ(ဘ)ဦးချက်ကြီးတို့နှစ်ဦးအား ဆိုင်ကယ်တူးဘောက်အတွင်းမှ ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသည့် ဒေသန်္တရမိုင်း ငါးလုံး၊ ခလုတ် ငါးခု၊ ဖျူ့စ် နှစ်ချောင်း၊ တယ်လီဖုန်း သုံးလုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မိုင်းများနှင့်အတူ ဖမ်းဆီးရမိ သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ဖုံညိုလိပ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News
အမ်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ မိုင်းများနှင့် ဆက်စပ်ပစ်္စည်းများ စစ်ဆေးတွေ့ရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထား
--- --- ---

အမ်းမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌ မိုင်းများနှင့် ဆက်စပ်ပစ်္စည်းများ စစ်ဆေးတွေ့ရှိဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် အမ်း-စစ်တွေကားလမ်း ဘေးအရောက်၌ လမ်း၏ညာဘက် ၄ ပေခန့် အကွာရှိ ချုံစပ်မှ AA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထား သည့် ရီမုမိုင်း တစ်လုံး တွေ့ရှိသဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ အန်္တရာယ်မဖြစ်စေရေးအတွက် မိုင်းရှင်း လင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့နယ်၊ (၃၁) ဘုံကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၀ ရက် ည ၆ နာရီခွဲတွင် မသင်္ကာဖွယ်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဖားဝပ်ချောင်းကျေးရွာနေသူ များဖြစ်သည့် ဦးဦးကျော်နိုင် (ဘ) ဦးကျော်သောင်းရွှေနှင့် ဦးခင်မောင်လှ(ဘ)ဦးချက်ကြီးတို့နှစ်ဦးအား ဆိုင်ကယ်တူးဘောက်အတွင်းမှ ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသည့် ဒေသန်္တရမိုင်း ငါးလုံး၊ ခလုတ် ငါးခု၊ ဖျူ့စ် နှစ်ချောင်း၊ တယ်လီဖုန်း သုံးလုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မိုင်းများနှင့်အတူ ဖမ်းဆီးရမိ သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ဖုံညိုလိပ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List