Monday, December 23, 2019

အိုင်စီစီသည် ဂျူးဆန့်ကျင်ရေး လုပ်ဆောင်နေကြောင်း နေတန်ယာဟု စွပ်စွဲ


Image may contain: sky, tree, outdoor and nature
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)က ပါလက်စတိုင်း ပိုင်နက်နယ်မြေထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမယ်ဆိုတာ ဂျူးဆန့်ကျင်းရေး လုပ်ဆောင်တာဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အခုလ ၂၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အိုင်စီစီရဲ့ ရှေ့နေချုပ်က ပါလက်စတိုင်းရဲ့ တောင်းဆိုချက်အရ ပါလက်စတိုင်း နယ်မြေထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှု တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ အခုလ ၂၀ ရက်နေ့မှာ ကြေညာခဲ့တာပါ။
အစ္စရေးမှာ ဟန်နူကာပွဲတော် အားလပ်ရက်ရှစ်ရက် စတင်တဲ့ အထိမ်းအမှတ်အဖြစ် ဂျေရူဆလင်မြို့မှာ ကျင်းပတဲ့ အခမ်း အနားမှာ ဝန်ကြီးချုပ်နေတန်ယာဟုက ဖယောင်းတိုင်တွေကို မီးထွန်းပေးပြီးတဲ့နောက် အဲဒီလို ပြောခဲ့တာပါ။
“ပြီးခဲ့တဲ့ ရက်က ဂျူးလူမျိုးတွေနဲ့ ပတ်သက်တဲ့ အမိန့်ပြန်တမ်းတစ်ခု ကြားလိုက်ရတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး က ဒီမြို့နဲ့ ဒီနိုင်ငံမှာ၊ ဒီတံတိုင်းကြီးနဲ့ ကပ်လျက်မှာ ဂျူးတွေနေခွင့် မရှိဘူး။ အဲဒီလိုနေတယ်ဆိုရင် စစ်ရာဇဝတ်မှု ကျုးလွန် တာပဲဆိုတဲ့ အမိန့်ပြန်တမ်း ထုတ်ခဲ့တယ်။ ဒီ မတရားမှု၊ ဒီ ရယ်စရာ ကောင်းတဲ့ ကိစ္စကို ကျွန်တော်တို့ ဘယ်တော့မှ ဦးညွှတ် မှာ မဟုတ်ပါဘူး”လို့ ဝန်ကြီးချုပ်နေတန်ယာဟုက ဆိုပါတယ်။
ဒါဟာ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ချက် သက်သက်ပဲဖြစ်တယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။
အစ္စရေးဟာ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် အိုင်စီစီက ဝင်ရောက်စစ်ဆေးခွင့်မရှိပါဘူး။ ဒါပေမဲ့ ပါလက်စတိုင်းက တော့ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ အခု စစ်ဆေးမယ်ဆိုတဲ့ ပါလက်စတိုင်းနယ်မြေတွေထဲမှာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂါဇာကမ်းမြှောင်၊ အရှေ့ဂျေရူဆလင်နဲ့ အနောက်ဘက်ကမ်းဒေသတွေ ပါဝင်မှာဖြစ်ပါတယ်။
Image may contain: sky and outdoor
Image may contain: cloud, sky, outdoor and nature

No comments:

Post a Comment

My Blog List