Monday, December 23, 2019

ဗီယက်နမ်ပြည်သူ့တပ်မတော်နေ့တွင် အာဆီယံနိုင်ငံတပ်မတော်များကိုယ်စား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှာစကား ပြောကြား


Image may contain: 4 people, people smiling, people standing, indoor and text
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒီဇင်ဘာ(၂၀)ရက်က ပြုလုပ်တဲ့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံရဲ့ (၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နဲ့ (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်တဲ့နေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံနိုင်ငံတပ်မတော်တွေကိုယ်စား အမှာစကား ပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံ အများစုဟာ အမျိုးမျိုးသော နယ်ချဲ့ကိုလိုနီစနစ်လက်အောက်က ကြိုးစားရုန်းကန်ပြီး နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် ကြိုးပမ်းခဲ့ရသူတွေဖြစ်တဲ့အတွက် နိုင်ငံတိုင်းမှာ ဂုဏ်ယူဖွယ်ရာသမိုင်းနဲ့ စွန့်လွှတ်စွန့်စားရမှုတွေရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီအပြင်ဗီယက်နမ်နိုင်ငံနဲ့ ဗီယက်နမ်တပ်မတော်ဟာလည်း နိုင်ငံ့လွတ်လပ်ရေး၊ ပြည်သူ့လွတ်လပ် ရေး တို့အတွက် သာမာန်ထက် ထူးကဲတဲ့ ကြိုးစား အားထုတ်ရုန်းကန်မှုတွေနဲ့ ဗီယက်နမ်ပြည်သူတွေရဲ့ဘဝကို အချုပ်အခြာအာဏာပိုင်နိုင်ငံသားတွေအဖြစ် မြှင့်တင်ပေးခဲ့ရတယ်လို့ အမှာစကားမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။
ဗီယက်နမ် ပြည်သူတွေနဲ့ ဗီယက်နမ်တပ်မတော်တို့ရဲ့ထင်ရှားတဲ့ဒိန်ဗင်ဖူး တိုက်ပွဲ၊ တက်ထိုးစစ် (Tet Offensive)၊ ဆိုင်းဂုံတိုက်ပွဲ (The Fall of Saigon) တို့ဟာ လွတ်လပ်ရေးအတွက် စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေအဖြစ် ကမ္ဘာ့စစ်သမိုင်းမှာ အခုထက်ထိတိုင် သက်သေခံလျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားမှာထည့်သွင်းပြောကြားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
Image may contain: 2 people, people sitting, table, crowd and indoor
Image may contain: 11 people, people smiling, indoor

No comments:

Post a Comment

My Blog List