Monday, December 23, 2019

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်အတွက် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖေါ်မည်

No photo description available.

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်လေးမြို့နယ်၌ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ပြန်ဖွင့်ပေးရန်အတွက် မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ဆန္ဒထုတ်ဖေါ် မည်ဖြစ်ကြောင်း အသံအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခ က The Ladies Nerws သို့ ပြောကြားသည်။

ကိုဆောင်းခ က `ရခိုင်ပြည်နယ်မှာရှိတဲ့ မြိုနယ်လေးမြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို ချက်ချင်း ရပ်တန့်ပေးဖို့ကို ကျွန်တော်တို့ ဆန္ဒထုတ်ဖေါ်ကြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာပဲ ရွေးကောက်ပွဲ ကာလကနီးလာပြီ။ အဲဒီနယ်တွေမှာ ရွေးကောက်ပွဲတွေ မလုပ်ဖြစ်မှာကို စိုးရိမ်းတယ်။ နောက်တစ်ခုက စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ အကူအညီ အထောက်ပံ့တွေပေးဖို့။ နောက်တစ်ခုက စစ်ဘေးရှောင်တွေနဲ့ တချို့ပြည်ပ ရောက်နေတဲ့ မိသားစုတွေ အပြန်အလှန် ဆက်သွယ်ဖို့ ဒါတွေအတွက် အင်တာနက်ရရှိမှုက မဖြစ်မနေ အရေးကြီးတယ်` ဟု ဆိုသည်။
တပ်မတော်နှင့် AA တို့ တိုက်ပွဲများဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏာကျွန်း၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်များကို ၂၀၁၉ ခုနှစ် ဇွန်လတွင် ဆက်သွယ်ရေးဝန်ကြီးဌာန က အင်တာနက်များ ဖြတ်တောက်ခဲ့သည်။
ထို့နောက်တွင်မူ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မြေပုံမြို့နယ်တို့အား စက်တင်ဘာလ အတွင်းက အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးခဲ့ပြီး ကျန်သည့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ် တို့ကိုတော့ ယနေ့အချိန်အထိ အင်တာနက်လိုင်းများ ပိတ်ထားဆဲဖြစ်သည်။
၆ လကြာ အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်အား အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်အတွက် အရပ်ဖက် အဖွဲ့အစည်း ၁၉ ဖွဲ့ကလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ က ကြေညာချက် ထုတ်ကာ တောင်းဆိုထားသည်။
မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က `သူများ တိုင်းနယ်၊ ပြည်နယ်နဲ့ မတူဘဲနဲ့ ကျွန်တော်တို့က ခွဲခြား ဆက်ဆံခံရသလို ဖြစ်နေတယ်။ ပြီးတော့ အချိန်နဲ့ တပြေးညီအောက်ခြမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို မီဒီယာဘက်ကို မရောက်နိုင်ဘူး။ ဥပမာပြောရမယ် ဆိုရင် ဒုက္ခသည်စခန်းတွေမှာ ဆန်၊ ဆီ၊ ဆားတွေ လိုနေတယ်။ အခက်အခဲတွေ ရှိနေတယ်။ အဲဒါကို အလှူရှင်တွေက အချိန်နဲ့ တပြေးညီ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် အင်တာနက်အွန်လိုင်းတွေ ပိတ်ထားတော့ အဲဒီကိစ္စက အချိန်နဲ့ တစ်ပြေးညီ မဆောင်ရွက်နိုင်ဘူး` ဟု ဆိုသည်။
ထို့အပြင် ဒေသတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်းများ ရှိကြောင်း၊ အဆိုပါ ကိစ္စများကို လည်း အင်တာနက်လိုင်းများ ပိတ်ထားသည့် အတွက် သတင်း မီဒီယာများထံသို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့နိုင်ခြင်းမရှိကြောင်း ဦးထွန်းသာစိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေသည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံ အရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများမှာ ရာဂဏန်းကျော်အထိ ရှိနေကာ စစ်ဘေးရှောင် ဦးရေမှာလည်း တစ်သိန်းဝန်းကျင် ရှိနေသည်။
အောင်ရဲနောင်
The Ladies News
ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန်အတွက် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖေါ်မည်
--- --- ---

No comments:

Post a Comment

My Blog List