Monday, December 23, 2019

မြန်မာနိုင်ငံမြေပုံ မပြိုမကွဲ၊ မပျက်မစီး၊ ပေါက်မထွက်အောင် ကာကွယ်ရန် DKBA စစ်ဦးစီးချုပ် စောမိုရှေးကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုက်တွန်း

မြန်မာနိုင်ငံမြေပုံ မပြိုမကွဲ၊ မပျက်မစီး၊ ပေါက်မထွက်အောင် ကာကွယ်ရန် DKBA စစ်ဦးစီးချုပ် စောမိုရှေးကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက တိုက်တွန်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်က ကျရောက်ခဲ့သည့် ၂၅နှစ်မြောက် DKBA Day ငွေရတု အခမ်းအနားတွင် မြန်မာနိုင်ငံမြေပုံ ကျောက်စီပန်းချီကား တစ်ခုကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက DKBA စစ်ဦးစီးချုပ် စောမိုရှေးကို ပေးအပ်ခဲ့ပြီး “"မြန်မာနိုင်ငံမြေပုံကြီးကို မပြိုမပျက်၊ မကွဲမအက်၊ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ရန်” ပြောကြားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့နယ်၊ ဆုံဆည်းမြိုင် တွင် ပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် နယ်မြေတာဝန်ခံ ဦးသူရိန်ဇော်၊ ပါတီဗဟို အလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး တို့က အခမ်းအနားကို တက်ရောက်အားပေးခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီက သတင်းထုတ်ပြန်ခဲ့သည်။
The Ladies News

--- --- ---

No comments:

Post a Comment

My Blog List