Monday, December 23, 2019

၂၀၁၉-၂၀၂၀ပညာသင်နှစ်ကျောင်းတက်ချိန်ကာလတိုးမြှင့်သတ်မှတ်ခြင်းမှာ ဝန်ကြီးဌာနမှ ဗဟိုချုပ်ကိုင်မှု အားကောင်းစွာဖြင့် လုပ်ဆောင်ခြင်းဟုဆို

၂၀၁၉-၂၀၂၀ခုနှစ်ပညာသင်နှစ်တွင်စာသင်ကာလကို မတ်လကုန်အထိသတ်မှတ်ရန်ဆုံးဖြတ်ခြင်းမှာ ဝန်ကြီးဌာနအနေဖြင့် အခြေအနေအရပ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာဆွေးနွေးသုံးသပ်ခြင်းမရှိဘဲ ဗဟိုချုပ်ကိုင်မှုအားကောင်းစွာဖြင့် ဆုံးဖြတ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ရာတွင်ဖော်ပြပါရှိသည်။

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအတန်းအသီးသီး၏ကျောင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပပြီးမှသာ ပြုလုပ်သွားမည်ဖြစ်ပြီးမတ်လကုန်အထိ ကျောင်းတက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် ပညာသင်ကာလတိုးမြင့်သတ်မှတ်လိုက်ပါက ကျောင်းသားကျောင်းသူများ၏ နားနေချိန်များနည်းပါးသွားနိုင်ခြင်း၊စာသင်ကာလတိုးမြှင့်သတ်မှတ်ခြင်းက ကျောင်းသားကျောင်းသူများ၏ ပညာရည် ပိုမိုတိုးတက်လာမည်ဟု တစ်ထစ်ချသတ်မှတ်ရန်ခက်ခဲခြင်း၊ဆရာဆရာမများ
အနေဖြင့်လည်းသင်ကြားရေး၊စာမေးပွဲအခန်းစောင့်ခြင်း၊စာစစ်ခြင်းတို့တပြိုင်နက်လုပ်ဆောင်ရခြင်းကြောင့် တာဝန်ပိခြင်း(သို့)ဆရာအင်အားမလုံလောက်ခြင်း၊အားလပ်ရက်နည်းပါးသွားခြင်းစသည့်အကြောင်းအရာများကြောင့် စာသင်ကာလတိုးမြှင့်သတ်မှတ်ခြင်းအပေါ် ဆရာဆရာမများအဖွဲ့ချုပ်ကကန့်ကွက်ရပါကြောင်းဖော်ပြရေးသားထားသည်။

ထိုကဲ့သို့စာသင်ကာလတိုးမြင့်သတ်မှတ်ခြင်းကိုပြန်လည်သုံးသပ်ခြင်းပေးရန်ကြိုးပမ်းနေဆဲဖြစ်ပြီး လုပ်ဆောင်ချက်အပေါ် ပြန်လည်တုန့်ပြန်ရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဟုဆရာဆရာမများအဖွဲ့ချုပ်မှတာဝန်ရှိသူဒါက်တာဇော်မျိုးလှိုင်ကပြောသည်။
ထူးမြတ်

No comments:

Post a Comment

My Blog List