Monday, December 23, 2019

မော်လမြိုင်မြိုင်မြို့တွင် အမှိုက်ခွဲခြား စွန့်ပစ် သည့် လုပ်ငန်းစတင်နေ

Image may contain: outdoor
စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တာတွေကို မော်လမြိုင်မြို့မှာ စတင်လုပ်ဆောင်နေတယ်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလုပ်ငန်းကို ADB ချေးငွေသုံးပြီး နိုင်ငံခြားပညာရှင်နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ မော်လမြိုင်မြို့မှာ အမှိုက်အမျိုးအစား ခွဲခြားတဲ့စနစ်စတင် လုပ်ဆောင်တာနဲ့ ပတ်သက်လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က အခုလို ပြောပါတယ်။
" မြို့ပေါ်ရက်ကွက်တွေကနေ သိမ်းဆည်းလို့ရတဲ့ အမှိုက်တွေမှာ ပါဝင်နေတဲ့ အမှိုက်အမျိုးအစားတွေကို ခွဲခြားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ အဲလို ခွဲခြားလိုက်တာကြောင့် ဘယ်အမျိုးအစားတွေက ဘယ်လောက်ပါဝင်တာကို သိရှိလာမှာပါ။ အဲလိုသိလာရင် အမှိုက်သိမ်းဆည်းတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ သိမ်းဆည်းမလဲ နောက်ဆုံး အမှိုက်ပုံကြရင် ဘယ်လိုစွန့်ပစ်မလဲဆိုတာတွေကို ရေးဆွဲနိုင်ဖို့အတွက် ပြုလုပ်နေတာပါ" လို့ ပြောပါတယ်။
အမှိုက်ခွဲခြားမှုကနေ စွန့်ပစ်မယ့်အမှိုက်ပုံကို ဒီဇိုင်းထုတ်မှာဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်တာ၊စ နစ်တကျစွန့်ပစ်ရမှာနဲ့ ဖျက်ဆီးရမယ့်အမှိုက်တွေကို ခွဲခြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့ပေါ်(၁၀)နေရာက အမှိုက်တွေကို အမျိုးအစားခွဲခြားစစ်ဆေးသွားမှာဖြစ်ပြီး စီမံကိန်းကာလကတော့ (၅)နှစ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အမှိုက်သိမ်းဆည်းတဲ့စနစ်နဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲတာတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဦးခင်မောင်လတ် က ပြောပါတယ်။
" မကြာမီ အမှိုက်သိမ်းဆည်းတဲ့ စနစ်ကို ပြောင်းလဲသွားမယ်၊ လိုအပ်တဲ့ ယဉ်တွေကို လာမယ့်နှစ်မှာ ဝယ်ယူဖြည့်တင်းသွားမှာပါ" လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

အမှိုက်ကို စနစ်တကျစီမံခန့်ခွဲနိုင်မယ်ဆိုရင် မြို့ရဲ့ မြင်ကွင်းကောင်းလာမှာ ဖြစ်သလို လူထုကျန်းမာရေးကိုလည်း အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မော်လမြိုင်မြို့ရဲ့ အမှိုက်စနစ်တကျ စီမံခန့်ခွဲမှုစီမံကိန်းဟာ ရေရှည်စီမံကိန်းတစ်ခုဖြစ်ပြီး အမှိုက်အမျိုးအစားခွဲခြားတဲ့ နမူနာလုပ်ဆောင်မှုကိုတော့ မော်လမြိုင်မြို့ ကမ်းနားလမ်းရက မြို့မရပ်မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
Image may contain: one or more people and outdoor
Image may contain: one or more people, people on stage, people playing musical instruments and people standing
Image may contain: one or more people and people sitting
Image may contain: one or more people, people standing and outdoor
သတင်း- အာကာကျော်ထွန်း
One News Myanmar

No comments:

Post a Comment

My Blog List