Monday, December 23, 2019

နိုင်တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတပ်ချုပ်တို့ပါဝင်မည့် JICM အစည်းအဝေးကို ဇန်နဝါရီလအတွင်း ပြုလုပ်မည်

Image may contain: 2 people, people smiling, people sitting, crowd and indoor

နိုင်တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး အပစ်ရပ်အဖွဲ့များမှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဇန်နဝါရီလ အတွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ NRPC ရုံး၌ ပြုလုပ်ခဲ့သည့် အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာ (NRPC) မှ ကိုယ်စားလှယ်များနှင့် အပစ်ရပ် အဖွဲ့များမှ ညှိနှိုင်ရေး ကိုယ်စားလှယ်အဖွဲ့တို့၏ JICM အကြို ညှိနှိုင်းအစည်းအဝေးတွင်း ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အပစ်ရပ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်း က '' အစည်းအဝေးကျင်းပရေး လမ်းပွင့်သွားပြီဖြစ်လို့ JICM အစည်းအဝေးကို လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါလ ဒုတိယပတ်မှာ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်'' ဟု အစည်းအဝေးအပြီး နိဂုံးချုပ် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
JICM အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု အကြောင်းအရာများ၊ JICM အစည်းအဝေး ပြီးနောက်ပိုင်း ရှေ့ဆက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အစီအစဉ်များ၊ JICM အစည်းအဝေး တက်ရောက်မည့် NCA-S EAO ခေါင်းဆောင်များ၏ ပြည်တွင်းခရီးစဉ် လမ်းကြောင်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေး စီစဉ်နိုင်ခဲ့ခြင်းသည် နှစ်ဖက် ကိုယ်စားလှယ်တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ရင်းစေတနာ ရှိမှုတို့ကို ပြသရာရောက်သည်ဟုလည်း ၎င်းကဆိုသည်။
JICM အစည်းအဝေးကို မကျင်းပနိုင်သည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး ဇန်နဝါလအတွင်း ၌ပြုလုပ်မည့် အစည်းအဝေးမှာ (၈) ကြိမ်မြောက် အစည်းအဝေးဖြစ်သည်။
အောင်ရဲနောင်
The Ladies News
နိုင်တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတပ်ချုပ်တို့ပါဝင်မည့် JICM အစည်းအဝေးကို ဇန်နဝါရီလအတွင်း ပြုလုပ်မည်
--- --- ---

No comments:

Post a Comment

My Blog List