Thursday, July 30, 2015

MH17လေယာဉ် ကိစ္စ ခုံရုံးတင်ဖို့အဆို ရုရှားပယ်ချ


ယူကရိန်းနိုင်ငံပေါ် ပျံသန်းရင်း ပျက်ကျသွားတဲ့ မလေးရှား MH17 လေယာဉ် ကိစ္စကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ခုံရုံးမှာ အရေးယူနိုင်ဖို့ ကြိုးစားနေကြတာကို ရုရှားက ဗီတို အာဏာသုံးပြီး ပယ်ချလိုက်ပါ တယ်။

လေယာဉ် ပစ်ချခံရတယ်လို့ ယုံကြည်နေကြတဲ့အတွက် စုံစမ်း စစ်ဆေးမှု တွေကို နိုင်ငံတကာ ခုံရုံးမှာ လုပ်ဖို့ ကြိုးစားတာကို ရုရှားနိုင်ငံက ပယ်ချခဲ့ တာပါ။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၁ နိုင်ငံက ခုံရုံးတင်ဖို့ လိုလားပြီး သုံးနိုင်ငံက တော့ မဲမပေးခဲ့ပါဘူး။

ရုရှား တစ်နိုင်ငံထဲကနေ ဗစ်တိုအာဏာနဲ့ ပယ်ချခဲ့တာဖြစ်ပြီး တရုတ်၊ အန်ဂိုလာနဲ့ ဗင်နီဇွဲလားတို့က မဲပေးခဲ့တာပါ။

ဒီကိစ္စကို သြစတြေးလျ၊ မလေးရှား၊ နယ်သာလန်နဲ့ ယူကရိန်းတို့က အဆိုတင် သွင်းတာ ဖြစ်ပါတယ်။

နိုင်ငံတကာ ခုံရုံးမှာ စစ်ဆေးမှုမလုပ်နိုင်ပေမယ့် အခုလောလောဆယ် တချို့နိုင်ငံက စုံစမ်းစစ်ဆေးလုပ်နေ တာကြောင့် အဲဒီဖက်ကို အသားပေးပြီး ဆက်လက်လုပ်ဆောင်ကြမယ်လို့ သိရပါတယ်။

လေယာဉ်ကို ရုရှားက ထောက်ခံထားတဲ့ ယူကရိန်း သူပုန်တွေက ပစ်ချတာ လို့ ယူဆနေကြပါတယ်။

ရုရှားနဲ့ ယူကရိန်း သူပုန်ကတော့ ဒီကိစ္စကို ငြင်းဆိုနေကြပါတယ်။

ABC

No comments:

Post a Comment

My Blog List