Monday, July 27, 2015

ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်ကျွန်းမြို့တွင် မဲဆွယ်















အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧရာဝတီတိုင်း မဲဆွယ်ခရီးစဉ် ဒုတိယနေ့အဖြစ် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့၌ ရွေးကောက်ပွဲဆိုင်ရာများကိစ္စရပ်များကို ယနေ့ နံနက်ပိုင်းတွင် အချိန် ၁ နာရီ ကျော်ကြာအောင် ဟောပြောခဲ့သည်။

NLD ပါတီအနေဖြင့် ပြည်သူလူထုကို ဘယ်သောအခါမှ လိမ်လည်လှည့် ဖျားခဲ့ခြင်း မရှိကြောင်း၊ ခြိမ်းခြောက်ပြီးရရှိ လာသည့် မဲပြားများလည်း မလိုချင်ကြောင်း၊ နိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ၂၀၁၅ ရွေးကောက် ပွဲတွင် NLD ပါတီ အပြတ်အသတ်အနိုင်ရရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့ပါတီကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံအားပေး၍ မဲထည့်ကြ ရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ဧရာဝတီတိုင်းအတွင်းမှ NLD ပါတီဝင်များ အပါအ၀င် မော်လမြိုင်ကျွန်းမြီု့ပေါ်နှင့် ကျေးရွာများ မှ ပြည်သူလူထု ၁ သောင်းကျော် တက်ရောက်ခဲ့ကြသည်။

ဧရာဝတီ


No comments:

Post a Comment

My Blog List