Tuesday, July 28, 2015

အာဖရိက ခေါင်းဆောင်များနှင်အရေးကြီးဆွေးနွေးပွဲများ ကျင်းပရန် အာဖရိကသို့ အိုဘားမား ရောက်ရှိ


အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဖရိက ခရီးစဉ်တွင် ဒုတိယ ခရီးတစ်ထောက်နားသည့် အနေနှင့် အီသီယိုးပီးယားသို့ ရောက်ရှိနေပြီး လက်ရှိအာဏာရ အမေရိကန်ခေါင်းဆောင်၏ ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။

သမ္မတအိုဘားမားသည် တောင်ဆူဒန် ပြည်တွင်းစစ် အဆုံးသတ်ရေး ကိစ္စကို ဒေသတွင်း ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် တနင်္လာနေ့တွင် ဆွေးနွေးရန်ရှိပြီး အင်္ဂါနေ့တွင် အာဖရိကသမဂ္ဂ အဖွဲ့ဝင် ၅၄ နိုင်ငံ အစည်းအဝေးသို့ တက်ရောက်မည့် ပထမဆုံး အမေရိကန် သမ္မတတစ်ဦး အနေနှင့် မိန့်ခွန်းပြောကြား ဦးမည် ဖြစ်သည်။

သမ္မတအိုဘားမားသည် အီသီယိုးပီးယားသို့ မလာမီ ကင်ညာနိုင်ငံတွင် နှစ်ရက်ခရီးစဉ် ရပ်နားခဲ့ပြီး လူ့ အခွင့်အရေး ပိုမိုမြှင့်တင်ရေးနှင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ကို ဆွေးနွေးတိုက်တွန်းခဲ့သည်။အက် ဒစ်အေဘာဘာ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိလာသော သမ္မတအိုဘားမားကို အီသီယိုးပီးယား ဝန်ကြီး ချုပ် ဟာလီမာရီယမ်ဒီဆာ လင်က ခရီးဦးကြိုဆိုခဲ့သည်။

အီသီယိုးပီးယားသည် အစ္စလာမ္မစ် စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အမေရိကန်နှင့် ရင်းနှီးသော မဟာ မိတ်နိုင်ငံ ဖြစ်ပြီး ဆိုမာလီယာနိုင်ငံတွင် အီသီယိုးပီးယား တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ တပ်စွဲထားသည်။

ယင်းသို့ လုံခြုံရေး သဘောတူညီချက်များ ရှိထားသော်လည်း အာဏာရ အစိုးရက မီဒီယာများကို နှိပ်ကွပ် ခြင်းနှင့် ဘလော့ဂါများကို ဖမ်းဆီးထောင် ချခြင်း အပါအဝင် လူ့အခွင့်အရေးထိပါးမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းကို သမ္မတအိုဘားမားက ထုတ်ဖော်သတိပေးမည်ဟု မျှော် လင့်ရသည်။

ထို့အပြင် ဆူဒန်ပြည်တွင်းစစ် အဆုံးသတ်ရေးကိစ္စကို ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး အဆိုပြုချက်ကို စစ်အုပ်စုများက သဘောမတူပါက ပိုမိုပြင်းထန်သော အရေးယူပိတ်ဆို့မှုများ၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့မှုများဖြင့် တွန်းအားပေးလိမ့်မည်ဟု ယူဆရသည်။၎င်းပြည်တွင်း စစ်ကြောင့် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး လူနှစ်သန်းခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

သမ္မတအိုဘားမားနှင့် လိုက်ပါသွားသော အမေရိကန်အရာရှိများက တနင်္လာနေ့တွင် ဆွေးနွေးပွဲများ ပျက်ပြားသွားဖွယ်ရာ မရှိဟု ပြောဆိုကြ သည်။

အချို့လူ့အခွင့်အရေး အုပ်စုများကမူ သမ္မတအိုဘားမား၏ အီသီယိုးပီးယား ခရီးစဉ်သည် သတင်းထောက် များ၊ ဝေဖန်ဆန်းစစ်သူများကို ဖမ်းဆီးနေ သော အစိုးရအား သိက္ခာတင်ပေးရာ ရောက်လိမ့်မည်ဟု သတိ ပေးကြသည်။

“လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ လူသိများတဲ့ အစိုးရကို အရောင်တင်ဖို့ အသုံးချခံရမှာကို မလိုလားပါ ဘူး” ဟု Amnesty International က မှတ်ချက်ပေးသည်။

Human Rights Watch နှင့် အခြားအဖွဲ့အစည်းများကလည်း ဆွေးနွေးပွဲ များတွင် လူ့အခွင့်အရေး ကိစ္စ များကို ရှေ့တန်းတင် တွန်းအားပေးရန် သမ္မတအိုဘားမားကို တိုက်တွန်းထားကြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List