Tuesday, July 28, 2015

ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေသည့် သတင်းကြောင့် ရေငုပ်သမားများမှ ရှာဖွေလျက်ရှိ



မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာရှိ အော်ကြီးချောင်းအတွင်း ခေါင်းလောင်းတစ်လုံးနစ်မြုပ်နေ သည့် သတင်းကြောင့် အဆိုပါ ကျေးရွာသားများနှင့် ရေငုပ်သမားများ ပူးပေါင်းကာ ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

အော်ကြီးချောင်းအတွင်း ဇူလိုင် ၂၅ ရက် နေ့လည်ပိုင်းမှစတင်ကာ ရေငုပ်သမား(၇)ဦးခန့်ဖြင့်ခေါင်းလောင်း ရှိသည်ဟု ယူဆရသည့်နေရာအား ရှာဖွေနေကြခြင်းဖြစ်ကာ အဆိုပါနေရာသို့ ဘုန်းတော်ကြီးများ၊ ရပ်မိ ရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများ စုစုပေါင်း(၅၀)ဦးခန့် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

“ချောင်းထဲမှာ ပိုက်နဲ့တားပြီးငါးရှာရင်းနဲ့ ပစ္စည်းတစ်ခုကိုကိုင်မိတယ်။ ပထမတော့ ဘောသီးကွဲကြီးလို့ ထင်မိ တယ်။ ရေထဲငုပ်ပြီး သေချာစမ်းကြည့်တော့ ခေါင်းလောင်းပုံသဏ္ဍာန်ဖြစ်နေတယ်။ လုံးပတ်က လက်တစ် ပိုက် လောက်ရှိတယ်။ ကိုင်းလည်းပါတယ်။ ဘေးပတ်လည်မှာ ကနုတ်ပန်းသဏ္ဍာန်လိုမျိုးစမ်းမိတယ်။ စိတ် ထဲမှာ ခေါင်းလောင်းကြီးလို့မှန်းလိုက်တယ်။ မြေပေါ်မှာ တစ်တောင်လောက်ပေါ်နေတယ်လို့ စမ်းမိတယ်။”ဟု ခေါင်း လောင်းဟုယူဆရသောအရာဝတ္ထုကို စတင်တွေ့ရှိသူ ဇီးဖြူသောင်ကျေးရွာနေ ဦးကြည်လွင်က ပြောသည်။

ယင်းခေါင်းလောင်းဟုယူဆရသည့်အရာအား လွန်ခဲ့သည့်(၆)နှစ်ခန့်ကတည်းက တွေ့ရှိခဲ့ရသော်လည်း ယခုမှ အခါအခွင့်သင့်သဖြင့် ပြောပြရခြင်းဖြစ်ကြောင်းနှင့် ရေချောင်းကမ်းပါးများလည်း ပြိုကျခဲ့သဖြင့် နှုန်းများဖုံးလွှမ်း နေသည်ဟုယူဆရကြောင်း ၎င်းကဆက်ပြောသည်။

“ခေါင်းလောင်းတွေ့ရှိသူရဲ့ဖိတ်ခေါ်မှုနဲ့ လာရောက်ကြည့်ရှုခြင်းဖြစ်ပါတယ်။ သေသေချာချာပြန်လေ့လာရ ဦးမှာ ပါ။ ယခင်ကလည်း ရေငုပ်သမား(၃)ဦး ရေငုပ်ပြီးရှာဖွေစဉ်နေစဉ်မှာ အပေါ်ကနေ ခဲလုံးလိုမျိုးအရာ ဝတ္ထုတွေနဲ့ ပေါက်သလိုမျိုးဖြစ်လို့ မရှာရဲတော့ဘဲ ပြန်လှည့်ခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်”ဟု ရေးမြို့ ရန်မျိုးအောင် ရပ်ကွက်နေ သမိုင်းလေ့လာသူ ဦးအောင်သန်းလွင်ကပြောသည်။

အဆိုပါ ခေါင်းလောင်းဟု ယူဆထားသည်ကို အချိန်ယူပြီး စနစ်တကျရှာဖွေမှသာ တွေ့ရှိနိုင်မည်ဖြစ်ကြောင်း ဒေသခံ ရပ်မိရပ်ဖများကသုံးသပ်ကြကာ ချောင်းအတွင်း ရေငုပ်သမားများဖြင့် ဆက်လက်ရှာဖွေသွားမည် ဖြစ်ကြောင်း ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေး မှူး ဦးအောင်လွင်ကပြောသည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)လောက်ကတော့ ဒီချောင်းနဲ့ဆက်စပ်နေတဲ့ ပင်လယ်ဝဘုရားတောင်မှာ တည်ထား တဲ့ စေတီတော်ဝန်းထဲက ခေါင်းလောင်းတစ်လုံးပျောက်ဖူးတယ်လို့ ကြားခဲ့တယ်။ အဲဒီခေါင်းလောင်းဟုတ်၊ မဟုတ် တော့ သေချာမသိဘူး။”ဟု ရေးမြို့ရှိ ထန်းခြောက်ပင်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မက မိန့် သည်။

ဇီးဖြူသောင်ကျေးရွာသည် ရေးမြို့နှင့် (၇)မိုင်ခန့်ကွာဝေးပြီး ခေါင်းလောင်းတွေ့ရှိသည့် အော်ကြီးချောင်း သည် ဇီးဖြူသောင်ကျေးရွာအနီး ရေးမြစ်အတွင်း အနောက်ဘက်မှ အရှေ့သို့စီးဝင်သည့် ချောင်းငယ်လေး တစ်ခုဖြစ် ကြောင်းသိရသည်။

ဝင်းနိုင်သက် (မြစ်မခ)
Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List