Tuesday, July 28, 2015

ကန်အဆင့်နိမ့် သတ်မှတ်မှုကို ထိုင်းမကျေနပ်


ထိုင်းနိုင်ငံအစိုးရအနေနဲ့ လူကုန်ကူးမှု ပပျောက်အောင် ကောင်းမွန်စွာ လုပ်ဆောင်မှုမရှိဘူးလို့ အမေရိကန် က ပြောဆိုခဲ့တာကို ထိုင်းအစိုးရက မကျေမနပ် ဖြစ်နေပါတယ်။ လူကုန်ကူးမှုကို တိုက်ဖျက်ရာမှာ အနိမ့်ဆုံး အဆင့်အဖြစ် ထိုင်း၊ အီရန်၊ လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယားနဲ့ အီရီထရီးယား နိုင်ငံတို့ကို ထည့်သွင်း ထားပါတယ်။

ထိုင်းနိုင်ငံကို ဒုတိယနှစ် ဆက်တိုက် အနိမ့်ဆုံး အဆင့်မှာ ထားရတာကတော့ ခေတ်သစ်ကျွန် ခိုင်းစေမှု၊ အမျိုးသမီးနဲ့ ကလေးတွေ လိင်ကျွန်အဖြစ် ရောင်းစား ခံရမှုတွေကို မတိုက်ဖျက်နိုင်တဲ့အတွက် ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

ထိုင်းအစိုးရကတော့ ဒီနောက်ပိုင်း အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အစွမ်းကုန် လုပ်ဆောင်ခဲ့ တာတွေ ရှိတယ်လို့ တုန့်ပြန်ထားပါတယ်။

မေလတုန်းက ထိုင်းအစိုးရကနေ လူကုန်ကူးမှုကို တိုက်ဖျက်ခဲ့ရာက လူကုန်ကူးသူတွေက ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်တွေ အများစု ပါဝင်တဲ့ လူတွေကို ပင်လယ်ထဲ ပို့ဆောင်ခဲ့ရာက ပင်လယ်ပြင်မှာ ထောင်နဲ့ချီ သောင်တင်ခဲ့ကြပါတယ်။

အမေရိကန် အစိုးရရဲ့ သတ်မှတ်ချက် မထုတ်ပြန်ခင်တုန်းက ထိုင်းနိုင်ငံကို အမေရိကန်က အဆင့်တိုးပေး မယ်လို့ ယူဆပါသလားလို့ ထိုင်းဝန်ကြီးချုပ် Prayu Chan-O-Cha ကို သတင်းထောက်တွေ မေးတဲ့အခါမှာ အဆင့်တိုးပေးမှာ မဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။

အမေရိကန်က အဆင့်မတိုးပေးပေမယ့် ထိုင်းကတော့ လူကုန်ကူးမှုကို ဆက်လက် တိုက်ဖျက်မှာဖြစ်ပြီး ဒီကိစ္စက တစ်လအတွင်း တစ်နှစ်အတွင်း ဖြေရှင်းလို့ ရတဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံကို အနိမ့်ဆုံး အဆင့်မှာ သတ်မှတ်ထားပေမယ့် မလေးရှားနိုင်ငံ ကိုတော့ အဆင့်တိုးပေးခဲ့တဲ့ အတွက် အခုဆိုရင် မလေးရှားက မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့နဲ့ အဆင့်တူနေကြောင်း သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List