Thursday, July 30, 2015

မိုင်းတုံဆည် ကိစ္စမှာ သြစီကုမ္ပဏီ ဝေဖန်ခံရ


မြန်မာနိုင်ငံ ရေအားလျှပ်စစ် စီမံကိန်းမှာ ပါဝင်တဲ့ သြစတြေးလျနိုင်ငံက အင်ဂျင်နီယာ ကုမ္ပဏီက ဝေဖန်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သြစတြေးလျနိုင်ငံက Snowy Mountains Engineering Corp SMEC လို့ခေါ် တဲ့ အဖွဲ့ကို မြန်မာအစိုးရနဲ့ မိုင်းတုံဆည် တည်ဆောက်မယ့် အဖွဲ့တွေက လေ့လာမှုလုပ်ဖို့ ငှားရမ်းတာ ဖြစ်ပါတယ်။

မိုင်းတုံဆည်က အမေရိကန် ဒေါ်လာ ၈ ဘီလီယံလောက်ကုန်ကျမှာဖြစ်ပြီး မီကာဝတ် ၇၀၀၀ အင်အားရှိ မယ့် မိုင်းတုံဆည်ကို တည်ဆောက်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဆိုးကျိုးနဲ့ လူမှုရေး ဆိုးကျိုး၊ ကောင်း ကျိုးနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လေ့လာဖို့ ဖြစ်ပါတယ်။

ဆည်တည်ဆောက်မယ့် ကိစ္စကို SNLD အပါအဝင် လူမှု အဖွဲ့အစည်းများ စွာက ဆန့်ကျင်နေကြပါတယ်။

သံလွင်ပေါ်မှာ မိုင်းတုံ ရေအားလျှစ်စစ်စီမံကိန်းဆည်တွေ တည်ဆောက်ဖို့၊ တရုတ်၊ မြန်မာနဲ့ ထိုင်းတွေက ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုလောလောဆယ် အချိန်အထိ သံလွင်မြစ်ဟာ ဘာဆည်မှ မရှိပဲ လွတ်လပ်စွာ စီးဆင်းနေတဲ့ ဆည်ဖြစ် ပြီး အဲဒီ မြစ်တလျောက်မှာ အပင်မျိုးစိတ်ပေါင်း ၇၀၀၀နဲ့ ရှားပါး ငါးအမျိုးအစား ၈၀ ကျော်ရှိတယ်လို့ ကမ္ဘာ့တောရိုင်း တိရိစ္ဆာန်များ စောက်ရှောက်ရေးအဖွဲ့ WWF က ပြောပါတယ်။

အခုတည်ဆောက်ဖို့ ကြိုးစားတဲ့ ဆည်က အမြင့်အားဖြင့် ၂၄၀ မီတာရှိမှာ ဖြစ်ပြီး စိုက်ပျိုးမြေနဲ့ တောရိုင်း မြေ စုစုပေါင်း ၆၇၆ စတုရန်း ကီလိုမီတာ လောက် ရေနစ်မြုပ်ဖို့ ရှိပါတယ်။

အဲဒီ ဆည်ကို တည်ဆောက်ဖြစ်ရင် လူအယောက်ပေါင်း သုံးသိန်းအထိ နေရာရွှေ့ပြောင်းမှု လုပ်ရမယ်လို့ လည်း သဘာဝ ပတ်ဝန်းကျင် လှုပ်ရှား သူတွေက ပြောပါတယ်။

ဆည်ဆောက်မယ် မဆောက်ဘူးဆိုတာကို မြစ်နဘေးမှာ နေထိုင်တဲ့ လူတွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ လည်း နိုင်ငံတကာ မြစ်ချောင်းများ အဖွဲ့က လှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆည်တည်ဆောက်မယ့် သြစတြေးလျ ကုမ္ပဏီဟာ နိုင်ငံခြားမှာ လာဒ်ပေး လာဒ်ယူမှုတွေ လုပ်တယ်ဆိုတဲ့ သတင်းကြောင့် သြစတြေးလျ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့လည်း AAP သတင်းမှာ ဖြော်ပထားပါတယ်။

ABC

No comments:

Post a Comment

My Blog List