Tuesday, July 28, 2015

IS ကို တိုက်ခိုက်တဲ့ ကရင်နီ တစ်ဦးနဲ့ မေးမြန်းချက်


Free Burma Rangers (FBR) လို့ခေါ်တဲ့ အဖွဲ့ဟာ IS အစ္စလာမ်မစ် အဖွဲ့ကို တိုက်ခိုက်ဖို့ အီရတ်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ FBR အဖွဲ့ထဲမှာ ကရင်လူမျိုး နှစ်ဦးနဲ့ ကရင်နီ ပြည်သားတစ်ဦးတို့ လိုက်ပါခဲ့ပါ တယ်။

ကရင်နှစ်ဦးက Kurdish တွေကို ဆေးကုသပေးတဲ့ ကျန်းမာရေး ဝန်ထမ်းဖြစ်ပြီး ကရင်နီတစ်ဦးကတော့ ဒီခရီးစဉ်မှာ ဗီဒီယို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

Kurdish လူမျိုး ကလေးငယ်တွေနဲ့ ကရင် ဓမ္မတေးသီချင်းတွေကိုလည်း သီဆိုပြီး ဆော့ကစားခဲ့ကြတာကို လည်း FBR က ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ 

အဲဒီ ဗီဒီယိုကို Free Burma Rangers အဖွဲ့က Evil at Our Doorstep တံခါးပေါက်ဝနားက နတ်ဆိုး လို့ နာမည်ပေးထားပါတယ်။ FBR အဖွဲ့ကို ခရစ်ယာန်အဖွဲ့တချို့က ထောက်ပံ့နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုတွေနဲ့ နေထိုင်ရတဲ့ ဘဝမှာ ဘယ်လို ရုန်းကန်အသက် ရှင်နိုင်သလဲဆိုတဲ့ ဘဝအတွေ့ အကြုံတွေကို Sinjar ဒေသက Kurdish တွေကို ဝေငှတာ ဖြစ်တယ်လို့ ဆိုပါတယ်။

FBR အဖွဲ့ဟာ ၁၉၉၇ ခုနှစ်ကတည်းက မြန်မာနယ်စပ်မှာ ဖြစ်ခဲ့တဲ့ စစ်တွေ အတွင်း ဒဏ်ရာရသူတွေကို ကုသပေးတဲ့ နယ်လှည့် ကျောပိုးအိတ် အဖွဲ့ လည်း ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List