Monday, July 27, 2015

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းဖမ်းဆီးခံရသည့် ဖြစ်စဉ်မှ လွတ်မြောက်လာသော ကျောင်းသား ကျောင်းသူ ၁၈ ဦးနှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တွေ့ဆုံမည်


လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းခံရပြီးနောက် လွတ်မြောက်လာသော  ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အ ခွင့်အရေး ကော်မရှင်တို့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံးခန်း၌ တွေ့ဆုံသွားမည်ဖြစ် ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်နေပိုင်က ဇူလိုင် ၂၆ ရက် တွင်ပြောကြား သည်။

အဆိုပါ ဗကသများအဖွဲ့အချုပ်မှ ဦးဆောင်သော သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော ဗကသကျောင်း သား၊ ကျောင်းသူ (၁၈)ဦးသည် ၎င်းတို့ဖြိုခွင်း ဖမ်းဆီးခံရစဉ်က ကျောင်းသားနှင့် ၀န်းရံပြည်သူများ လူ့အခွင့် အရေး ချိုးဖောက်ခဲ့ရမှုများကို အမြန်ဆုံးစုံစမ်း စစ်ဆေးပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံသို့  ဇူလိုင် ၈ ရက်က စာပေးပို့ တောင်းဆိုခဲ့သည်။

“ကျောင်းသားတွေအနေနဲ့ အမျိုးသားဥပဒေ ပြင်ဆင်ပေးဖို့ ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၃၅၄ အရတောင်းဆိုဆန္ဒပြခဲ့တယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ဖွဲ့စည်းပုံကိုကျော်လွန်ပြီး ဆောင်ရွက် ခဲ့တာတွေ ကြောင့် လူ့အခွင့်အရေး ကော်မရှင်ကို စာပေးဖို့တောင်းဆိုတာ ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ လူ့အခွင့်အရေး ကော်ရှင်ရဲ့ဆောင်ရွက်ပုံတွေကို စောင့်ကြည့်သွားပါမယ်။ ဘာမှမထူးလာရင်တော့ သက် ဆိုင်ရာကို တရားစွဲဆိုတာတွေ ပြုလုပ်ဖို့ရှိပါတယ်” ဟု ဗကသများအဖွဲ့ချုပ်မှ  ကိုအောင်နေပိုင်က ပြော ကြားသည်။

ဇူလိုင် ၂၇ ရက်တွင် လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံမည့် သူများ ထဲတွင် ကျောင်းသား ၁၀ ဦး၊ ကျောင်းသူရှစ်ဦး ပါဝင်မည်ဖြစ်ပြီး လက်ရှိ တွင်တက္ကသိုလ်၊ ကျောင်းတက်ဆဲကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြ ကြောင်း သိရသည်။

“ကော်မရှင်က ခေါ်တွေ့မယ်လို့ သိရတယ်။ သူတို့(ကော်မရှင်)ဘက်က တစ်ခုခု ဘာလုပ်မလဲ စောင့်ကြည့် မယ်။ ဘာမှမလုပ်ဘူး ဆိုရင်တော့ ကျွန်တော်တို့ တရားစွဲမယ်” ဟု  သာယာဝတီထောင်တွင် ထိန်းသိမ်းခံ ရပြီးနောက် ပြန်လည်လွတ်မြောက်လာသော မောင်သန့်လွမ်းဝေချစ်က ပြောကြားသည်။

ဆက်လက်ပြီး ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့်အပေါ် အရေးယူမည်ဆိုလျှင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ဖြင့်သာ အရေးယူရမည်သော် လည်း ယင်းပုဒ်မအပြင် ပုဒ်မ-၅၀၅(ခ)၊ ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇ စသည် တို့ဖြင့် သက်ဆိုင်ရာက အမှုခွင့်ခဲ့ကြောင်း ကိုအောင်နေပိုင်က ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ဖြိုခွင်းဖမ်းဆီးခံရစဉ်က ကျောင်းသားနှင့် ၀န်းရံပြည်သူများ အနေဖြင့် အကြမ်းဖက် ရိုက်နှက်ခံ ရခြင်း၊ ဆဲဆိုပြောဆိုခံရခြင်းနှင့် အသုံးအဆောင်ပစ္စည်းများ ပျောက်ဆုံးခဲ့ခြင်းများကိုပါ ကော်မရှင်သို့ ပေးပို့သည့်စာတွင် ထည့်သွင်းရေးသား ပေးပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ယင်းကဲ့သို့ စာရေးသားပေးပို့ တောင်းဆိုမှုကြောင့် ဇူလိုင် ၂၃ ရက်တွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သော်လည်း ၎င်းတို့ မအားသေးသော ကြောင့် တွေ့ဆုံမည့်ရက်ကို ဇူလိုင် ၂၇ ရက်သို့ ပြောင်းလဲချိန်းဆို ခဲ့ခြင်း ဖြစ်ကြောင်း ကိုအောင်နေပိုင်၏ ပြောကြားချက်အရ သိရသည်။  
     
Eleven Media Group

No comments:

Post a Comment

My Blog List