Monday, July 27, 2015

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ် နိုင်ပြီး အဆိုပါ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ချင်းပြည်နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဆက်လက် ဖြစ်ပွားနိုင်


ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ချင်းပြည် နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးချစ်ကျော်က ပြောကြားသည်။

“ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း (စစ်တွေအနောက်ဘက်) မှာ မုတ်သုံမုန်တိုင်းငယ်လေး ဖြစ်လာပြီး အိန္ဒိယဘက်ကို ရွေ့သွားပါလိမ်မယ်။ မုန်တိုင်းအန္တရာယ် မစိုးရိမ်ရပေမယ့် ၂၈ ရက်ကနေပြီးတော့ ၃၀ ရက်အတွင်းမှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ရေလျှံ၊ မြေပြိုမယ့် အန္တရာယ်တွေကို ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။  

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီး နိုင်ကြောင်း၊ မိုးသက်လေပြင်း ကျရောက်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက် ခိုက်နိုင်ကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

“၉၀ နောက်ပိုင်းမှာ အညာဒေသမှာ တစ်နှစ်ခြားတစ်ခါ မိုးကြီးတယ်။ မိုးကြီးတယ် ဆိုတာက အညာဒေသ မှာ မိုးရွာတာ မဟုတ်ဘူး။ အထက်ဘက်မှာ ရွာပြီးတော့ အလယ်ပိုင်းမှာ ရေလာကြီးတာ။ အခုက အထက် ဘက်မှာရော၊ အလယ်ပိုင်းမှာ မိုးရွာလိုက်တော့ နှစ်ခုပေါင်းပြီး ရေပိုကြီးသွားတာ ဖြစ်တယ်။ အခု စစ်ကိုင်း တိုင်းအထက်နဲ့ ကချင်မှာမိုးကြီးတာနှစ်ခု ပေါင်းပြီးတော့ ရေကြီးတာဖြစ်တယ်။ အခုဖြစ်မယ့် မုန်တိုင်းငယ် လေးက ထပ်ပြီးတော့ မိုးပေးဦးမယ်” ဟု ၎င်းက ပြောကြားသည်။

ယခု ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းငယ်ကြောင့် ချင်းပြည်နယ် တစ်ခုလုံးနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းများတွင် မြေပြိုခြင်း၊ ရေကြီးခြင်းများလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ မောင်းတော၊ စစ်တွေ၊ ကျောက်ဖြူအထိ မိုးကြီးမယ်။ သံတွဲ၊ တောင်ကုတ်ဘက်တော့ မပါဘူး။ ချင်းပြည်နယ်ဘက်က အကုန်လုံး မိုးကြီးမှာ။ ချင်းပြည်နယ်ထဲမှာ တောင်ကျရေတွေနဲ့ မြေပြိုတာ ရေကြီးတာ ဖြစ်နိုင်တယ်။ အခု သင်္ချာပုံစံ ခန့်မှန်းချက်အရ မိုးရေချိန်က ရှစ်လက်မနီးပါးလောက် ရွာနိုင် တယ်” ဟု ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၂၄ ရက်တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေ သကြီး ကိုးခုတွင် မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသအနှံ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး ယခု ထပ်မံကာ မုန်တိုင်းငယ်ကြောင့် မိုးဆက်လက် သည်းထန်နိုင်သည့် အခြေ အနေများလည်းရှိကြောင်း သိရသည်။

“မုတ်သုံလေ အားကောင်းရင် အလယ်ပိုင်းက အရင်တုန်းက မိုးနည်းသွားတယ်။ အခုက မုတ်သုံလေ အားကောင်းလည်း မိုးရွာနေတယ်။ အရင်တုန်းက အဲဒီလို မဖြစ်ဘူး။ ရာသီဥတုတွေ ပြောင်းလာတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက မုတ်သုံလေနဲ့ ပြောင်းပြန် အချိုးကျတယ်။ အခု ရာသီဥတု ပြောင်းလဲမှုကြောင့် မုတ်သုံလေ အားကောင်းရင်လည်း အလယ်ပိုင်းက မိုးရွာနေတယ်။ မုတ်သုံလေ အားနည်းရင်လည်း အခြား သော အကြောင်းအရာတွေကြောင့်လည်း အလယ်ပိုင်းမှာ မိုးရတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုသည် ၁၉၇၉ မှ စတင်ပြီး ၁၉၈၁ ခုနှစ်ရောက်မှသာ လူများ သတိ ထားမိလာကြောင်း၊ ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ၁၉၉၁ ခုနှစ်တွင် စတင်ခံစား လာရပြီး ပြည်သူလူထုသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ သိရှိလာကြောင်းလည်း ဦးကျော်မိုးဦးက ပြော ကြားသည်။

“အညာဒေသကလူတွေ အထူးသဖြင့် မုံရွာနဲ့ မကွေးကြားက လူတွေကို ကွင်းဆင်းပြီးတော့ မေးဖူးတယ်။ သူတို့ ပြောတာက ၉၀ အရှေ့ပိုင်းက စိုက်ရေးပျိုးရေး အဆင်ပြေတယ်လို့ ပြောတယ်။ ၉၀ နောက်ပိုင်းမှာ စိုက်တာနဲ့ မိုးရတာက တလွဲတွေ ဖြစ်လာတယ်လို့ ပြောတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List