Tuesday, July 28, 2015

ဆီးရီးယားမှာ IS ချေမှုန်းဖို့ ကန်နဲ့ တူရကီ သဘောတူ


ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ IS တွေ လုံးဝ အခြေမချ နိုင်အောင် ချေမှုန်းမှုတွေ လုပ်သွားဖို့ အမေရိကန် နဲ့ တူရကီတို့ သဘောတူခဲ့ကြပါတယ်။ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းက IS အစ္စလာမ်မစ် တပ်တွေကို ဘယ်လို တိုးမြင့် တိုက်ခိုက်မလဲ ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တူရကီတို့ ဆွေးနွေးခဲ့ရာက သဘောတူကြတာပါ။

တူရကီအနေနဲ့ IS ကို တိုက်ခိုက်တဲ့အပြင် Kurdish တပ်ကိုပါ တိုက်ခိုက်တဲ့ အတွက် စိုးရိမ်မကင်းမှုတွေ ဖြစ်နေကြပါတယ်။

တူရကီနယ်မြေနဲ့ အနီးတဝိုက်မှာ Kurdish လူမျိုး ၅ သန်းလောက် ရှိတာ ကြောင့် တူရကီအနေနဲ့ ကဒ်လူ မျိုးတွေနဲ့ သင့်မြတ်အောင် နေထိုင်သင့်တယ် လို့ ကဒ်တပ်ဖွဲ့ အကြီးအကဲ တစ်ယောက်က ပြောလိုက်ပါ တယ်။

IS ကို ခြေမှုန်းတိုက်ခိုက်နေတဲ့ ကဒ်တပ်ဖွဲ့ကို တူရကီက တိုက်ခိုက်နေတဲ့ အပေါ် ဝေဖန်မှုတွေ ရှိပေမယ့် အမေရိကန် အစိုးရကတော့ ကဒ်တွေကိုလည်း တိုက်ခိုက်ဖို့ တူရကီမှာ အခွင့်အရေးရှိတယ်လို့ ပြောလိုက် ပါတယ်။

ABC

No comments:

Post a Comment

My Blog List