Thursday, July 30, 2015

မလေးဝန်ကြီးချုပ် ဝန်ကြီးအဖွဲ့ပြောင်းလဲ


မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Najib Razak ဟာ သူ့ရဲ့ ဒုဝန်ကြီးချုပ်၊ ရှေ့နေချုပ်နဲ့ တခြား ဝန်ကြီး ၄ ယောက် ကို ရာထူးကနေ ဖယ်ရှားလိုက် ပါတယ်။ မလေးရှားနိုင်ငံပိုင် ငွေတွေကို မလေးရှား ဝန်ကြီးချုပ်က မိသားစု ပိုင် ဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး တဲ့နောက် ဝန်ကြီးချုပ်က အခုလို အပြောင်းအလဲ လုပ်လိုက်တာပါ။

Wall Street Journal မှာ ဖော်ပြချက်အရ မလေးရှား ဝန်ကြီးချုပ်ဟာ အမေရိကန် ဒေါ်လာ သန်း ၇၀၀ လောက်ကို အလွဲသုံးစားခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီအပေါ် မလေးရှားဝန်ကြီးချုပ်ရဲ့ တုန့်ပြန်မှုကို လက်အောက်ငယ်သား တွေဖြစ်တဲ့ ဒုဝန်ကြီးချုပ်နဲ့ တခြား ဝန်ကြီးတွေက ဝေဖန်ပြီးတဲ့ နောက် အလုပ်ကနေ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။

ဒုဝန်ကြီးချုပ်နေရာကို ပြည်ထဲရေး ဝန်ကြီးနဲ့ အစားထိုးလိုက်တဲ့အကြောင်းနဲ့ တခြားလူတွေကိုလည်း အစား ထိုးတဲ့အကြောင်း ဝန်ကြီးချုပ် Najib Razak က ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကတော့ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အစိုးရ အဖွဲ့အတွင်း စည်းလုံးညီညွတ်မှု ရှိအောင် လုပ် ဆောင်တဲ့အနေနဲ့ တချို့လူတွေကို ဖယ်ရှားလိုက်တာလို့ ပြောပါတယ်။

ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ကို တချို့လူတွေက စုံစမ်းစစ်ဆေးခံရမှာကို ကြောက်လို့ ဝေဖန်သူတွေကို ဖယ် ရှားလိုက်တာ ဖြစ်မယ်လို့ သုံးသပ်နေကြပါတယ်။ ဒီလုပ်ရပ်ကို အကြံကုန်လို့ လုပ်တဲ့ လုပ်ရပ်လို့ပဲ လူတွေ က မြင်ကြ လိမ့်မယ်လို့ Malaya တက္ကသိုလ်က နိုင်ငံရေး သုံးသပ်သူ Terence Gomez က ပြောသွားခဲ့ပါ တယ်။

ABC

No comments:

Post a Comment

My Blog List