စင်ကာပူနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ နိုင်ငံတကာ ဆယ်ကျော်သက်နဲ့ ကလေး အလှမောင်မယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ပြိုင်ခဲ့ကြတဲ့ ကလေးငယ်တွေလည်း ဆု ၉ ဆု ဆွတ်ခူးရရှိ သွားပါတယ်။ဇူလိုင် ၂၅ ရက် စနေနေ့ နောက်ဆုံးနေ့ပြိုင်ပွဲမှာ အသက် ၁၃ နှစ်ကနေ ၁၉ နှစ်ကြားယှဉ်ပြိုင်တဲ့ ဆယ်ကျော်သက် မယ်ပြိုင်ပွဲမှာ Miss Teen International 2015 ဆုကို ထိုင်းအလှမယ်က ရရှိသွားပြီး Mister Teen International 2015 ဆုကိုတော့ အင်ဒိုနီးရှားနိုင်ငံက ရပါတယ်။
အသက် ၈ နှစ်က ၁၂ နှစ်ကြားယှဉ်ပြိုင်တဲ့ Li’l Miss International 2015 ဆုကိုလည်း ထိုင်းအလှမယ် က ရရှိသွားပြီး Li’l Mister International 2015 ဆုကိုလည်း အင်ဒိုနီးရှားက ရပါတယ်။
မြန်မာနိုင်ငံက ဇွဲသူရိန်ကတော့ အသက် ၄ နှစ်ကနေ ၇ နှစ်အကြားယှဉ်ြ့ပိုင် တဲ့ Jr. Mister Interantional 2015 ဆုကြီးတဆုရသွားပြီး ဖိလစ်ပိုင် ကလေး အလှမယ် အန်နာရို့စ်က Mini Miss Internationa 2015 ဆုရရှိ ပါတယ်။
အလားတူ Royalty Princess & Prince ပြိုင်ပွဲဆုရရှိသူ ၅ ဦးမှာတော့ မြန်မာက မေနန္ဒာကျော် က Royality Teen Princess သရဖူဆု တခုရပြီး ဟိန်းမင်းသူကလည်း Royality Teen Prince ဆု ရရှိ သွားပါတယ်။
နိုင်ငံတကာ PRINCE & PRINCESS 2015 ပြိုင်ပွဲကို စင်ကာပူနိုင်ငံ အော့ချတ်ဒ်လမ်းမှာရှိတဲ့ အော့ချတ်ဒ် ကမ်းထရီးကလပ်မှာ ဇူလိုင် ၂၄ ရက်ကနေ ၂၅ အထိကျင်းပရာမှာ အာဆီယံဒေသ တွင်းနိုင်ငံတွေသာမက သြစတေးလျနဲ့ နယူးဇီလန်က ဆယ်ကျော်သက်နဲ့ ကလေး အလှမောင်မယ် တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ တာပါ။
မြန်မာနိုင်ငံက အသက်အရွယ်မတူတဲ့ ကလေးအလှမယ်နဲ့ မောင် စုစုပေါင်း ခြောက်ဦး ပါဝင်ခဲ့ရာမှာ မစ္စမီနီ မြန်မာအလှမယ်ဆုရ ချစ်ချစ်တုံက ပင်လယ် ကမ်းခြေစိတ်ကြိုက် ရေကူးဝတ်စုံဆုနဲ့ Best Dance အကောင်းဆုံးအက ကျွမ်းကျင်ဆု ပေါင်း ဆု ၂ ဆု ရရှိပါတယ်။
ဒ့ါပြင် ဒီပြိုင်ပွဲအတွင်း ညနေခင်းဝတ်စုံဆုကို မေနန္ဒာကျော်၊ ညဝတ်အင်္ကျီ ပြိုင်ပွဲ ဆုကို လရောင်လင်း၊ Best Portfolio ဆုကို ရှင်းသန့်ဖြူစင်နဲ့ Best Self Introduction အကောင်းဆုံး မိတ်ဆက်ဆုကို ဟိန်းမင်းသူ တို့က ရယူပေးနိုင်ခဲ့ပါတယ်။
DVB
No comments:
Post a Comment