Tuesday, July 28, 2015

သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ကျောင်းသားများကို လူ့အခွင့်အရေး ကော်မရှင်ခေါ်ယူတွေ့ဆုံ


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းအား လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက သပိတ်စစ်ကြောင်း တွင် ပါဝင်ခဲ့သည့် ကျောင်းသား ၁၃ ဦးကို ဇူလိုင် ၂၇ ရက်တွင် ခေါ်ယူတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။

လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ရုံး၌ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီမှစတင်၍ မွန်းလွဲ ၃ နာရီ အထိ ကော်မရှင်အဖွဲ့ ၀င်များနှင့် ကျောင်းသားများ တစ်ဦးချင်းစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

‘‘ကော်မရှင်ကို တိုင်ကြားတဲ့ အတွက် ဒီနေ့တစ်ယောက်ချင်းစီ ခေါ်တွေ့ပါ တယ်။ ပြီးရင် သူတို့ရဲ့တွေ့ဆုံပြောကြားချက် တွေကို စု စည်းပြီးတော့ ကော်မရှင်အဖွဲ့ဝင် တွေ တိုင်ပင်ပြီး တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ သတင်းထုတ်ပြန်ချက် ထုတ်ပါမယ်။ သာယာဝတီထောင်အတွင်းမှာ သွားတွေ့ပြီး ကျောင်း သားနဲ့ ၀န်းရံပြည်သူတွေကို မေး မြန်းခဲ့တဲ့အပေါ်မှာ သတင်းထုတ် ပြန်ချက်ကို ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်’’ဟု မြန်မာနိုင် ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။

ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းကို လက်ပံ တန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များက လိုအပ်သည်ထက်ပို၍ အင် အား သုံးအကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီး ရိုက်နှက်ခဲ့သည်ဟု အဆိုပါဖြစ် စဉ်တွင် ပါဝင်ခဲ့သည့် အခြေခံ ပညာကျောင်းသား ကိုအောင်မင်းခိုင် အပါအ၀င် ကျောင်းသား၊ ကျောင်းသူ ပူးတွဲပါ ၁၈ ဦးက မြန် မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်သို့ ဇူလိုင် ၈ ရက်ကသွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကော်မရှင်တွေ့တဲ့အချိန် မှာ ကျွန်တော်တို့ကို စွဲထားတဲ့ ပုဒ်မတွေက လူ့အခွင့်အရေးနဲ့ မညီ ဘူး။ ကျွန်တော်တို့ကို အင်အားသုံးဖြိုခွဲပြီးတော့ အရိုက်ခံရတာက ဥပဒေနဲ့မညီဘူး။ အခုမတရားတဲ့ ပုဒ်မတွေနဲ့ ကျောင်းသားတွေကို တရားစွဲ တယ်။ ကျွန်တော်တို့ မ တရားခံခဲ့ရတဲ့အပေါ် အစိုးရကို ပြန်ပြီးတော့ တရားစွဲဖို့ရှိတယ်လို့ ကော်မရှင်ကို ပြောခဲ့ပါတယ်’’ ဟု ကော်မရှင်သို့ တိုင်ကြားခဲ့သည့် ကို အောင်မင်းခိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင် အဖွဲ့ဝင် များက သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများကို ဖမ်း ဆီးထားသည့် သာယာဝတီထောင်သို့ ဇူလိုင် ၁၄ ရက်တွင် နှစ်ရက် ကြာသွားရောက်၍ ၎င်းတို့အခက် အခဲများကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပြီး ၎င်းတို့အား ရုံးထုတ် စစ်ဆေးသည့် သာယာဝတီမြို့ နယ် တရားရုံးသို့ ဇူလိုင် ၁၅ ရက် ၌ သွားရောက်လေ့လာခဲ့သည်။

လက်ပံတန်းမြို့နယ် တရား ရုံးသည် သာယာဝတီထောင်အ တွင်း ဖမ်းဆီးထားသည့် ကျောင်း သားများအပါအ၀င် ၀န်းရံပြည် သူများနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံ ရသည့် ကျောင်းသားခေါင်းဆောင်နန္ဒစစ်အောင်တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု (ပုဒ်မ ၁၄၃)၊ လူစုခွဲရန် အမိန့်ပေး ပြီးနောက် ဆက်လက်ပါဝင်မှု (ပုဒ်မ ၁၄၅)၊ ရုန်းရင်းဆန်ခတ်ဖြစ် စေ မှု (ပုဒ်မ ၁၄၇)၊ တာဝန်ထမ်း ဆောင်သော ၀န်ထမ်းကို နာကျင် စေမှု (ပုဒ်မ ၃၂၂)နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

7Day News Journal

No comments:

Post a Comment

My Blog List