Monday, July 27, 2015

ဦးသိန်းစိန် သမ္မတတာဝန် ထပ်မံထမ်းဆောင်ရေး ဝန်ကြီးဌာနအချို့တွင် ဆန္ဒပြုလက်မှတ်များ ကောက်ယူရန် သမ္မတရုံး ညွှန်ကြားခြင်း မရှိဟုဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒုတိယသမ္မတ သက်တမ်း ထပ်မံထမ်းဆောင်ရန်အတွက် ဝန်ကြီးဌာနအချို့ တွင် ဆန္ဒပြုလက်မှတ်များ ကောက်ယူနေခြင်းကို နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားခြင်း မရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ကောင်စီ နယ်မြေရှိ ဝန်ကြီးဌာနအချို့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဒုတိယသက် တမ်း ဆက်လက်ထမ်းဆောင်ရန် မေတ္တာရပ်ခံကြသူများက ဆန္ဒပြုလက်မှတ်များ ကောက်ယူနေကြောင်း လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်
သည်။

“အဲဒါ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလိုမျိုး တစ်ခါမှ ညွှန်ကြားတာ မရှိပါဘူး” ဟု ဆိုသည်။

ယင်းသို့ ဆန္ဒပြု လက်မှတ်ကောက်ယူခြင်းကို ကြားသိသော်လည်း မည်သည့်အဖွဲ့အစည်းမှ ဦးဆောင် ကောက်ယူနေခြင်းကိုမူ မသိရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။ “အဲလို လုပ်တာတွေတော့ ကြားတယ်။ ဒါပေမဲ့ ကိုယ်တွေဆီကိုတော့ ထိုးခိုင်း တာ မရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်သူလူထုမှ အမှန်တကယ် ဆန္ဒရှိသောကြောင့် လက်မှတ်ထိုး ဆန္ဒပြုခြင်း သည် လုပ်ပိုင်ခွင့် ရှိသော်လည်း ဌာနဆိုင်ရာ အကြီးအကဲများ၏ တိုက်တွန်းချက်ဖြင့် ရေးထိုးခြင်းဆိုလျှင် မဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

“သမ္မတကြီးကလည်း ပြည်သူက တောင်းဆိုရင် ဆက်လုပ်ရင် လုပ်မယ်ဆိုတာမျိုး ပြောထားတာ ရှိတာပဲ လေ။ ပြည်သူ့ဆန္ဒ အမှန်တွေဆိုရင် အပေါ်က ခိုင်းစရာကို မလိုပါဘူး” ဟု ဆိုသည်။

အလားတူ ဇူလိုင်လအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်သည့် ကျောက်တန်းမြို့နယ် မှော်ဝန်းတံတားဖွင့်ပွဲတွင် သမ္မတကြီး ဒုတိယသက်တမ်း ထပ်မံထမ်းဆောင်ပေးပါဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဒေသခံအချို့က ဆန္ဒပြုတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်မဝင်နှင့် သမ္မတအဖြစ် အရွေး ချယ်ခံရန် ရှိမရှိကို ပြည်သူလူထု၏ တောင်းဆိုမှု ဆန္ဒအပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောဆိုထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List