Monday, July 27, 2015

နိုင်ငံရေး ပါတီ ၇ ခုမှ အမတ်လောင်းများ ကော်မရှုင်တွင် အမည်စာရင်း စတင်သွင်း


၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ရွေးကောက်ပွဲကော်မရှင်မှာ ကိုယ်စားလှယ် လောင်း အမည်စာရင်း တင်သွင်း ထားတဲ့ နိုင်ငံရေးပါတီ ၇ ပါတီနဲ့ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦးရှိနေပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စတင်လျှောက်ထား ခွင့်ပြုတဲ့ ဇူလိုင် ၂၀ ရက်ကနေ ၂၆ရက်အထိ ပါတီ ၇ပါတီနဲ့ တသီးပုဂ္ဂလတွေက  ပြည်သူ့လွှတ်တော်အတွက် ၁၀ ဦး၊ အမျီုးသားလွှတ်တော် အတွက် ၄ ဦးနဲ့ ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်အတွက် ၂၃ ဦး စုစုပေါင်း ၄၆ ဦး တင်တသွင်ထား တာလို့ ဆိုပါတယ်။

အမတ်လောင်း စတင်သွင်းတဲ့ ပါတီ ၇ ပါတီထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ) အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ် သော ကရင်မျိုးသားဒီမိုကရက်တစ် ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)  တို့ပါဝင် ပြီး အမည်စာရင်းသွင်းထားတဲ့ တသီးပုဂ္ဂလအမတ် အရေအတွက်ကတော့  ၁၃ ဦးပါဝင်ပါတယ်။

ပါတီတွေထဲမှာ တစညပါတီက ၁၄ ဦးနဲ့ ကိုယ်စားလှယ်လောင်း ဦးရေ အများဆုံးဖြစ်ပြီး၊ အန်ဒီအက်ဖ်ပါတီ က ၇ ဦး ကြံ့ခိုင်ရေးပါတီက ၅ ဦး၊ အန်အယ်လ်ဒီပါတီကတော့   ပြည်နယ်တိုင်းလွှတ်တော်မှာ  ၁ ဦး ပါဝင်  ပါတယ်။

လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်းတွေကို ဇူလိုင် ၂၀ ရက်ကနေ သြဂုတ် ၈ ရက်ထိ နောက်ဆုံးထား ကော်မရှင်မှာ တင်သွင်းခွင့်ပြုထားတာပါ။

ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာရုပ်သိမ်းလိုပါက သြဂုတ် ၁၁ ရက်နောက်ဆုံးထား ရုပ်သိမ်းနိုင်ပြီး ကိုယ်စားလှယ်လောင်းအမည် စာရင်းတွေကို သြဂုတ် ၁၂ ရက်ကစ ၂၁ ရက်အထိ စိစစ် သွားပြီးနောက် ကော်မရှင်က အတည်ပြုကြေညာပေးဖို့ရှိပါတယ်။

DVB

No comments:

Post a Comment

My Blog List