Thursday, July 30, 2015

လေယာဉ်အပိုင်းစတွေ့ ပျောက်ဆုံးတဲ့ မလေးလေယာဉ်လို့ထင်


အာဖရိကတိုက်နဲ့ နီးတဲ့ La Reunion ကျွန်းပေါ်ကို လေယာဉ်အပိုင်းအစ လှိုင်းနဲ့အတူပါလာရင် သောင်တင် နေရာက ဒါဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အပိုင်းအစ ဖြစ်မယ်လို့ ယူဆနေကြ ပါတယ်။

အဲဒီလေယာဉ်ရဲ့ အပိုင်းအစဟာ ၂ မီတာလောက် ရှည်လျားပြီး လေယာဉ်တောင်ပံရဲ့ အစိတ်အပိုင်းဖြစ်မယ် လို့ ယူဆနေကြပါတယ်။ La Reunion ကျွန်းဟာ Madagascar ကျွန်းအနားမှာ တည်ရှိပါတယ်။

ကျွန်းပေါ်ကလူတွေက ကမ်းခြေတလျှောက်မှာ သန့်ရှင်းရေးလုပ်တုန်း လေယာဉ် အစိတ်အပိုင်း တစ်ခုကို တွေ့ခဲ့တာပါ။

အဲဒီ အပိုင်းအစပေါ်မှာ တခြားအရာတွေကပါ တွယ်ကပ်နေပြီဆိုတာကို ကြည်ြ့ခင်းအားဖြင့် ပယ်လယ်ထဲ အချိန်အကြာကြီး ရောက်ရှိနေတာလို့ သုံးသပ်နိုင်ကြောင်း မျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံ လေကြောာင်းလိုင်း အရာရှိတွေက စုံစမ်းမှု လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီလေယာဉ် အပိုင်းအစက ဘယ်လေယာဉ် အပိုင်းအစ ဖြစ်နိုင်မလဲ။

မလေးရှားပိုင် MH370 လေယာဉ်က ၂၀၁၄ ခုနှစ် မတ်လတုန်းက ကွာလာလမ်ပူကနေ ဘေကျင်းမြို့ကို အသွား ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အီသီယိုးပီးယား လေကြောင်းပိုင် 961 လေယာဉ်ဟာလည်း ၁၉၉၆ ခုနှစ်တုန်းက သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်တောင်းတဲ့ အီသီယိုးပီးယား နိုင်ငံသား သုံးယောက်ရဲ့ ပြန်ပေးဆွဲမှုကြောင့် အိန္ဒိယ သမုဒ္ဒရာထဲ ထိုးကျပြီး လူပေါင်း ၁၇၅ ယောက်ထဲက ၁၂၅ ယောက် သေဆုံးခဲ့ရပါတယ်။

တောင်အာဖရိကပိုင် ၂၉၅ လေယာဉ်ဟာလည်း ၁၉၈၇ ခုနှစ်တုန်းက အိန္ဒိယ သမုဒ္ဒရာထဲ ထိုးကျသွားခဲ့ဖူး ပါတယ်။

ဒီလေယာဉ်အပိုင်းအစက ဘယ်လေယာဉ်ရဲ့ အပိုင်းအစ ဖြစ်မလဲဆိုတာကို သိနိုင်ဖို့ မလေးရှားကလည်း ကိုယ်စားလှယ်တွေကို စေလွှတ်ပြီး စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တချို့လူတွေကတော့ လေယာဉ် အစိတ်အပိုင်းတောင် ဟုတ်ရဲ့လားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ပြောဆို နေကြပါတယ်။

ABC

No comments:

Post a Comment

My Blog List