Tuesday, July 28, 2015

တရုတ်နဲ့ ကုန်သွယ်သဘောတူမှုကို သြစီ ကန့်ကွက်


သြစတြေးလျနိုင်ငံမြောက်ပိုင်း ဘရစ္စဘိန်းမြို့က အလုပ်သမားအယောက်ပေါင်း ၂၀၀၀ လောက်က တရုတ် နဲ့ သြစတြေးလျအကြား လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါ တယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီမှုက သြစတြေးလျနိုင်ငံထဲ တရုတ်အလုပ်သမားတွေကို ဝင်လာ စေပြီး သြစတြေးလျနိုင်ငံသားတွေရဲ့ အလုပ်ကို ဝင်ယူမှာကို စိုးရိမ်တဲ့အတွက် အလုပ်သမား သမဂ္ဂတွေက စုပေါင်း ဆန္ဒပြတာ ဖြစ်ပါတယ်။

အဲဒီ ဆန့်ကျင်ပွဲမှာ ပါဝင်တဲ့ အတိုက်အခံ လေဘာပါတီက လွှတ်တော်အမတ် Sue Lines က သြစတြေးလျ နိုင်ငံရဲ့ ကုန်သွယ်ရေး တိုးမြင့်မှုကို လူတိုင်း မြင်လိုပေမယ့် ကုန်သွယ်ရေး သဘောတူညီချက်က တရားမျှတ တဲ့ ကုန်သွယ်ရေး ဖြစ်ရမယ်လို့ ပြောပါတယ်။

နောက်လွှတ်တော်အမတ် တစ်ယောက်ကတော့ အစိုးရအနေနဲ့ တရုတ်နဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ လွတ်လပ် စွာ ကုန်သွယ်ရေး သဘောတူညီချက်ကို လျို့ဝှက်စွာ လုပ်ဆောင်တဲ့အတွက် အခုလို ဖြစ်ရတာလို့ ဝေဖန် လိုက်ပါတယ်။

သြစတြေးလျ အစိုးရကတော့ ဒီသဘောတူညီမှုက သြစတြေးလျကို နစ်နာအောင် လုပ်မှာမဟုတ်ပဲ ကောင်း စားစေမယ်လို့ ပြောပါတယ်။

သြစတြေးလျကို ဝင်လာမယ့် တရုတ်အလုပ်သမားတွေဟာလည်း အစိုးရက သတ်မှတ်တဲ့ အရည်အချင်းနဲ့ ပြည်ဝင်ခွင့်တွေ ရှိမှ ဝင်ခွင့်ရမယ်လို့ တုန့်ပြန်ထားပါတယ်။

တရုတ်နဲ့ ထားရှိတဲ့ သဘောတူညီမှုက သြစတြေးလျနိုင်ငံ မွေးမြုရေးသမားနဲ့ နို့ပစ္စည်း ထုတ်လုပ်သူတွေ အတွက် အကျိုးရလဒ် များလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

သြစတြေးလျ အမဲသားတွေက အရည်အသွေး မြင့်တယ်လို့ မြင်ကြသလို နို့မှုန့်နဲ့ ပတ်သက်လာရင် တရုတ် နို့မှုန့်ကို တရုတ်ပြည်သူတွေ အယုံအကြည် မရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List