Monday, July 27, 2015

သောင်းကျန်းသူအုပ်စုများကို အိန္ဒိယစစ်တပ်က နယ်မြေတွင်းထိ စီးနင်းလိုက်လံခွင့်မြန်မာ သဘောတူ


အိန္ဒိယစစ်တပ်က သောင်းကျန်းသူများကို အပူတပြင်းလိုက်လံရာတွင် နိုင်ငံတကာနယ်စပ်သတ်မှတ်မျဉ်းကို ဖြတ်လျက် ပိုင်နက်နယ်မြေတွင်းထိပါ ဝင်ရောက်လိုက်လံနိုင်ခွင့်ကို မြန်မာဖက်က ခွင့်ပြုခဲ့သော် လည်း မြန်မာနိုင်ငံသားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက်ကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ကာ သဘောတူညီမှုချမှတ်ခဲ့သည်။
အဆိုပါ သဘောတူညီမှုကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိန္ဒိယပြည် ထဲရေးဝန်ကြီး ရာဂျနက်ဆင်းခ်ျနှင့် ဇူလိုင် ၂၆ ရက် တွေ့ဆုံစည်းဝေးမှု တစ်ရပ်အတွင်း သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ယင်းတွေ့ဆုံ အစည်း အဝေးတွင် အမျိုးသား လုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ်နှင့် ပူးတွဲထောက် လှမ်းရေးကော်မတီဥက္ကဌ ရာဝီတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း အခွင့်အာဏာရှိ လုံခြုံရေးသတင်းရင်းမြစ်တစ်ရပ်က သတင်းစာသို့ပြောကြား ပြီး မြန်မာဖက်က နယ်စပ်လုံခြုံရေးခိုင်မာ အားကောင်းအောင် အိန္ဒိယနှင့် အတူ ပူးပေါင်းလျက် ထပ်တိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချသွားရန်ကိုလည်း သဘောတူခဲ့ သည်ဟု သိရသည်။

ယခုကဲ့သို့ သဘောတူညီမှုများရရှိခြင်းသည် မြန်မာပိုင်နက်အတွင်းက အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် သောင်းကျန်းသူအဖွဲ့များ တိုက်ထုတ်ရေးတွင် အိန္ဒိယနိုင်ငံအား မြန်မာ၏ အကူအညီကို အာမခံလိုက်ခြင်းပင်ဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

နှစ်နိုင်ငံကြား ယင်းသဘောတူညီမှု ရရှိခြင်းသည် အရှေ့မြောက်ပိုင်းတွင် အိန္ဒိလုံခြုံရေးတပ်ဖွဲ့ဝင်များ မကြာသေးမီက တိုက်ခိုက်ခံရခြင်းနှင့်  National Socialist Council of Nagaland (NSCN-K) မှ Khaplang ဂိုဏ်းကွဲ စခန်းများနှင့် အခြားသော အရှေ့မြောက်ပိုင်း သောင်းကျန်းသူအုပ်စုများကို အိန္ဒိယအထူးတပ်ဖွဲ့ဝင်များက နယ်စပ်ဖြတ်ကျော်စီးနင်း တိုက်ခိုက်ခြင်းများနှင့် ပတ်သက်သည့် ဖြစ်ပေါ်ခဲ့သည့် ထင်မြင်သဘောထားများကို ပြေလည်စွာ ကျော်လွှားအောင်မြင်မှု ရရှိလိုက်ခြင်းပင်ဖြစ်သည်။

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အိန္ဒိယတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒယ်ဘာဆင်းခ်ျဆူဟတ်ခ်ျနှင့် လည်း တွေ့ဆုံခဲ့ပြီး အိန္ဒိယတွင် မြန်မာတပ်မတော် အရာရှိများအား လေ့ကျင့် သင်တန်းပေးရေးတွင်လည်း သဘောတူ ညီမှုရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List