Wednesday, July 29, 2015

“ကွဲပြားနေတဲ့ ကရင်တွေကို တပေါင်းတစည်းတည်း ဖြစ်စေချင်တယ်”


၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ တိုင်းရင်းသားဒေသများတွင် တိုင်းရင်သားပါတီများက လည်း ပါတီ အောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ရာ တိုင်းရင်းသား ပါတီတခု ဖြစ်သည့် ကရင် ပြည်သူ့ပါတီ၏ မဲဆွယ် စည်းရုံးမှု အခြေအနေ၊ မူဝါဒလမ်းစဉ်များနှင့်ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် မင်းခန့်ပိုင်က ကရင်ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစောအေးကိုနှင့် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ကရင်ပြည်သူ့ပါတီက မဲဆန္ဒရှင်တွေကို ဘယ်လို အကြောင်းအရာနဲ့ အဓိက မဲဆွယ် စည်းရုံးသွား မှာလဲ။

ဖြေ။ ။ အဓိကကတော့ ငြိမ်းချမ်းရေးပေါ့နော်။ ပြည်ထောင်စုအဆင့် အနေနဲ့ ငြိမ်းချမ်း ရေးကို ဦးစားပေး မယ်။ ကွဲပြား နေတဲ့ ကရင်တွေကို တပေါင်း တစည်းတည်း ဖြစ်စေချင်တယ်။ အကွဲကွဲ အပြား ပြား မဖြစ်စေ ချင်ဘူး။ ဒုတိယ အချက်ကတော့ ကရင်ပြည် နယ်ထဲမှာ ငြိမ်းချမ်းရေး မရှိတော့ ဖွံဖြိုးရေး ပိုင်း တွေ နိမ့်ကျ နေတယ်။ လူမှုရေး၊ စီးပွားရေးတွေလည်း အဘက် ဘက် က နိမ့်ကျနေတယ်။ ဒါကြောင့် ဖွံဖြိုးရေး ပိုင်းက ဒုတိယလုပ်ဖို့ လိုတာပေါ့။ လက်ရှိ ပြည်နယ် အစိုးရက လည်း လုပ်ဖို့ လိုနေပါတယ်။

မေး။ ။ ပါတီအနေနဲ့ ရွေးကောက်ပွဲ ၀င်ဖို့ဘာတွေ ပြင်ဆင်ထားလဲ။

ဖြေ။ ။ ပြင်ဆင်မှုပိုင်းမှာ ထုတ်ပြန်ထားတဲ့ အမိန့်အရ စည်းရုံးရေးကာလ ဖြစ်တဲ့ အ တွက် စည်းရုံးရေးတွေ ဆင်းနေ ပါပြီ။ ဧရာဝတီတိုင်းထဲမှာဆိုရင် နေရာအာလုံး နီးနီးလောက် ဆင်းထားပြီး ဖြစ်တယ်။ မွန်ပြည် နယ်ဆိုရင် ၂၀၁၀ တုန်းက ထက် စည်းရုံးရေးအား ပိုတိုးတက်လာတယ်။ ကရင် ပြည် နယ်ထဲက အခုမှ စတာဆိုတော့ ဖာပွန်ရယ် ကြာအင်းဆိပ်ကြီး၊ မြ၀တီ၊ သံတောင်တို့မှာ အခြေချပြီးပြီ။ ကိုယ်စားလှယ်လောင်း တင်ဖို့ကတော့ ကြာအင်းဆိပ်ကြီးပဲ ကျန်ပါတော့တယ်။ စိစစ် နေတုန်းမို့ပါ။

မေး။ ။ ပါတီအနေနဲ့ကရင်ပြည်နယ်ကနေ လွှတ်တော်မဲဆန္ဒနယ် ဘယ်လောက်ဝင်ပြိုင်မလဲ။

ဖြေ။ ။ ၂၀၁၀ မှာ ကရင်ပါတီအနေနဲ့ ၄ ပါတီရှိပဲ ရှိတယ်။ အခု ၂၀၁၅ မှာတော့ ၆ ပါတီ အထိ ရှိလာတယ်။ ကျနော်တို့ ပါတီ ခေါင်းဆောင်ပိုင်း တွေက ဧရာဝတီတိုင်းက မြစ်ဝကျွန်းပေါ် ကရင်တွေ ဖြစ်နေတယ်။ ဟိုတုန်းက ဒီနယ်ထဲဝင်ဖို့ အခက်အခဲတွေ ရှိနေတယ်။ အခု နောက်ပိုင်းမှာ ကျတော့ ကရင် လူထုက ပိုကျယ်ပြန်ကလာတဲ့ အတွက်ကြောင့်ပါ။ အခုဆိုရင် ပါတီအနေနဲ့ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနသာင်္ရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ၀င်ပြိုင်သွားမယ်။ ဒီတိုင်းနဲ့ ပြည်နယ် ၆ နေရာအ တွက် ကိုယ်စားလှယ်လောင်း ၁၁၅ ဦးအထိ လျာထားပြီးပါပြီ။

မေး။ ။ ပါတီအနေနဲ့ ဘယ်လို မူဝါဒတွေနဲ့ မဲဆွယ်သွားမလဲ။

ဖြေ။ ။ ပညာရေးနဲ့ စီးပွားရေးမူဝါဒတွေကတော့ လက်ရှိ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ မူဝါဒအပေါ်မှာပဲ ခါးဆက် မပြတ်သွားအောင်နဲ့ ပြောင်းလဲသင့်တယ် ထင်တဲ့အရာတွေကိုလည်း ပြောင်း လဲမယ်။ စီးပွားရေး ပိုင်းမှာလဲ ဒီလိုပဲ ဆောင်ရွှက်ဖို့ ရှိတယ်။ ပညာရေးဆိုရင် ခေတ်နဲ့ စနစ်နဲ့ အညီ တန်းတူ မှီအောင် လုပ်သွား မယ်။ ကရင် ပြည်နယ်ရဲ့ နိမ့်ကျနေတဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဖွံဖြိုးရေးပိုင်းတွေကို ပြောင်းလဲ မယ်။

မေး။ ။ ပါတီအနေနဲ့ ပါတီဝင်ပေါင်း ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ ပြည်နယ်နဲ့ တိုင်းအလိုက် အားလုံးပေါင်း ၁၂၀၀၀၀ ကျော်လောက် ရှိပါတယ်။ နောက်ဖြည့်စွက် စာရင်းသွင်းဖို့ကျန်တာတွေ မပါသေးဘူးပေါ့။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမယ်လို့ ထင်လား။

ဖြေ။ ။ အကြမ်းဖျဉ်း တွက်ရင်တော့ ၂၀၁၀ ရွေးကောက်ပွဲထက် စာရင်တော့ ပိုပြီး သန့်စင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာ မယ်လို့ မျှော်လင့်ရတာပေါ့။ သူတို့ ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွှန်ကြားချက်တွေအတိုင်း လိုက် နာ ဆောင်ရွက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ နိုင်ငံရေး အခင်းအကျင်းအရ တိုင်းရင်းသား ပါတီ တွေအနေနဲ့ စုစည်းမှု အား ကောင်း လာတယ်။ ဒီလို အနေအထားအရ ကြည့်မယ်ဆိုရင် တဘက်သတ်ကြီး အနိုင်ယူလို့ မရပါဘူး။ အခြား နိုင်ငံရေး ပါတီတွေရဲ့ စုစည်းမှု အားကောင်းတာတွေ ပြည်သူတွေ ရဲ့အ ကြောက်တရား လျော့နည်းပြီး လုပ်ရ မယ့် အရာတွေ ထင်သာမြင်သာ ရှိလာတာကြောင့် ခုနက ပြောတဲ့ နိုင်ငံရေး အခင်းအကျင်းအရ ပိုတိုး တက်လာဖို့ပဲ ရှိပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်ခဲ့ရင် မဲဆန္ဒရှင် ပြည်သူတွေက နိုင်ငံကြီးသား ပီသစွာမဲပေးကြပါလို့ ပြောချင်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List