Wednesday, July 29, 2015

ဖမ်းဆီးခံကျောင်းသားတွေ ရဲမှူးနဲ့ အမှုစစ်တို့ကို စွဲချက်တင်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ကန့်ကွက်ဆန္ဒပြမှုနဲ့ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်း ကျခံနေရတဲ့ ကျောင်းသားတွေက သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ လက်ပံတန်းစခန်းမှူး တို့ကို မတရား ချုပ်နှောင်မှုနဲ့ တရားစွဲဆိုဖို့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ (ဇူလိုင်လ ၂၈ ရက်နေ့) စွဲချက်တင်ခဲ့ တယ်လို့ ဖမ်းဆီးခံ ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

တရားလိုဖြစ်တဲ့ သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နဲ့ အမှုစစ်ဖြစ်တဲ့ လက်ပံတန်းစခန်းမှူး ရဲအုပ်စန်းမြင့်ကို စွပ်စွဲခံရသူတွေအပေါ် တရားဥပဒေ ချိုးဖောက်မှုနဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှု အင်္ဂါရပ် တွေ ရှိနေတဲ့အတွက် တရားစွဲ ဆိုပေးဖို့ စွဲချက်တင်ရတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“လက်ခံတာ မခံတာ တရားရုံးအပိုင်းပဲ။ နောက်တစ်ပတ်ကို လျှောက်လဲချက် ပေးလိမ့်မယ်။ မတရားဖမ်းဆီး မှု ပုဒ်မကတော့ ဘယ်အတိုင်းအတာအထိ ပေးမယ်ဆိုတာ တရားသူကြီးပေါ် မူတည်တယ်” လို့ သူက ပြောပါတယ်။

အသက်မပြည့်တဲ့ ကလေးသူငယ်နှစ်ဦးကို သာယာဝတီထောင်သို့ နှစ်လ ကျော် အချုပ်ရီမန်ပို့တာ၊ ကျောင်း သားတွေကို အမှုနဲ့ ဖမ်းဆီးတဲ့အပေါ် ချက်ချင်းအမှုမဖွင့်ဘဲ တစ်ရက် ချုပ်နှောင်ပြီးမှ အမှုဖွင့်တဲ့ အချက်တွေ အရ မတရားဖမ်းဆီး ချုပ်နှောင်မှုကို ကျူးလွန်ရာ ရောက်တယ်လို့ သူက ရှင်းပြပါတယ်။

နောက်ရုံးချိန်းကို သြဂုတ်လ ၄ ရက်နေ့လို့ သတ်မှတ်လိုက်ပြီး ဇူလိုင် ၂၈ ရက်နေ့ ရုံးအထုတ်မှာ ဝန်းရံ ပြည်သူ ၁၀ ဦးကို အာမခံ တင်သွင်းရာ ထောင်ဆရာဝန်ရဲ့ ဆေးစစ်ချက် လိုအပ်တာကြောင့် အခက်အခဲ အနည်းငယ် ရှိခဲ့တယ်လို့ ကျောင်းသားမိဘတွေ ထံမှ သိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List