လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးသည့်ကာလတွင် အသုံးစရိတ်အဖြစ် ကျပ်သိန်းတစ်ရာ ကို ရွေးကောက်ပွဲကော်မရှင်မှ တရား ဝင်သတ်မှတ်ထားခြင်းသည် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက် ထောင်ချောက် တစ်ခု ဖြစ်လာနိုင်သည်ဟု ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညို ညိုသင်းက ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ကျပ်သိန်းတစ်ရာကို လွှတ်တော်ကိုယ်စားလှယ်လောင်း များ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း အသုံးပြုရာ၌ ပြိုင်ဘက်ပါတီများက ထောက်ချောက်ဆင်ကာ အသုံးစ ရိတ် ပိုတင်ပြခြင်း၊ မဲဆွယ်စည်းရုံးသည့် ခရီးစဉ်အတွင်း ကုန်ကျစရိတ်တက်စေရန် တမင်ကြံဆောင်ခြင်းတို့ကို စိုး ရိမ်နေသည့် သဘောဖြင့် ပြောဆို လိုက်ခြင်းဖြစ်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ အသုံးစရိတ်ကို ကိုယ်စားလှယ် လောင်းတွေက ကိုယ့်ဘာသာပဲတွက်ပြီး တင်ပြရတယ်။ ကော်မရှင်က အသုံးစရိတ်ကို လိုက်လံကြည့်ရှု မှတ်သား ဖော်ပြပေးတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ စောင့်ကြည့်မှတ်သား ဖော်ထုတ် သွားမယ်ဆိုရင် ကိုယ်စားလှယ်လောင်းတွေအတွက် ထောင် ချောက်တစ်ခုလို ဖြစ်လာနိုင်တယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲများအတွက် လွှတ် တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ် စည်းရုံးရေး အသုံးစရိတ်တွင် ကားငှားသွားလျှင် ကားငှားခ၊ စည်းရုံးရန် အတွက် ရေးသားထားသည့် စာရွက်များပုံနှိပ်ခ၊ စည်းရုံး ရေးဆင်းချိန်တွင် ပြည်သူများ လိုက်ပါပါက လိုက်ပါသူ များအတွက် ထမင်းစရိတ် စသည်များပါ ထည့်တွက်သည် ဟုသိရသည်။
လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်းများ၏ စည်းရုံးရေးကာလအတွင်း အပြိုင် ပါတီနှင့် မသမာသူ တချို့မှ စောင့်ကြည့်မှတ်သားမည် ဆိုလျှင် ကိုယ်စားလှယ်လောင်းများ၏ ကားနောက်မှ ယင်း ကိုယ်စားလှယ်အား ထောက်ခံသည့် ပြည်သူများမှ ကား များဖြင့် လိုက်မည်ဆိုလျှင် ကိုယ်စားလှယ်လောင်း၏အသုံး စရိတ်တွင် ထည့်သွင်းမှတ်သားမည်ဆိုပါက မှတ်သားနိုင် သည့်အတွက် သတိထားစရာတစ်ခု ဖြစ်နေသည်ဟု လွှတ်တော် ကိုယ်စားလှယ်တို့က ဆိုသည်။
''ရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်တဲ့ကာလမှာ တစ်ယောက်ချင်း စီကိုလိုက်ပြီး လေ့လာစောင့်ကြည့်တာမျိုး မလုပ်နိုင်ပါ ဘူး။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေက သူတို့တင် လာတဲ့ အသုံးစရိတ်တွေကို ကော်မရှင်က အသုံးစရိတ် စိစစ်ရေးအဖွဲ့တွေက စစ်ဆေးမှာပါ။ အဲဒီအခါမှာ သူတို့ တွေရဲ့လုပ်ရပ်တွေကို တိုင်တဲ့ လူတွေရှိရင် သေချာအောင် ပြန်စစ်ဆေးတာမျိုးတွေ လုပ်ရမယ်'' ဟု ရွေးကောက်ပွဲ ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဟန် က ပြောသည်။
ရွေးကောက်ပွဲစည်းမျဉ်းအရ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အတွက် မြို့နယ် တစ်မြို့လျှင် နှစ်ယောက်၊ ပြည်သူ့လွှတ်တော် အတွက် တစ် မြို့နယ်လျှင် တစ်ယောက် အများဆုံး ၃၃ဝ ထက်မပိုရ၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည် နယ်တစ်ခုလျှင် ၁၂ ဦးဖြင့် အများဆုံး၂၂၄ ဦးထက် မပို ရဘဲကိုယ်စားလှယ်များ ကို ရွေးကောက်ခံရမည်ဖြစ်သည်။
Yangon Media Group
No comments:
Post a Comment