Wednesday, December 16, 2015

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအတွက် ကျပ် ၆၄ သိန်းကျော်သုံးစွဲ ခဲ့ဟုဆို


၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အသုံးပြု ခဲ့သည့် ရွေး ကောက်ပွဲကုန်ကျစရိတ်မှာ ကျပ် ၆၄ သိန်းကျော် (၆,၄၇၉,၆၄၁ ကျပ်)ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးတောင်ပိုင်းခရိုင်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သ တင်းရရှိသည်။
အဆိုပါ ကျပ် ၆၄သိန်းကျော် တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိုက်ထုတ်သုံးစွဲငွေ ကျပ် ၃၇ သိန်းထိရှိခဲ့ပြီး ကျန်ငွေများမှာ ၎င်း၏ ရွေး ကောက်ပွဲ ကုန်ကျစရိတ်အတွက် ထည့်ဝင်လှူဒါန်းကြသည့်ငွေများဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ၎င်း၏ ရွေး ကောက်ပွဲကိုယ်စား လှယ် ဒေါ်ကြည်ကြည်ဝင်းက တရားရုံး ကျမ်းကျိန်လွှာ နှင့်အတူ ဒီဇင်ဘာ ၇ ရက်ကတည်းက တောင်ပိုင်းခရိုင်ရွေးကော်ပွဲကော် မရှင်အဖွဲ့ခွဲသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

‘‘အခုအချိန်ထိတော့ ရွေး ကောက်ပွဲနဲ့ပတ်သက်တဲ့ တိုင်တန်းမှုတစ်စုံတစ်ရာ မရှိသေးပါဘူး’’ဟု တောင်ပိုင်းခရိုင် ရွေးကောက်ပွဲအရာရှိ ဦးသန်းဇော် ထွေးက ဒီဇင်ဘာ ၁၅ ရက်တွင် 7Day Daily အား ပြောသည်။

ကော့မှူးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေအရ ခွင့်ပြုထားသည့် ရွေးကောက်ပွဲကုန်ကျစရိတ်သိန်း ၁၀၀ တွင် ကျပ် ၆၄ သိန်းကျော်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအသုံးစရိတ်ကျပ်သိန်း ၅၀ ကျော် လွန်သော ဒီချုပ်ပါတီဝင်အမတ်လောင်းအချို့အား ဒေါ်အောင်ဆန်းစုကြည် က မာန်မဲခဲ့ကြောင်း ရိုက်တာသတင်းဌာနက လွန်ခဲ့သည့်လက ဖော်ပြ ခဲ့သည်။

ရန်ကုန် တောင်ပိုင်းခရိုင် တွင် ၀င်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ် လောင်း ၁၄၇ ဦး အနက် ရွေးကောက်ပွဲကုန်ကျစ ရိတ် တင်သွင်းရန် နောက်ဆုံးနေ့ ဖြစ်သည့် ဒီဇင်ဘာ ၁၅ ရက် မွန်း လွဲပိုင်းအထိ ၂၀ ဦးခန့် ကျန်နေ သေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီး တောင်ပိုင်းခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ရန်ကုန် တောင်ပိုင်းခရိုင် တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ထင်ရှားသော ပြည်ခိုင်ဖြိုးကိုယ် စားလှယ်လောင်းများ ဖြစ်ကြသည့် ဇေကမ္ဘာဦးခင်ရွှေက ကျပ် ၅၂ သိန်းကျော်၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) အငြိမ်းစားသူရဦးသက် ဆွေက ကျပ်၈၄သိန်းကျော်၊ အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြညိမ်း က ကျပ်သိန်း ၇၀ ကျော်၊ မွေး/ ရေ၀န်ကြီး ဦးအုန်းမြင့်က ကျပ်၉၇ သိန်းအထိ ရွေးကောက်ပွဲတွင် အ သုံးပြုခဲ့ကြသည်။

7Day News Journal

No comments:

Post a Comment

My Blog List