Thursday, December 17, 2015

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာမှ ကျောင်းသား ၁၈၀ ခန့် ပညာသင်ယူနေ


ယခုပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာတက္ကသိုလ်များမှ ကျောင်းသား ၁၈၀ ခန့် လာရောက်ပညာသင်ကြားလျက်ရှိပြီး တရုတ်နိုင်ငံမှ ကျောင်းသားအရေအတွက် အများဆုံးဖြစ်ကြောင်း သတင်းရရှိ သည်။
နိုင်ငံတကာ ကျောင်းသားများအနေဖြင့်ဂျပန်နိုင်ငံမှ ၄၆ ဦး၊ တရုတ်နိုင်ငံမှ ၆၆ ဦး၊ ကိုရီးယား နိုင်ငံမှ ၅၃ ဦး၊ ထိုင်းနိုင်ငံမှ ကိုးဦး နှင့် ဂျာမနီနိုင်ငံမှ သုံးဦးလာရောက် ပညာသင်ကြားနေကြောင်းရန်ကုန်တက္ကသိုလ်ဒုပါမောက္ခ ချုပ်ဒေါက်တာကျော်နိုင်ကပြောသည်။

‘‘MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးထားတဲ့ တက္ကသိုလ်တွေကနေ Student Exchange (ကျောင်းသားဖလှယ်မှု)အစီအစဉ်အရ ရန်ကုန် တက္ကသိုလ်မှာလာရောက်သင်ကြတာပါ။ အဓိကက မြန်မာစာ၊ မြန်မာ့ရေးရာ၊ မြန်မာမှုနဲ့ဆိုင်တဲ့ သင်တန်းလိုမျိုးလာတက်ကြတာပါ။ အဲဒီအတွက် ဌာနသုံး၊ လေးခုပေါင်းပြီး ပညာသင်ပေးကြတယ်’’ဟု ဒေါက်တာကျော်နိုင်ကပြောသည်။

နိုင်ငံတကာကျောင်းသားများအတွက် မြန်မာစာ၊ မြန်မာ့ရေးရာ၊ မြန်မာမှုဆိုင်ရာသင်တန်းများကို တစ်နှစ်သင်တန်း၊ ဆယ် လ သင်တန်းနှင့် သုံးလသင်တန်းတို့ဖြင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း ၎င်းကဆက် လက်ပြော ကြားသည်။

အဆိုပါကျောင်းသားများအပြင် ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ သုတေသနပြုလုပ်ရန်၊ ပါရဂူကျမ်းပြုစုရန် လာရောက်လေ့လာနေသည့် နိုင်ငံခြားသားကျောင်းသားများလည်းရှိကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။

ရန်ကုန်တက္ကသိုလ်သို့ သြစတြေးလျနိုင်ငံ Australia’s National University (ANU) မှ ဘွဲ့ကြိုကျောင်းသားနှစ်ဆယ်သည် မြန်မာနိုင်ငံ၏ ဘာသာ စကား၊ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာများ လေ့လာရေးလာရောက် ပညာသင်ကြား ရန် စီစဉ်ထားသည်။

ရန်ကုန်တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို အမေရိကန်၊ ဂျာမနီ၊သြစတြေးလျ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ တိုင်ပေနှင့် တရုတ်နိုင်ငံတို့ရှိ နာမည်ကြီးတက္ကသိုလ်စုစုပေါင်း ၄၃ ခုနှင့် လက်မှတ်ရေးထိုးထားပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရသည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ ခုနှစ်နောက်ဆုံးနှစ်မှစတင်၍ ၀ိဇ္ဇာ၊ သိပ္ပံထူးချွန်သည့် ဘွဲ့ကြိုသင်တန်းကျောင်းသားများအား ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး လက်ရှိတွင် ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသူကျောင်း သားပေါင်း ၁,၅၀၀ ခန့်အားဆရာ၊ ဆရာမ ၇၀၀ ကျော်က သင်ကြားပို့ချ လျက် ရှိသည်။

7Day News Journal


No comments:

Post a Comment

My Blog List