Tuesday, December 15, 2015

NLD ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ဦးဝင်းထိန်ပါဝင်မည်မဟုတ်ဘဲ ပါတီ ဒုနာယက တာဝန်ယူရန်တင်ပြထားဟုဆို



NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်အနေနှင့် NLD ပါတီက ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ပါဝင်မည်မဟုတ်ဘဲ NLD ပါတီ၏ ဒုတိယနာယကတာဝန်ကိုထမ်းဆောင်ရန် ယင်းပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ထံ တင်ပြထားကြောင်း ယနေ့ (ဒီဇင်ဘာလ ၁၄ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးဝင်းထိန်က ပြောကြားခဲ့သည်။
"ပါတီဥက္ကဋ္ဌတော့မလုပ်ဘူး၊ နာယကလုပ်မှာ။ သူက(သူရဦးတင်ဦး)နာယက၊ ကိုယ်ကဒုတိယနာယကဖြစ်မှာပေါ့" ဟု ၎င်းကဆိုသည်။

ကိုယ်စားလှယ်လစာများသည် ယခင် သုံးသိန်းမှ ယခု၁၀သိန်းကျပ်အဖြစ် တိုးမြှင့်ခြင်းကို NlDပါတီအနေဖြင့် ကန့်ကွက်ခဲ့သော်လည်း အများဆန္ဒအရ ဥပဒေအတည်ဖြစ်လာသဖြင့် လက်ခံထားရခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ထပ်လောင်းပြောသည်။

ဦးဝင်းထိန်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတွင်း ဩဇာညောင်းသောဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သောကြောင့် ရွေးကောက်ပွဲတွင် ၈၀ရာခိုင်နှုန်းကျော်အနိုင်ရထားသော NLD ပါတီအစိုးရဖွဲ့စည်းသည့်အခါတွင် အရေးပါသော ဝန်ကြီးတစ်ဦးဖြစ်ဖွယ် ရှိကြောင်း နိုင်ငံရေးလေ့လာသူများသုံးသပ်နေခြင်းအပေါ် ဦးဝင်းထိန် ကယင်းကဲ့သို့ပြန်လည်ပြောဆိုခြင်းဖြစ်သည်။

The Voice Weekly




No comments:

Post a Comment

My Blog List