Thursday, December 17, 2015

မန်းလွှတ်တော်ထဲ ရောက်လာမည့် ပုဏ္ဏားအမတ်


ရှေးမြန်မာ ဘုရင်များ လက်ထက်က နန်းတွင်းလွှတ်တော်တွင် ပုရောဟိတ် ပုဏ္ဏားများ နေရာယူ ခဲ့သလိုမျိုး မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့လည်း ဗြဟ္မဏပုဏ္ဍားတစ်ဦး ၀င်ရောက်လာ တော့မည်ဖြစ်သည်။မန္တလေးမြို့ ပုဏ္ဏားကုန်းတွင် နေထိုင်ပြီး ဗြဟ္မဏပုဏ္ဏား မျိုးမှ ဆင်းသက်လာသည့် ဦး အောင်ရွှေသည် ပြီးခဲ့သည့် နိုဝင် ဘာ ၈ ရက် ရွေးကောက်ပွဲ၌ မန္တ လေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒီမိုကရက်တစ်ပါ တီ (မြန်မာ) ၏ ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ သည်။
ထို့ကြောင့် ဗြဟ္မဏပုဏ္ဏား တစ်ဦး လွှတ်တော်တွင်းသို့ ပြန် လည် ၀င်ရောက်လာတော့မည် ဖြစ်သည်။

သို့သော် ခေတ်စနစ်အခြေ အနေနှင့် လုပ်ဆောင်ရမည့် လုပ် ငန်းစဉ်များကတော့ တူညီမှု မရှိ တော့ပါ။ ပဒေသရာဇ်ခေတ်က နန်းတွင်းလွှတ်တော်တွင် နေရာရ ခဲ့သည့် ပုရောဟိတ်ပုဏ္ဏားများ သည် ဗေဒင်ပညာရှင်များ ဖြစ်ကြ ပြီး တိုင်းရေးပြည်ရာ ကိစ္စများ ဆောင်ရွက်ရာ၌ ဗေဒင်ကိန်းခန်း အရ တွက်ချက်အကြံပြုပေးရန် နှင့် အခါတော်ပေးရန် သက်ဦး ဆံပိုင် ဘုရင်များက ခေါ်ယူခန့် အပ်ခြင်း ဖြစ်သည်။ ဦးအောင်ရွှေ မှာမူ ဒီမိုကရေစီစနစ်အရ ပြည် သူလူထု၏ ဆန္ဒမဲပေးရွေးချယ်မှု ဖြင့် လွှတ်တော်သို့ ၀င်ရောက် ခွင့်ရလာခြင်းဖြစ်သည်။

ဦးအောင်ရွှေ၏ အဓိကတာ ၀န်သည် မဲဆန္ဒရှင်ပြည်သူလူထု အကျိုး ဦးစားပေးလုပ်ဆောင်ရ မည်ဖြစ်ပြီး ဒီမိုကရေစီခေတ် ပြောင်း လွှတ်တော်ကိုယ်စား လှယ်အနေဖြင့် အစိုးရအဖွဲ့နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ထိန်းကျောင်းရမည်ဖြစ်သည်။

ဝန်ကြီးချုပ်အပါအ၀င် အုပ် ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာ ကို ပူးတွဲရယူထားသည့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၏ လွှမ်းမိုးခံထားရသည်ဟု ဝေဖန်ခံနေသည့် တိုင်းဒေသကြီးလွှတ်တော် ပိုမိုအသက်ဝင် အားကောင်းလာစေရန်နှင့် ခိုင်မာအားကောင်းသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လွှတ် တော်တွင်းဝင်ရောက်ကာ တိုင်း ရေးပြည်ရာများကို ဆောင်ရွက် ခွင့်ရတော့မည်ဖြစ်သည့်အတွက် ဂုဏ်ယူအားတက်မိသည်ဟု ဦး အောင်ရွှေက ပြောသည်။

‘‘ကျွန်တော်က တကယ် လုပ်ချင်လို့၊ တိုင်းပြည်တာဝန်ကို တကယ်ထမ်းဆောင်ချင်လို့ ကျွန် တော် အပင်ပန်းခံပြီး မဖြစ်ဖြစ်တဲ့ နည်းနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့တာ ပါ။ တကယ်ဝါသနာပါလို့သာ ၀င် ခဲ့တာပါ။ ပြောရရင် ဂုဏ်အရှိန် အ၀ါတွေအတွက် ကြွားဖို့၊ ၀ါဖို့အ တွက် မဟုတ်ပါဘူး။ ကျွန်တော် တို့တိုင်းပြည် ဖွံ့ဖြိုးဖို့က အရေး ကြီးနေပြီ။ စီးပွားရေးဖွံ့ဖြိုးဖို့လို တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှ ကျန်တာတွေ အဆင်ပြေမှာ။

အဲဒီအတွက် ဥပဒေတွေပြင် တာ၊ အသစ်ပြဋ္ဌာန်းတာတွေ လုပ် ဖို့လိုတယ်။ အဲဒါတွေအတွက် လုပ်ဖို့ပဲ အဓိကရည်မှန်းထား တယ်’’ ဟု အသက် (၆၂) နှစ်အ ရွယ် ဦးအောင်ရွှေက အားတက် သရောပြောသည်။

ရန်ကုန်တက္ကသိုလ်မှ သမိုင်း ဘာသာအထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပြီး ထားဝယ်မြို့တွင် နှစ်ပေါင်း ၃၀ ခန့်ကြာအောင် ကျောင်းဆရာ လုပ်ခဲ့သည့် ဦးအောင်ရွှေသည် လက်ရှိအချိန်၌ မန္တလေးမြို့ခံများ က ပုဏ္ဏားကုန်းဟုခေါ်သည့် မန္တ လေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၃၄ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မြေစိုက်ထရံ ကာ နေအိမ်တွင် နေထိုင်သည်။ ၎င်းနေအိမ်သည် မန္တလေးမြို့ နန်း တည်စအချိန်ကတည်းက မင်း တုန်းမင်း ချထားသတ်မှတ်ပေးခဲ့ သည့် နေရပ်တွင် ဆွေစဉ်မျိုးဆက် နေထိုင်ကာ အမွေဆက်ခံလာ ခဲ့ခြင်းဖြစ်သည်။

ဗြဟ္မဏပုဏ္ဏားမျိုးရိုးမှ ဆင်း သက်လာပြီး ၀ါသနာအရ ဗေဒင် သုတေသီ ဖြစ်သော်လည်း ကျောင်းဆရာအလုပ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြုခဲ့သော ဦးအောင်ရွှေ သည် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မန္တလေးခရိုင် အတွင်း ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ် စားလှယ်လောင်း ၁၁၂ ဦးအနက် ရွေးကောက်ပွဲအသုံးစရိတ် အ နည်းဆုံး အသုံးပြုခဲ့သည့် ကိုယ် စားလှယ်လောင်းတစ်ဦး ဖြစ် သည်။ ကိုယ်စားလှယ်လောင်း အာမခံကြေး ငွေကျပ် သုံးသိန်း အပါအ၀င် သူ၏ ရွေးကောက်ပွဲ မဲဆွယ်အသုံးစရိတ်မှာ စုစုပေါင်း ငွေကျပ် ခုနစ်သိန်းကျော်သာ ရှိ သည်။

ဦးအောင်ရွှေသည် မြန်မာ နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲ ၀င် ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၂ ဦးအနက် တစ်ဦးတည်းသော အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ထို့ပြင် မန္တလေးခရိုင် အတွင်းရှိ လွှတ်တော်မဲဆန္ဒနယ်မြေ ၂၃ နေရာတွင် အနိုင်ရခဲ့သူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်မဟုတ်သည့် တဦးတည်းသော ကိုယ်စားလှယ်လည်းဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ခြင်းက ဦးအောင်ရွှေ၏ နိုင်ငံ ရေးဖြတ်သန်းမှုနှင့် ကိုယ်ရည် ကိုယ်သွေးထက် ကံကြမ္မာ၏ ဖေးမမှုက အဓိကကျခဲ့သည်ဟု ဆိုနိုင်သည်။ ဥပဒေပါ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီမှု မရှိဟုဆိုကာ ဒီချုပ်ပါတီ၏ ကိုယ် စားလှယ်လောင်းနေရာမှ ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ငြင်းပယ်ခံခဲ့ ရပြီးနောက် ဦးအောင်ရွှေသည် အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါ တီ၏ ကိုယ်စားလှယ်လောင်းနှင့် ချမ်းအေးသာစံမြို့နယ်မှ သင်္ကန်း တိုက်ပိုင်ရှင် တသီးပုဂ္ဂလကိုယ် စားလှယ်လောင်းတစ်ဦး တို့ကို ကျော်ဖြတ်ကာ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မန္တလေးခရိုင်အတွင်း ဒီချုပ်ပါတီ မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ တစ်ဦးတည်းသော အနိုင်ရလွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့သည်။

‘‘ကျွန်တော် ဘာကြောင့်နိုင် တယ်ဆိုတာကတော့ ရှင်းပါတယ်။ NLD ကိုယ်စားလှယ်မပါလို့ နိုင် တာ။ NLD က ကိုယ်စားလှယ်မပါ တော့ သူ့ကိုပေးမယ့်မဲတွေ ကျွန် တော်ရလိုက်လို့ နိုင်တာပါ’’ ဟု ရွေးကောက်ပွဲအနိုင်ရခဲ့သည့် အ ဓိကအကြောင်းရင်းကို ဦးအောင် ရွှေက ပွင့်ပွင့်လင်းလင်းပြောသည်။

ဒီချုပ်ပါတီ၏ ကိုယ်စား လှယ်လောင်း မပါဝင်သည့်အ တွက် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ဒီချုပ် ပါတီ၏ ကိုယ်စားလှယ်နှင့်ယှဉ် ပြိုင်ရမည်ဆိုပါက ၎င်းတို့မဆို ထားနှင့် ပါတီဥက္ကဋ္ဌဦးသုဝေပြိုင် လျှင်ပင် အနိုင်ရရှိလိမ့်မည် မ ဟုတ်ဟု လက်ရှိ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်၏ တစ်ဦး တည်းသော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ လွှတ်တော်ကိုယ်စား လှယ် ဒေါ်တင်တင်မာက ပြော သည်။

ရွေးကောက်ပွဲ အနိုင်ရသော် လည်း ငွေကြေးအခက်ခဲကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်ကိုပင် အချိန်ယူ ကြိုးစားခဲ့ရသည်ဟု ဦးအောင်ရွှေက ရွေးကောက်ပွဲ ၀င်ရောက်ယှဉ် ပြိုင်ရန် ငွေကြေး အခက်တွေ့ခဲ့ပုံ ကို ပြောပြသည်။

‘‘ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ငွေရေး ကြေးရေးက အခက်အခဲရှိတယ်။ ပါတီကလည်း မထောက်ပံ့နိုင် ဘူး။ ကျွန်တော့်မှာလည်း ငွေမရှိ ဘူးပေါ့။ ဟိုလှည့်ဒီလှည့်နဲ့ နောက် ဆုံး မိတ်ဆွေတွေဆီ အကူအညီ တောင်းပြီး ၀င်ဖြစ်သွားတာ’’ ဟု ဦးအောင်ရွှေက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးလှုပ်ရှား မှုများကို တပည့်တပန်း၊ ခြွေရံ သင်းပင်းများဖြင့် စိတ်တိုင်းကျ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ကိုယ့် အားကိုယ်ကိုးကာ ဆိုင်ကယ်ဖြင့် တစ်လှည့်၊ ခြေလျင်တစ်ဖုံ၊ တစ် အိမ်တက်ဆင်း မဲဆွယ်ခြင်းကို သာ ပြုလုပ်နိုင်ခဲ့သည်ဟု ဦး အောင်ရွှေ က ပြောသည်။ တစ် အိမ်တက်ဆင်း မဲဆွယ်ရာတွင် မဲဆန္ဒရှင်အချို့က အင်္ကျီတောင်း ခြင်း၊ ပ၀ါတောင်းခြင်းများ ရှိခဲ့ သော်လည်း အခြားအခက်ခဲ မရှိခဲ့ ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲ မဲ ဆွယ်ကာလအဖြစ် သတ်မှတ်ပေး ထားသည့် ရက်ပေါင်း ၆၀ အတွင်း ရက် ၄၀ ခန့်ကို ဆိုင်ကယ်ဖြင့် တစ်မျိုး၊ လမ်းလျှောက်၍ တစ်ဖုံ တစ်အိမ်တက်ဆင်း တစ်ကိုယ် တော်လှည့်လည်ကာ မဲဆွယ်စည်း ရုံးခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်မြေအ တွင်းရှိ ရပ်ကွက် ၁၀ ခုသို့ အိမ် တိုင်းစေ့နီးပါး အရောက်သွားခဲ့ သည်ဟု ဦးအောင်ရွှေက ပြော သည်။

‘‘ပါတီက ကားနဲ့လှည့်ပြီး မဲ ဆွယ်တဲ့အခါမှာတော့ ကားတစ် စီးငှားပြီး ထည့်ပေးခဲ့တယ်။ နှစ်ခါ လှည့်တယ်။ ကားငှားခနဲ့ စား စရိတ်နဲ့ဆိုတော့ ငွေတစ်သိန်း ကျော်ကုန်တယ်။ ရွေးကောက်ပွဲ ကုန်ကျစရိတ် ခုနစ်သိန်းမှာ သုံး သိန်းက အာမခံကြေးသွင်းတဲ့ စရိတ်။ ကျန်တာက ဆိုင်ကယ်ဆီ ဖိုး၊ ပန်းဖလက်ရိုက်တာ၊ ဗီနိုင်း ရိုက်တာတွေအတွက်ပဲ ကုန်ခဲ့ တယ်။ ကျန်တာ ဘာမှမကုန်ဘူး’’ ဟု ဦးအောင်ရွှေက သူ၏ ရွေး ကောက်ပွဲ မဲဆွယ်စရိတ် သုံးစွဲခဲ့ရ မှုအခြေအနေကို ပြောသည်။အာဏာရှင်စနစ်ကို ပြောင်း လဲလို၍ နိုင်ငံရေးလုပ်ခဲ့သည်ဟု ဦးအောင်ရွှေက ဆိုသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င် ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိအ နိုင်ရ မဲဆန္ဒနယ်မြေ၌ပင် ဒီမို ကရက်တစ်ပါတီ (မြန်မာ) ၏ ကိုယ်စားလှယ်လောင်းအဖြစ်ပင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ကြိုတင်မဲ ဖြင့် ရှုံးနိမ့်ခဲ့သည်ဟု ဦးအောင် ရွှေက ပြောသည်။

လွှတ်တော်အတွင်း ရောက် သွားချိန်တွင်မူ ဘောဂဗလ၊ ကာ ယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ နှင့် မေတ္တာဗလဆိုသည့် ဗလငါး တန် ဖွံ့ဖြိုးလာ စေရန် လုပ်ဆောင် မည်ဖြစ်ပြီး ဘောဂဗလဟုခေါ် သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေရန် အဓိကထား ကြိုးပမ်း လုပ်ဆောင်မည်ဟု ဦးအောင်ရွှေ က ဆိုသည်။

ဒီချုပ်၊ ပြည်ခိုင်ဖြိုး အပါအ၀င် အခြားနိုင်ငံရေး ပါတီ များနှင့် လက်တွဲလုပ် ဆောင်မည် ဟု ဆိုသည်။

‘‘နိုင်ငံရေးမှာ ရန်သူမရှိဘူး။ အားလုံးက မိတ်ဆွေတွေပဲ။ အား လုံးနဲ့ ပူးပေါင်းပြီး လုပ်ရမယ်’’ ဟု ဦးအောင်ရွှေက သူ၏ နိုင်ငံရေး အယူအဆကို ပြောသည်။

လက်ရှိ မန္တလေးတိုင်းဒေသ ကြီး လွှတ်တော်အနေဖြင့် အုပ် ချုပ်ရေးမဏ္ဍိုင် အပေါ် ထိန်း ကျောင်း ကြပ်မတ်နိုင်မှု (Check and Balance) အားနည်းနေ သည် ဟု ထင်မြင်ကြောင်း ဦးအောင်ရွှေ က ပြောသည်။ အုပ်ချုပ်ရေးယန္တ ရား ပြုပြင်ပြောင်းလဲနိုင်ရန်၊ လာဘ်ပေးလာဘ်ယူနှင့် အမိန့်ပေး စေခိုင်းမှုများ ပပျောက်ပြီး ခိုင်မာ အားကောင်းသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး အလေးထားကြိုး ပမ်းမည်ဟုလည်း ဦးအောင်ရွှေ က ပြောသည်။

လာမည့် ဇန်န၀ါရီ ၃၁ ရက် တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်၌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး ရှိပြီး အများစုမှာ ပြည်ခိုင်ဖြိုးပါတီ ၀င် ကိုယ်စားလှယ်များဖြစ်ကြပြီး ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်သည့် အခြားပါတီကိုယ်စားလှယ် နှစ်ဦး သာရှိသည်။ လာမည့် ၂၀၁၆ ဖေ ဖော်ဝါရီတွင် ဖွဲ့စည်းမည့် မန္တ လေးတိုင်းဒေသကြီး လွှတ်တော် သစ်တွင်မူ ဒီချုပ်ပါတီဝင် အများ စုပါဝင်သော်လည်း ပြည်ခိုင်ဖြိုးပါ တီမှ ကိုယ်စားလှယ် ရှစ်ဦးနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ကိုယ်စားလှယ် ဦးအောင်ရွှေတို့ ပါဝင်မည်ဖြစ်သည်။

‘‘နောက်လွှတ်တော်သက် တမ်းမှာ ဥပဒေပြုတာတို့၊ မေးခွန်း မေးမြန်းတာ အဆိုတင်သွင်းတာ တို့ကတော့ ပိုအဆင်ပြေသွားမယ် ထင်တယ်။ ရှေ့က လမ်းကြောင်း ချပြီးသားလည်း ဖြစ်တဲ့အတွက် ကြောင့်’’ ဟု လက်ရှိ မန္တလေး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်က လွှတ်တော် အ သစ်နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး လုပ်ဆောင်ရမည့် တာဝန် များ ပိုမိုထိရောက်အားကောင်းစွာ လုပ်ဆောင်နိုင်ရန် ဦးအောင်ရွှေ အား အကူအညီ၊ အကြံဉာဏ်များ ပေးမည်ဖြစ်ကြောင်း ဒီမိုကရက် တစ်ပါတီ (မြန်မာ) ၏ လက်ရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်မာ က ပြောသည်။

ဦးအောင်ရွှေကတော့ လွှတ် တော်တက်ရန် အဆင်သင့်ဖြစ်နေ ပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဟု ပြောသည်။ လွှတ်တော် နှင့် ဥပဒေပြုရေးဆိုင်ရာ စာအုပ် စာတမ်းများ ဖတ်ရှုနေပြီဖြစ်သ လို ကိုယ်စားလှယ်လောင်း အာ မခံကြေးငွေ ပြန်လည်ထုတ်ယူပြီး ပါက လက်ပ်တော့ကွန်ပျူတာ တစ်လုံးဝယ်ပြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦး တတ်သိထားရန် လိုအပ်သည့် စာစီစာရိုက် လေ့ ကျင့်ရန်အတွက်လည်း ပြင်ဆင် ထားသည်ဟု ပြောသည်။

ဗြဟ္မဏပုဏ္ဏားတစ်ဦး မန္တ လေးတိုင်းဒေသကြီး လွှတ်တော်တွင်း ၀င်ရောက်လာပြီး ဗေဒင်ပညာဖြင့်မဟုတ်ဘဲ ဥပဒေပြုရေး အာဏာဖြင့် တိုင်းပြည်အကျိုးပြု မည့်အချိန်ကို မဲဆန္ဒရှင်များက စောင့်ကြိုနေပြီဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List