Wednesday, December 16, 2015

ကျောက်စိမ်းပိုတူးနေသည်ဆိုပြီး မြေသယ်ကားများ ကျောက်စိမ်းလုပ်ကွက်ထဲ မသွားနိုင်ရန် ဒေသခံများ လမ်းပိတ်ထား


အစိုးရ၏လက်ကျန်သက်တမ်းအတွင်း ဖားကန့်ဒေသ၌ ကျောက်စိမ်းတူး ဖော်မှုများ ပိုမိုပြုလုပ် နေသည်ဟုဆိုကာ ကုမ္ပဏီပိုင်မြေစာသယ်ကားများ ကျောက်စိမ်းလုပ်ကွက်များသို့ သွားသည့်လမ်းများကို ဒေသခံများက ပိတ်ထားကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ် ဝေခါနှင့် ကဋေမှော် ကျောက် စိမ်းလုပ်ကွက်များသို့ သွားသည့်လမ်းများကို ဒေသခံ များက ပိတ်ထားလိုက်ခြင်းဖြစ်ပြီး ယခုအခါ ကုမ္ပဏီ ပိုင် မြေစာသယ်ကားများ ဖြတ်သန်း၍မရတော့ကြောင်း ဒေသခံ ဦးနော်ဆန့်ကပြောသည်။

ဦးနောဆန့်က‘‘ဝေခါနဲ့ကဋေ မှော်ဘက်မှာ လမ်းတွေ ပိတ်ထားတယ်။ အခုကျတော့ ကုမ္ပဏီကားတွေ အဲဒီဘက်ကနေ သွားလို့မရတော့ဘူး။ ဒီရက်ပိုင်းတွေမှာ ကျောက်စိမ်းပိုတူးတာတွေ လုပ် နေကြလို့ ပိတ်ထားလိုက် ကြတာ လို့သိရတယ်’’ဟု ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာလကုန် က ဖားကန့် မြို့နယ်တွင်းမှ ကျောက်စိမ်း လုပ်ကွက်များသို့ ကုမ္ပဏီမြေသယ်ယာဉ်များ ဖြတ် သန်းသည့်လမ်းများတွင် လူသေဆုံးသည်အထိ ယာဉ်တိုက်မှု မကြာ ခဏ ဖြစ်နေသည်ဟုဆိုကာဒေသ ခံများက လမ်းပိတ်ဆို့၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အုပ်ချုပ် ရေးပိုင်းက ကုမ္ပဏီနှင့် ဒေသခံ များကြား မပြေလည်မှုများကို ၀င် ရောက်ညှိနှိုင်းပေးခဲ့သောကြောင့် ယာဉ်များ ဖြတ်သန်းခွင့်ပြန်ရခဲ့ သည်။ ယခုပိတ်ထားသည့်လမ်း များမှာ ကုမ္ပဏီများကကျောက် စိမ်းအဆမတန် တူး၍ တရုတ်နိုင်ငံသို့ တရားမ၀င်ပို့ဆောင်နေခြင်း ကြောင့်ဖြစ်ကြောင်း ကချင်အမျိုး သားဒီမိုကရေစီကွန်ဂရက်ပါတီ အတွင်းရေးမှူး ဦးအောင်လက ပြောသည်။

‘‘မြေသယ်ကားတွေက ဖား ကန့်ကို နေ့တိုင်းတက်နေတာတွေ့ တယ်။ ကျောက်စိမ်းမှော်ကိုအချိန် ရတုန်း ရနိုင်သလောက် တူးဖော် မှာ။ ရှေ့နောက်မကြည့်တော့ ဘူး။ ရိုင်းရိုင်းပြောမယ်ဆို ဂရုမ စိုက်ဘူး’’ဟု ဦးအောင်လကပြော သည်။ ယခုကဲ့သို့ကျောက်စိမ်းများ အဆမတန် တူးဖော်နေမှုသည် အစိုးရတွင် တာဝန်ရှိပြီး အချိန်မီ ထိန်းချုပ်ပေးစေလို ကြောင်း ၎င်း ကအကြံပြုသည်။

အစိုးရလက်ကျန်သက်တမ်း တွင် ကျောက်စိမ်းတူးဖော်မှုများ ပိုလုပ်နေသည် ဆိုသည့်သတင်း များမှာ မဟုတ်မှန်ကြောင်း က ချင်ပြည်နယ် သတ္တုနှင့် သစ်တော ၀န်ကြီး ဦးအောင်နိုင်၏ ကိုယ်ရေး အရာရှိ ဦးသိန်းသန်းစိုးကပြော သည်။ ပုံမှန်အတိုင်း လုပ်ငန်း လုပ်ဆောင်နေခြင်းသာဖြစ်ပြီးတူး ဖော်သည့် ကျောက်စိမ်းအားလုံး ကိုလုံးခင်းကျောက်မျက်ဌာနတွင် စစ်ဆေးပြီးမှ နေပြည်တော်သို့ ပို့ ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List