Friday, December 18, 2015

တရုတ်ပြည်က ယာဉ်နဲ့ ယန္တာရား တင်သွင်းခွင့် ဆိုင်းငံ့


ကချင်ပြည်နယ် ​ကန်ပိုက်တီး ​နယ်စပ်ကုန်သွယ်ရေး ​စခန်းမှာ ​ယာဉ်နဲ့ ​စက်ယန္တရား ​တင်သွင်းခွင့်ကို ​ခေတ္တဆိုင်းငံ့ထားမယ်လို့ ​သိရပါတယ်။ ကချင်ပြည်နယ် ​ဖားကန့်ဒေသကို ​ရောက်ရှိနေတဲ့ ​ယာဉ်တွေက ​တရားဝင် သလား၊ ​တရားမဝင်ဘူးလားဆိုတာကို ​စိစစ်နေတုန်း ​ယာဉ်တွေ၊ ​ယန္တရား တွေကို ​တင်သွင်းခွင့် ​ဆိုင်းငံ့လိုက်တာပါ။
တရုတ်နိုင်ငံက ​ခေတ်မီ ​ယန္တရားတွေ၊ ​ယာဉ်တွေဟာ ​ဖားကန့်ဒေသကို လားပြီး ​နေ့နေ့ညည ​သယံဇာတတွေ ​ထုတ်ယူနေတယ် ​ဆိုတဲ့ ​ပြောဆိုမှုတွေကြောင့် ​စီးပွားရေးနဲ့ ​ကူးသန်းရောင်းဝယ်ရေး ​ဌာနက ​ညွှန်ကြားရေးမှူး ​ဦးတင်ရဲဝင်းကို ​မေးမြန်းမှုတွေ ​လုပ်ခဲ့ပါတယ်။

ဦးတင်ရဲဝင်းက ​ကန်ပိုက်တီး ​စခန်းကနေ ​ယာဉ် ​ယန္တရား ​အစီးပေါင်း ​၈၈၀ ​ကို ​တရားဝင် ​တင်သွင်းခွင့် ​ပြုထားတယ်လို့ ​ဆိုပါတယ်။

တချို့ ​ယာဉ်တွေမှာ ​ယာဉ်နံပါတ် ​မပါပေမယ့် ​သက်သေ ​အထောက်အထား ​အကုန်ရှိတာကြောင့် ​ယာဉ်နံပါတ် ​မပါတိုင်း ​တရားမဝင်တဲ့ ​ယာဉ်တွေအဖြစ် ​သတ်မှတ်လို့ ​မရဘူးလို့ ​ဆိုပါတယ်။

တရားမဝင် ​ယာဉ်တွေ ​တင်သွင်းမှု ​ရှိမရှိဆိုတာကို ​တိုက်စစ်ဖို့ ​ရှိတဲ့အတွက် ​အခုလောလောဆယ် ​ယာဉ်တင်သွင်းမှုကို ​ခေတ္တဆိုင်းငံ့ထားမယ်လို့ ​မြန်မာ့ ​ပြန်ကြားရေး ​သတင်းမှာ ​ဖော်ပြထားပါတယ်။

တချို့ယာဉ်တွေဟာ ​ခေတ်မှီ ​ကြီးမားတဲ့အတွက် ​အစီး ​၅၀ ​လောက် ​၂၄ ​နာရီအတွင်း ​တူးဖော်မှုလုပ်ရင် ​တောင်တစ်လုံးစာ ​သယံဇာတတွေ ​ကုန်နိုင်တဲ့အတွက် ​နောက်ကျနေပြီလို့ ​ဖေ့စ်ဘွတ်မှာ ​ဝေဖန်နေကြပါတယ်။

ABC

No comments:

Post a Comment

My Blog List