Thursday, December 17, 2015

ဂျင်ဗာလ်ဂျင်ကို သဘောကျသော ဒေါ်အောင်ဆန်းစုကြည်


မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဧရာဝတီ စာပေပွဲတော်ကို ပါဝင်ဆင်နွှဲခွင့်ရခဲ့သည်မှာ ကျွန်မအတွက်ကုသိုလ်ထူးလှပါသည်။ ပထမဆုံးသည်လိုစာပေ ပွဲတော်မျိုးကို နှစ်ပေါင်း ငါးဆယ်ကျော်မှ ရန်ကုန် အင်လျားလိတ်ဟိုတယ်၌ ၂၀၁၃ ဖေဖော်ဝါရီက ကျင်းပခဲ့ခြင်း ဖြစ်၏။ ပွဲတော် ကျင်းပသည့် ဟိုတယ်ပတ်ဝန်းကျင်၌ လေပြည်လေညင်းလေးတွေသာရှိနေခဲ့ပြီး အင်းလျားကန် ရေပြင်ထဲမှာ တိမ်တွေက မလှုပ်မယှက်ငြိမ် သက်နေပါသည်။
စာပေပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာချိန်မှာတော့မည်သူမှ မတိုက်တွန်းရဘဲ အားလုံးကဝိုင်းပြီး သြဘာပေးလက်ခုပ်တီးကြသည်မှာ တော်တော်နှင့် အသံမစဲတော့ပါ။ သူက သည်ပွဲ တော်ကို ပံ့ပိုးကူညီပေးသူတစ်ဦး ဖြစ်ပါသည်။

စာပေရေးရာများ ဆွေးနွေး သည့်အချိန်တွင် ဒေါ်အောင်ဆန်း စုကြည်က ကမ္ဘာ့စာပေလောက မှာ နာမည်ကြီး တန်နီဆွန်ကဗျာ ထဲက ယူလီဆီး(Ulysses)၏ဇာတ် ကောင်စရိုက်ကို သဘောမကျ ကြောင်း ဝန်ခံခဲ့သည်။

ပြင်သစ်စာရေးဆရာ ဗစ် တာဟူးဂိုး၏ဇာတ်ကောင် ဂျင် ဗာလ်ဂျင်သာလျှင် သူအကြိုက် ဆုံးဇာတ်ကောင်ဖြစ်သည်ဟုဆို သည်။ ဒီအချက်က ပရိသတ် များကို အံ့အားသင့်စေခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြင်း ထန်ပြီး အားကောင်းလှသူ လူအ များသဘောကျသည့် ဘုရင်ယူလီ ဆီးကိုမကြိုက်ဘဲ ပြင်သစ်ဝတ္ထုထဲ က အစ်မမိသားစုအတွက် ပေါင် မုန့်ခိုးသဖြင့် ထောင်ချခံခဲ့ရသူ ဂျင်ဗာလ်ဂျင်လို ပမွှားတစ်ဦးကို ဒေါ်အောင်ဆန်းစုကြည်က ဘာ ကြောင့် သဘောကျရလဲဆိုတာကို ပရိသတ်တွေကြား ငြင်းခုံစရာဖြစ် ခဲ့သည်။ ကျွန်မကိုယ်တိုင်လည်း အံ့အားသင့်ခဲ့ရ၏။ ဒေါ်အောင် ဆန်းစုကြည် ဘာကြောင့် ဂျင် ဗာလ်ဂျင်ကို သဘောကျသလဲဆို သည့် အဖြေကို သိလာဖို့အတွက် လပေါင်းများစွာ ကျွန်မအချိန်ယူ ခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပိုမိုသဘောပေါက်နားလည်ရန် အစောပိုင်းက သူရေးသားထားသည့် ဆောင်းပါးများကို ပြန်ဖတ်ကြည့် ခြင်းက အကောင်းဆုံးဖြစ်ပါလိမ့် မည်။ ထိုဆောင်းပါးများမှာ၁၉၈၀ က သူရေးသားခဲ့သည့်မြန်မာပြည် က စာပေနှင့်မျိုးချစ်စိတ်။ ကိုလိုနီ ခေတ်လက်အောက်မှာ မြန်မာနှင့် အိန္ဒိယနိုင်ငံတို့က လူမှုဘဝ၊ အ တွေးအခေါ်ဘဝဆိုသည့် ဆောင်း ပါးများဖြစ်သည်။ ထိုဆောင်းပါး များရေးသည့်အချိန်တုန်းက မြန် မာပြည်သည် စစ်အစိုးရ လက် အောက်ရောက်ခဲ့သည်မှာ နှစ် ပေါင်းများစွာရှိနေသည့် အချိန် ဖြစ်၏။

ဆောင်းပါးနှစ်ပုဒ်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန် မာလူမှုအသိုင်းအဝန်းအပေါ် သူ ၏နားလည်သဘောပေါက်မှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ မြန်မာပြည်မှာ အမျိုးသားရေးဝါဒ ဆိုသည် မြန်မာဗုဒ္ဓဘာသာဝင်များ ၏ အလေးထားသည့်အရာများကို မေးမြန်းစိစစ်မှုမရှိဘဲ ခြွင်းချက်မ ရှိ ယုံကြည်သစ္စာစောင့်သိခြင်းဖြစ် ၏။ မျိုးချစ်စိတ်ဆိုသည်မှာ လူအ များစုလက်ခံကျင့်သုံးနေသည့် အ ယူအဆတစ်ခုဖြစ်ရုံသာမက လူ တိုင်းက မလိုက်နာလို့ မရသည့်အ ရာလည်းဖြစ်သည်။ သည်လို လူ အများက ခံယူထားသည့် မျိုးချစ် စိတ်ဓာတ်ကို မလိုက်နာလျှင် အ များက လက်ခံမှုနည်းပါးသည်။ တစ်ဦးချင်းစီ၏ အတွေးအခေါ် (သို့မဟုတ်) အောင်မြင်ကြိုးစားမှု၊ သဘာဝအကျိုးအကြောင်းအရ လွတ်လွတ်လပ်လပ်တွေးခေါ်မှု တို့က မြန်မာနိုင်ငံတွင် ဒုတိယနေ ရာမှာသာရှိသည်။

ထို့ပြင် မြန်မာ့မိရိုးဖလာ ဗုဒ္ဓ ဘာသာသင်ကြားရေးကလည်း အရဲစွန့်ကြိုးစားအားထုတ်ခွင့်ကို အားမပေးဘဲ ဗုဒ္ဓဘာသာကအလုံး စုံပြည့်စုံနေသည်ဆိုသောအမြင်ကိုသာ ခြွင်းချက်မရှိ လက်ခံဖို့သာ တိုက်တွန်းအားပေးသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ရေးသား ခဲ့သည်။ ထို့ကြောင့် မြန်မာပြည် မှာ ဘာသာရေးသည် သြဇာအရှိန် လွှမ်းမိုးမှုကြီးသည်။ သို့သော် ပြုပြင်ပြောင်းလဲ၍ မရသည့်စနစ် ကြီးကဲ့သို့ ဖြစ်လာခဲ့ပါသည်။

သည်အချက်သည် ဒေါ် အောင်ဆန်းစုကြည်၏ ကိုယ်ပိုင် အယူအဆကို ရေးသားခဲ့သလား ဟု မေးစရာရှိပါသည်။ သို့သော် မြန်မာနိုင်ငံ၏အတိတ်နှင့် ကွဲပြား ခြားနားသော ထင်မြင်ယူဆမှုများ ကို လက်မခံခွင့်မပြုသည့်သဘော ကို ပြန်ကြည့်ပါက သည်အတွေး အခေါ်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်က ရလာသည်ဆိုတာ တွက်ဆ နိုင်ပါသည်။

ထို့ကြောင့် သူ၏မိန့်ခွန်းနှင့် စာအတော်များများတွင် လူသိ များသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှု ဇာတ်နိပါတ်များမှ ကိုယ့်ကိုယ် ကိုယ်အားကိုးပြီး မဆုတ်မနစ်ကြိုး ပမ်းခဲ့သူများအကြောင်းကို ဒေါ် အောင်ဆန်းစုကြည်က ရည်ညွှန်း ကိုးကားပြောဆိုလေ့ရှိသည်။ သူ က လင်သေ၊ သားဆုံးမှုကြောင့်အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး ဘုရားရှင် ထံမှ ငြိမ်းချမ်းမှုရှာဖွေသူ ပဋာစာ ရီဆိုသည့် အမျိုးသမီးအကြောင်း ကိုလည်း ရေးသားခဲ့ပါသည်။ သည်ပုံပြင်သည် စာပေအတော်များများ တွင် တွေ့ရသည့် ဗုဒ္ဓဘာသာ ဇာတ်နိပါတ်ဟောင်းတစ်ခု ဖြစ် သည်။ မြန်မာဓလေ့ထုံးစံမှာ ပဋာစာရီကို ဘုရားခြေတော်ရင်းမှာ တရားရှာတွေ့သွားသူဟု ပြောဆို ကြသော်လည်း ဒေါ်အောင်ဆန်း စုကြည်က လူတစ်ဦးတစ်ယောက် ၏ မိမိကိုယ်ကိုယ် အောင်နိုင်ပြီး ကြိုးပမ်းအားထုတ်မှုကြောင့် ရ လာသော အောင်မြင်မှုဟုသာမြင် ပါသည်။ ထို့ကြောင့် သူ၏ခြားနား သောအမြင်က ဗုဒ္ဓဘုရားရှင်ကို အားကိုးခြင်းထက် ကိုယ့်ကိုယ် ကိုယ်သာ အားကိုးလုံ့လထုတ်မှ သာ တရားအေးငြိမ်းမှုရရှိခဲ့သည့် သဘောကို အထူးအလေးပေး ထားပါသည်။

မြတ်စွာဘုရား၏ ဖြစ်စဉ် ဇာတ်ကြီးဆယ်ဘွဲ့ဇာတ်တော် လာ မဟာဇနကဇာတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူညွှန်းဆိုခဲ့ပါသည်။ ဇန ကဇာတ်မှာ သူ၏တိုင်းပြည်ကိုပြန် ရယူရန်ရည်ရွယ်ချက်ဖြင့် သမုဒ္ဒ ရာကို ရွက်သင်္ဘောဖြင့် လာခဲ့ သော ဘုရားလောင်းမင်းသား လု လင်အကြောင်း ဖြစ်၏။ သူတို့ သင်္ဘော သမုဒ္ဒရာအလယ်၌ ခရီး နှင်နေစဉ် လေမုန်တိုင်းကြီးကျ ခဲ့၏။ သင်္ဘောနစ်သောအခါ သမုဒ္ဒရာရှိ ငါးလိပ်မကန်းတို့က သင်္ဘောသားတို့ကို စားသောက် ကြသဖြင့် သမုဒ္ဒရာရေပြင် သွေး ချင်းချင်းနီ၏။ မဟာဇနကမင်း သားက ရွက်တိုင်ထိပ်သို့တက်ကာ ငါးလိပ်မကန်းတို့ လက်ကနေ လွှတ်အောင် ဝေးရာကို အင်အား စိုက်ကာ ခုန်ချသည်။ ထို့ကြောင့် သည်အချက်သည် သူ့ကိုယ်သူ မဆုတ်မနစ်သော လုံ့လ၊ ခန္ဓာ ကိုယ်အင်အား၊ ဉာဏ်ပညာကို သာ အသုံးချခဲ့ခြင်း ဖြစ်သည်။ ထို့ ကြောင့် မဏိမေခလာနတ်သမီး ၏ကယ်ဆယ်ခံခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ဒေါ်အောင်ဆန်းစု ကြည်၏နာမည်ကြီးဆောင်းပါး တစ်ပုဒ်ဖြစ်သော အကြောက်တ ရားက လွတ်မြောက်ခြင်းမှာလည်း မြန်မာမင်းများနှင့်နိုင်ငံရေးခေါင်း ဆောင်များသည် နိဗ္ဗာန်ကို သူတို့ ၏အဆုံးစွန်သော နိုင်ငံရေးရည် ရွယ်ချက်အဖြစ် ထားကြပြီး လူ တွေကို နိဗ္ဗာန်သို့ တက်လှမ်းနိုင် အောင် ပို့ဆောင်ကူညီပေးနေသူ များအဖြစ် သူတို့ကိုယ်သူတို့ အမွှန်းတင်ကြသည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမြင် က သံသရာမှာ ကူးခတ်နေသူများ ကို တစ်ပါးသူကကူညီပြီးပို့ဆောင် ပေးနိုင်သည်ဆိုတာမရှိ။ နိဗ္ဗာန် ရောက်ဖို့ ကိုယ့်ဘာသာ ကြိုးပမ်း အားထုတ်မှုနှင့် သံသရာမှ အ ကျွတ်တရားရသူ ဖြစ်လိုသည့် ကိုယ့်အပေါ်မှာသာ တည်နေ သည်။ ဒီအချက်ကသာလျှင် ဗုဒ္ဓ ဘာသာဝင်များသည် သူတို့၏ ကိုယ်ပိုင်ပြုလုပ်လိုက်သော ကံအ တွက် ကိုယ့်တာဝန်ကိုယ်ယူရမည် ဟု တိုက်တွန်းထားသော တရား သည် ဗုဒ္ဓဘာသာ၏ အနှစ်သာရ ဖြစ်သည်ဟု ဆိုပါသည်။

သည်လိုပုဂ္ဂိုလ်မျိုးတွေက ဒေါ် အောင်ဆန်းစုကြည်၏ကိုယ်ပိုင်အတွေးအခေါ်ဖြစ်လာစေရန် ပံ့ပိုးသူများဖြစ်သည်။ သူတို့ကသီးခြား မဆန်ဘဲသူ၏လုံ့လစွမ်းအားကို သိမြင်ကာတိုင်းပြည်၏လူမှုရေးတွင် ပူးပေါင်းပါဝင်၏။နောက်ဆုံး သူ့ပတ်ဝန်းကျင်မှာသည်လို ပတ်ဝန်းကျင်အနေအထားမျိုးဖြစ် လာစေရန် ဆုံးဖြတ်လုပ်ကိုင်သူ ဖြစ်ပါသည်။ ဒီမိုကရေစီဆိုတာ အထက်အောက်စနစ်မဟုတ်။ အာဏာရှိသူကသာ ဆုံးဖြတ်ရ တာမဟုတ်။ အစိုးရက အရာရာ မောင်းနှင်အုပ်ချုပ်ရတာမဟုတ်ဘဲ လူတစ်ဦးချင်းစီ၏ တိုးတက်မှုနှင့် ထိန်းသိမ်း စောင့်ရှောက်မှုဖြင့် အင်အားမသုံး၊ ခြိမ်းခြောက်မှုများ ဆိုသော တည်ဆောက်မှုစနစ်တစ် ခုအဖြစ် ကွဲပြားခြားနားစွာမြင်လာ ရန် သည်လူတွေက ထိုဒေါ်အောင် ဆန်းစုကြည်ကို ကူညီလမ်းပြခဲ့ သည်။

ထိုအတွေးခေါ်များဖြင့် သူ ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က သည်နှစ်များအတွင်းမူဝါဒများ ကို ချမှတ်ခဲ့ပါသည်။ တကယ့် လက်တွေ့အထမြောက်အောင် လုပ်ဆောင်နိုင်ပါက ဒေါ်အောင် ဆန်းစုကြည်၏ အယူအဆများ လက်တွေ့ဖြစ်လာမည် ဖြစ်ပါ သည်။ ဥပမာ ပညာရေးစနစ်ပြု ပြင်ပြောင်းလဲရေးဆိုင်ရာ တစ်နိုင် ငံလုံးကွန်ရက်က ဆောင်ရွက်နေ သည့် အဆင့်မြင့်ပညာရေးမူဝါဒ မှာ ဗဟိုက ချုပ်ကိုင်သည့်မူဝါဒကို ဖယ်ရှားကာ မိမိဘာသာဗဟုသု တရှာမှီးစူးစမ်းမှုကို အခြေခံသည့် ကျွမ်းကျင်မှုများ အသုံးပြုနိုင်ပါသည်။

သို့မဟုတ် လူတွေကို ငွေ ကြေးဝန်ဆောင်မှုများ အလွယ်ရ အောင်ကူညီပေးနေသည့် NLD ၏ချေးငွေလုပ်ငန်း၊ သို့မဟုတ် ၂၀၁၂ က ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ဝင်ရောက်လာမှု ကြောင့် မြန်မာနိုင်ငံက ရတနာ ဓာတ်ငွေ့စီမံကိန်းမှာ လာရောက် မြှုပ်နှံခဲ့ကြသည့် တိုတယ်နှင့် ရှယ် ဗာရွန်ကုမ္ပဏီများကို လူစွမ်းအား မြှင့်တင်ပြီး အသုံးပြုနိုင်သည်။ ဒီ ကိစ္စအသီးသီးမှာ ဗဟိုက ကွပ်ကဲ လုပ်ကိုင်ရသည့် စနစ်ကို ပယ် ဖျက်ပြီး လူတစ်ဦးချင်းစီ၏ စွမ်း ပကားမြင့်မားလာစေရန် အောက် ခြေအဆင့်ကို ကျွမ်းကျင်မှုများ ပံ့ပိုးတည်ဆောက်ခြင်းကိုအလေး ပေးသွားရန်ဖြစ်ပါသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်က ယူလီဆီး(Ulysses)၏ ဇာတ်ကောင်ထက် ပြင်သစ်စာ ရေးဆရာ ဗစ်တာဟူးဂိုး၏ဇာတ် ကောင် ဂျင်ဗာလ်ဂျင်ကိုသာ အ ကြိုက်ဆုံးဖြစ်တာ ဘာကြောင့် လဲဆိုသည့် အစပိုင်းမှာ ကျွန်မ ပြောခဲ့သည့် မေးခွန်းကို ပြန် ကောက်ပါရစေ။ ဘာကြောင့် မကြောက်မရွံ့ လမ်းသစ်ရှာဖွေ သူ၊ တစ်ဦးချင်း၏အားထုတ်ကြိုး ပမ်းမှု စံနမူနာအများကြီးနှင့် ပြည့် စုံလှသူ ယူလီဆီးကို သူကသ ဘောမကျတာလဲ။ ယူလီဆီး၏ သက်ရွယ်အိုမင်းသူဇနီးသည်ကို တန်ဖိုးမထားမှုနှင့် တိုင်းပြည် အုပ်ချုပ်ရှေ့ဆက်ရမှာကို ညည်းညူပင်ပန်းမှုတို့ကို သူ့အတွက်သာ အောင်မြင်မှုရလာအောင် လုပ် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က မြင်ပါသည်။

ဆန့်ကျင်ဘက်အားဖြင့် ဗစ် တာဟူးဂိုး၏ဇာတ်ကောင်ဂျင်ဗာ လ်ဂျင်က သီးခြားစီဖြစ်သည်။ သူ က စွန့်စားတတ်သူ၊ သတ္တိရှိသူ၊ ကိုယ်ကျိုးစွန့်သူတစ်ယောက်ဖြစ် ၏။ အစ်မ၏သား၊ သူ၏တူလေး ကို ပေါင်မုန့်ခိုးကျွေးသည့်အတွက် ထောင်ချခံရသည်။ ထောင်မှ လွတ်လာသောအခါ တော်လှန် ဆန့်ကျင်မှုအနည်းငယ်ကျူးလွန် ရုံမျှဖြင့် ကျွန်အဖြစ် ပင်ပန်းဆင်းရဲ စွာ နေခဲ့ရ၏။ သို့သော် သူ၏လူ တွေအတွက် ကူညီဆောင်ရွက် ပေးချက်များကို မည်သည့်အရာ ကမှ တားဆီး၍မရ။ သူ့ကို ဥပဒေ ဖြင့် ချည်နှောင်ထိန်းသိမ်းထား လို့မရအောင် ဂျင်ဗာလ်ဂျင်က စိတ်ထားကြံ့ခိုင်အားကောင်း လွန်းလှ၏။

ယခုအချိန်လို မြန်မာနိုင်ငံက အရေးကြီးသည့် လမ်းဆုံလမ်းခွ သို့ ရောက်နေသည့်အချိန်မှာသည်အတွေးအခေါ်၊ အယူအဆများကို ဒေါ်အောင်ဆန်းစုကြည် အစိုးရ က ဘယ်လောက်များလက်တွေ့ အကောင်အထည်ဖော်နိုင်မလဲ ဆိုသည်ကို စောင့်ကြည်ရတော့ မည်ဖြစ်ပါသည်။

7Day News Journal

No comments:

Post a Comment

My Blog List